HOME

Tuesday, July 25, 2023

အစ္စရေးအာဏာပိုင်တွေဟာ တဲလ်အဗစ်မြို့ရဲ့ အဓိက အဝေးပြေးလမ်းမကြီးကို ဇူလိုင် ၂၅ ရက် အစောပိုင်းမှာ ပိတ်ဆို့လိုက်ပါတယ်။

 





အစ္စရေးအာဏာပိုင်တွေဟာ တဲလ်အဗစ်မြို့ရဲ့ အဓိက အဝေးပြေးလမ်းမကြီးကို ဇူလိုင် ၂၅ ရက် အစောပိုင်းမှာ ပိတ်ဆို့လိုက်ပါတယ်။

ရဲတပ်ဖွဲ့က ဆန္ဒပြလူအုပ်ကို ပြန်တွန်းလှန်ဖို့ မီးသတ်ပိုက်တွေ ရေအမြောက်တွေကို သုံးခဲ့ပြီး လူအများအပြားကို ရဲတွေက ဆွဲထုတ်ခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက တောင်းဆိုတဲ့ ပထမဆုံး တရားစီရင်ရေး ဥပဒေကြမ်းကို ဥပဒေပြုအမတ်တွေက အတည်ပြုပြီးနောက် ဇူလိုင် ၂၄ ရက်မှာ ဒေါသတကြီး အုံကြွဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

လပေါင်းများစွာ တိုင်းပြည်ကို နှောင့်ယှက်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းကို ဖြေလျှော့ဖို့ ပျက်ကွက်ခဲ့တဲ့ နောက်ဆုံးအပေးအယူ အလျှော့အတင်း ကြိုးပမ်းမှုတွေ အစောပိုင်းက ပြိုကျခဲ့တာပါ။

ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ နေ့အစောပိုင်းမှာ စတင်ခဲ့ပြီး ရဲတပ်ဖွဲ့က သံကြိုးဆွဲရင်း လွှတ်တော်အပြင်ဘက်က လမ်းတွေကို ပိတ်ဆို့ခဲ့ပါတယ်။

ညနေပိုင်းမှာ လူထောင်ပေါင်းများစွာဟာ နိုင်ငံတဝန်းက လမ်းတွေပေါ်ကို ထွက်လာခဲ့ကြပြီး အဝေးပြေးလမ်းတွေကို ပိတ်ဆို့ရင်း ရဲတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။

တနင်္လာနေ့မှာ လူ ၂၂ ဦးထက် မနည်းကို ဖမ်းဆီးခဲ့တယ်လို့ အစ္စရေးရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။

အစ္စရေးမှာ တရားရုံးချုပ်အာဏာကို ကန့်သတ်မှု ဆန္ဒပြနေကြ

 

နိုင်ငံတော်အလံခြုံပြီး ဆန္ဒပြကြ

ဓာတ်ပုံ ရင်းမြစ်,GETTY IMAGES

ဓာတ်ပုံ ပုံစာ,

နိုင်ငံတော်အလံခြုံပြီး ဆန္ဒပြကြ

အစ္စရေးနိုင်ငံမှာတော့ နိုင်ငံ့တရားရုံးချုပ်ရဲ့အခွင့်အာဏာကို ကန့်သတ်တဲ့အငြင်းပွားဖွယ်ဥပဒေကို လွှတ်တော်က အတည်ပြုလိုက်ပြီးတဲ့နောက် ညလုံးပေါက် ဆန္ဒပြပွဲတွေပေါ်လာပြီး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့တာတွေဖြစ်ထားပါတယ်။

နိုင်ငံ့ပြုပြင်ပြောင်းလဲရေးကြီးရဲ့ တစ်စိတ်တစ်ပိတ်အနေနဲ့ပြုလုပ်တဲ့ အခုအတည်ပြုချက်ကြောင့် အစိုးရလုပ်ဆောင်ချက်တွေဟာ ကျိုးကြောင်းဆီလျော်မှန်ကန်မှု မရှိဘူးဆိုတာမျိုး တရားရုံးချုပ်က တွေ့ရှိတဲ့အခါ အဲဒီတွေ့ရှိချက်အတိုင်း မဆုံးဖြတ်နိုင်အောင် တရားရုံးချုပ် အခွင့်အာဏာကို ဟန့်တားလိုက်တာဖြစ်ပါတယ်။

ဂျေရုစလင်နဲ့ တယ်လ်အဗီမြို့တွေမှာတော့ ရဲတပ်ဖွဲ့ဟာ အဝေးပြေးလမ်းမကြီးတွေကို ပိတ်ဆို့ဆန္ဒပြနေသူတွေကို ရေအမြောက်တွေသုံးပြီး လူစုခွဲခဲ့ပါတယ်။

အကဲခတ်တွေကတော့ လက်ရှိ လက်ယာယိမ်းအစိုးရရဲ့ပြုပြင်ပြောင်းလဲမှုတွေဟာ အစ္စရေးနိုင်ငံရဲ့ ဒီမိုကရေစီကို ခြိမ်းခြောက်နေစေတယ်လို့ ပြောပါတယ်။

လူထုက လမ်းပေါ်မှာ လနဲ့ချီဆန္ဒပြခဲ့တဲ့တရားရေးပြုပြင်ပြောင်းလဲမှုကို အစ္စရေးလွှတ်တော် (Knesset)က တနင်္လာနေ့မှာ အတည်ပြုခဲ့တာဟာ ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုရဲ့ အရေးပါတဲ့အောင်မြင်မှုတစ်ခုလည်း ဖြစ်လာပါတယ်။

ဒါပေမဲ့ ဒီအရေးကန့်ကွက်မှုဟာ မပြီးသေးဘဲ လနဲ့ချီပြီးကြာဦးမယ့်အခြေအနေပါ။

အစ္စရေးနိုင်ငံရေးစောင့်ကြည့်တဲ့အဖွဲ့တစ်ဖွဲ့နဲ့ အတိုက်အခံခေါင်းဆောင် ယဲလာပစ်တို့ဟာ အခုဥပဒေအသစ်ကို ပယ်ဖျက်ဖို့ တရားရုံးချုပ်ကို တိုင်ကြားရေး ပြင်နေပါတယ်။

Skip podcast promotion and continue reading

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါ့အပြင် အစ္စရေး Histadrut ကုန်သွယ်သမဂ္ဂကလည်း အထွေထွေသပိတ်ကြီးဆင်နွှဲမယ်လို့ ခြိမ်းခြောက်ထားသလို၊ လေတပ်တိုက်လေယာဥ်မှူးတွေအပါအဝင် စစ်ဘက်အရန်တပ်ဖွဲ့ဝင်တွေကလည်း အဲဒီဥပဒေကို ကျင့်သုံးမယ်ဆိုရင် တာဝန်ထမ်းဆောင်တဲ့အစီရင်ခံစာ မတင်တော့ဘူးဆိုပြီး ကတိပေးထားပါတယ်။

ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမဆို မြန်မြန်ဆန်ဆန်တုံ့ပြန်လေ့ရှိတဲ့အစ္စရေးလိုနိုင်ငံတစ်နိုင်ငံအတွက်တော့ လုံခြုံရေးပိုင်းဆိုင်ရာ စီမံရမှုဟာ တကယ့်သောကဖြစ်စရာ အကြောင်းဖန်လာနိုင်ပါတယ်။

မစ္စတာ နေတန်ညာဟုကတော့ နိုင်ငံသားအများစုရဲ့ ဆုံးဖြတ်ချက်နဲ့ဆိုင်တဲ့မူဝါဒတွေကို အစိုးရအနေနဲ့ချမှတ်နိုင်ဖို့ အခုဥပဒေလိုအပ်တယ်လို့ ခုခံပြောဆိုနေပါတယ်။

ဒါပေမဲ့ နိုဝင်ဘာလ မတိုင်ခင်မှာ ဘက်စုံလွှမ်းခြုံတဲ့သဘောတူညီချက်ရနိုင်ဖို့ အတိုက်အခံတွေဘက်နဲ့ ဆွေးနွေးတာတွေပြန်စတင်ဖို့ ဆန္ဒရှိတဲ့အကြောင်း သူကပြောပါတယ်။

ဆက်လုပ်ဖို့ရှိတဲ့ပြုပြင်ပြောင်းလဲရေးအစီအစဥ်တွေဟာ အစ္စရေးသမိုင်းမှာ အကြီးများဆုံးဆန္ဒပြတွေထဲက တစ်ခုကို ပေါ်ပေါက်နေစေပါတယ်။ တနင်္လာနေ့တုန်းကဆိုရင် လူပေါင်း ၂၂ ဦးထက်မနည်းကို ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အတိုက်အခံတွေကတော့ ဥပဒေရေးရာပြုပြင်ပြောင်းလဲမှုတွေဟာ နိုင်ငံ့ဒီမိုကရေစီစနစ်ကို လျော့ပါးလာစေပြီး အာဏာရှင်စနစ်ကြီးစိုးတဲ့နယ်မြေဖြစ်လာအောင် ဦးတည်လာနေစေတယ်ဆိုတဲ့စိုးရိမ်ချက် ရှိနေတာပါ။

ဝန်ကြီးချုပ် နေတန်ညာဟုနဲ့ မဟာမိတ်ဖြစ်တဲ့ အမျိုးသားရေးဝါဒီတွေနဲ့ ဂျူးဘာသာရေးအစွန်းရောက်ပါတီတွေဟာ အာဏာအသုံးပြုမှုကို ထိန်းကျောင်းမခံရဘဲ မူဝါဒတွေပုံဖော်လာနိုင်မှာကိုလည်း စိုးရိမ်နေပါတယ်။

ဒါပေမဲ့ အစိုးရဘက်ကတော့ နိုင်ငံရေးဆုံးဖြတ်ချက်တွေကို တရားရုံးတွေက ထဲထဲဝင်ဝင်ပါနေတယ်လို့ ယူဆခံရတဲ့အာဏာမညီမျှမှုကို ပြုပြင်ဖို့ အခုလို ဥပေဒပြုပြင်ပြောင်းလဲမှုတွေလိုအပ်တယ်လို့ ချေပပြောဆိုပါတယ်။

''ကျိုးကြောင်းဆီလျော်မှု''လို့ခေါ်တဲ့ ဒီဥပဒေမူကြမ်းကို နောက်ဆုံးအကြိမ်မဲပေးတဲ့အခါ အတိုက်အခံတွေက သပိတ်မှောက်ကြလို့ ထောက်ခံမဲ ၆၄ မဲ၊ ကန့်ကွက်သူမရှိနဲ့ လွှတ်တော်က အတည်ပြုခဲ့တာဖြစ်ပါတယ်။

အစ္စရေးနိုင်ငံရဲ့မဟာမိတ်ဖြစ်တဲ့ အမေရိကန်အစိုးရ သမ္မတ အိမ်တော် အိမ်ဖြူတော်ကတော့ ဒီဥပဒေအတည်ပြုတာဟာ ကံအကြောင်းအကြောင်းမလှဖြစ်ရပ်လို့ သုံးနှုန်းပါတယ်။

အခုမဲပေးမှုဟာ နိုင်ငံအတွင်း လနဲ့ချီ မတည်မငြိမ်ဖြစ်မှုကို ဆောင်ကျဥ်းလာနိုင်တာကြောင့် အစ္စရေးသမ္မတကတော့ နိုင်ငံဟာ နိုင်ငံတော်အဆင့်အရေးပေါ်အခြေအနေရောက်နေခဲ့ပြီလို့ တနင်္လာနေ့မှာပဲ နိုင်ငံရေးခေါင်းဆောင်တွေကို ပြောထားပါတယ်။

လွှတ်တော်ရှေ့မှာ တနင်္လာနေ့တုန်းက ပြုလုပ်တဲ့ဆန္ဒပြမှုမှာတော့ ဆန္ဒဖော်ထုတ်သူတွေဟာ ခရာတွေ တွတ်၊ ဗုံတွေ၊ နှဲတွေတီးမှုတ်ပြီး ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြသူတွေကို တယ်လ်အဗီမြို့က အယာလွန်အဝေးပြေးလမ်းမကြီးပေါ်က ဆင်းအောင်လုပ်နေ

ဓာတ်ပုံ ရင်းမြစ်,REUTERS

ဓာတ်ပုံ ပုံစာ,

ဆန္ဒပြသူတွေကို တယ်လ်အဗီမြို့က အယာလွန်အဝေးပြေးလမ်းမကြီးပေါ်က ဆင်းအောင်လုပ်နေ

လမ်းပေါ်မှာ လဲလျောင်းဆန္ဒပြနေသူတစ်ဦးကတော့ သူ့အဖိုးဟာ စစ်ပွဲကာလ နာဇီတွေကို တော်လှန်မှုမှာ ဆက်သွယ်ရေးလျှို့ဝှက်ကြေးနန်း ဝှက်စာဖော်သူတစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာကို ပြောရင်း ဒီနေ့ကာလ အစ္စရေးမှာ အာဏာရှင်စနစ်ကို တွန်းလှန်ဖို့ ဆန္ဒပြပွဲမှာ ပါဝင်တာလို့ ဘီဘီစီကို ပြောပါတယ်။

ဘယ်အချိန်အထိ ဆန္ဒပြပွဲတွေမှာ ပါဝင်မလဲဆိုတဲ့မေးခွန်းကိုတော့ ''ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူး''လို့ တုံ့ပြန်ဖြေကြားပါတယ်။

Reut Yifat Uziel
ဓာတ်ပုံ ပုံစာ,

Reut Yifat Uziel ကတော့ သူ့ရင်သွေးတွေအနာဂတ်ကို စိုးရိမ်မိတယ်လို့ပြောပါတယ်

၁၉၇၆ အရှေ့အလယ်ပိုင်း စစ်ပွဲတုန်းက ရိုက်ကူးထားတဲ့ နာမည်ကျော် လေထီးခုန်သမားဓာတ်ပုံထဲမှာပါဝင်တဲ့ လေထီးသမားရဲ့သမီးဖြစ်သူ Reut Yifat Uziel ကတော့ သူ့ကလေးတွေရဲ့အနာဂတ်ကို စိုးရိမ်တယ်လို့ ပြောပါတယ်။

''နေတန်ညာဟုဟာ နိုင်ငံကို ပြန်ပေးဆွဲထားတာ၊ လူတစ်ယောက်ကို ဘုရားတစ်ဆူလိုကိုးကွယ်တဲ့နိုင်ငံဖြစ်လာမှာကို ကျွန်မ စိုးရိမ်မိတယ်''လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းမှာ ထောင်နဲ့ချီတဲ့ဆန္ဒပြသူတွေဟာ တယ်လ်ဗီကနေ ဂျေရုစလင်ကို ၄၅ မိုင်လောက် ချီတက်ဆန္ဒပြခဲ့ကြပြီး တရားရုံးချုပ်နဲ့ လွှတ်တော်ကြားက ပန်းခြံတစ်ခုထဲမှာ စခန်းချပြီး သပိတ်ဆင်နွှဲနေပါတယ်။

မစ္စတာနေတန်ညာဟုကတော့ စနေနေ့တုန်းက နှလုံးစက်တပ်ဖို့ ကုသမှုခံယူခဲ့ပြီးတဲ့နောက် ဆေးရုံကဆင်းပြီး နာရီပိုင်းအကြာမှာပဲ မဲပေးမှုအတွက် လွှတ်တော်ဆီသွားခဲ့ပါတယ်။

အငြင်းပွားဖွယ်ရာပြုပြင်ပြောင်းလဲမှုတွေဟာ အစ္စရေးကို ဘက်တွေကွဲသွားစေပြီး နိုင်ငံ့သမိုင်းမှာ အကြီးမားဆုံးပြည်တွင်းအကျပ်အတည်းကို ဖြစ်ပေါ်နေစေပါတယ်။

အစ္စရေးနိုင်ငံသားတွေကတော့ နိုင်ငံ့ဒီမိုကရေစီကို တိုက်ခိုက်မှုလို့ ရည်ညွန်းပြောဆိုပြီး အခုပြုပြင်ပြောင်းလဲမှုကို ဒီနှစ်အစောပိုင်းကစလို့ သီတင်းပတ်တိုင်းမှာ လမ်းပေါ်တက် ဆန္ဒပြနေကြပါတယ်။

အစ္စရေးလုံခြုံရေးဆိုင်ရာအရာရှိကြီးဟောင်းတွေ၊ တရားသူကြီးချုပ်ဟောင်းတွေ၊ ထင်ရှားတဲ့တရားရေးနဲ့စီးပွားရေးနာမည်ကျော်တွေကလည်း အစိုးရရဲ့ ပြုပြင်ပြောင်းရေးကို ပွင့်ပွင့်လင်းလင်းဝေဖန်နေပါတယ်။