HOME

Sunday, December 1, 2024

အီရန်ကိစ္စ အမေရိကန်သမ္မတနှင့် အစ္စရေးဝန်ကြီးချုပ်တို့ ဖုန်းဆက်ဆွေးနွေးခဲ့ပြီးနောက် အစ္စရေးကာကွယ်ရေးဝန်ကြီးက အီရန်ကို ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဟု ပြောကြား

 



အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုတို့သည် အီရန်နှင့်တင်းမာမှုများကြားထဲ အောက်တိုဘာ ရက်တွင် ဖုန်းဆက်ဆွေးနွေးခဲ့ပြီးနောက် အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဂါးလန့်က အီရန်ကို အစ္စရေး၏တိုက်ခိုက်မှုသည် ပြင်းထန်မည်၊ တိကျမည်၊ အံ့အားသင့်စရာကောင်းမည်ဟု ပြောကြားခဲ့သည်။

 မိနစ် ၃၀ ကြာ ဖုန်းစကားပြောမှုသည် သြဂုတ်လနောက်ပိုင်း ဘိုင်ဒင်နှင့်နေတန်ယာဟုတို့ ပထမဆုံး ဖုန်းဆက်စကားပြောမှုဖြစ်ပြီး အီရန်နှင့်အစ္စရေး ပဋိပက္ခ၊ အီရန် ကျောထောက်နောက်ခံပေးထားသော ဟစ် ဇဘိုလာနှင့်အစ္စရေးတို့ ပြင်းထန်သောပဋိပက္ခမြင့်တက်မှုတို့ဖြစ်ပေါ်နေချိန်တွင် ၎င်းတို့နှစ်ဦး ဖုန်းဆက်ဆွေးနွေးခြင်းဖြစ်သည်။

 ဖုန်းဆက်စကားပြောမှုသည် ပွင့်ပွင့်လင်းလင်းရှိပြီး အကျိုးဖြစ်ထွန်းသည်ဟု အိမ်ဖြူတော်ပြန်ကြားရေးအရာရှိ ကာရင်းဂျင်းပီယာက သတင်းထောက်များကို ပြောကြားခဲ့သည်။ သို့ရာတွင် ခေါင်းဆောင်နှစ်ဦးသည် သဘောမတူသည့်ကိစ္စများလည်းရှိခဲ့ပြီး ထိုကိစ္စများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။

 လက်ဘနွန်ကို အစ္စရေး၏စစ်ရေးတုံ့ပြန်မှုအား လက်စားချေသည့်အနေဖြင့် အီရန်က အောက်တိုဘာ ရက်တွင် အစ္စရေးကို ဒုံးကျည်အတွဲလိုက်ပစ်ကာ တိုက်ခိုက်ခဲ့ခြင်းအား အစ္စရေးလက်တုံ့ပြန်မည့်အနေအထား ကြောင့် အရှေ့အလယ်ပိုင်းသည် ခြေမကိုင်မိလက်မကိုင်မိ အနေအထားဖြစ်နေသည်။ အီ ရန်၏တိုက်ခိုက်မှုကြောင့် အစ္စရေးတွင် တစ်ဦး သေဆုံးခဲ့သည်။အောက်တိုဘာ ရက် အီရန်တိုက်ခိုက်မှုသည် အောင်မြင်မှုမရဟု အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

ကျွန်တော်တို့ကို ဘယ်သူက တိုက်ခိုက်သည်ဖြစ်စေ တိုက်ခိုက်သူဟာ နာကျင်ရပါလိမ့်မယ်။ တန်ရာတန်ဖိုး ပေးဆပ်ရပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့တိုက်ခိုက်မှုဟာ ပြင်းထန်ပါလိမ့်မယ်။ တိကျပါလိမ့်မယ်။ ကုန်ကုန် ပြောရရင် အံ့အားသင့်စရာကောင်းပါလိမ့်မယ်။ ဘာဖြစ်ပျက်သွားခဲ့တာ၊ ဘယ်လိုဖြစ် ပျက်သွားတာလဲဆိုတာကို သူတို့က နားမလည်ပါဘူး။ သူတို့ဟာ ရလဒ်တွေကို မြင်ရပါလိမ့်မယ်ဟု ဂျိုးဘိုင်ဒင်နှင့်နေတန်ယာဟုတို့ ဖုန်းစကားပြောခဲ့ပြီးနောက် ထုတ်ပြန်သော ဗီဒီယိုတွင် ဂါးလန့်က ပြောကြားထားသည်။

ရန်သူတော် အီရန်သည် ဒုံးကျည်တိုက်ခိုက်မှုအတွက် ပေးဆပ်ရလိမ့်မည်ဟု နေတန်ယာဟုက ပြောကြားထားသည်။ အစ္စရေး၏လက်စားချေမှုမှန်သမျှသည် ကြီးမားသော ပျက်စီးမှုတို့နှင့်ကြုံတွေ့သွားရ လိမ့်မည်ဟု အီရန်ကလည်း သတိပေးထားသည်။   အီရန်မှာရှိတဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်မှုမှန်သမျှဟာ အင်အားပိုလို့တောင်ကြီးမားတဲ့ တုံ့ပြန်မှုကိုဖြစ်ပေါ်စေပါလိမ့်မယ်ဟု နိုင်ငံခြားရေးဝန်ကြီး အဘက်စ်အာရပ်ဂျ်ချီ၏ပြောစကားကို အီရန် အစိုးရပိုင်မီဒီယာက ကိုးကားဖော်ပြခဲ့သည်။

အီရန်က အစ္စရေးကို ဒုံးကျည်အတွဲ လိုက်ပစ်ခတ်ကာ တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးဘက်က လက် တုံ့ပြန်သည့်အခါ အီရန်၏ရေနံချက်စက်ရုံများသို့မဟုတ် နျူကလီးယားနေရာများကို တိုက်ခိုက်လာနိုင်သည့်အလားအလာကို  အောက်တိုဘာ ရက်တွင် အီရန်က သတိပေးခဲ့သည်။   


အစ္စရေး လေကြောင်းတိုက်ခိုက်မှု WCK ပရဟိတ ဝန်ထမ်းတချို့ သေဆုံး





 ဂါဇာကမ်းမြောင်ဒေသမှာ စနေနေ့က ကားတစီးကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာမှာ ပရဟိတအဖွဲ့ World Central Kitchen (WCK) က ဝန်ထမ်းတွေ အပါအဝင် လူ ၅ ဦး သေဆုံးခဲ့ပါတယ်။ ဂါဇာစစ်ပွဲ ဖြစ်အောင် စခဲ့တဲ့ ဟာမတ်စ်တွေရဲ့ တိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ WCK ဝန်ထမ်းတဦးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ အစ္စရေး စစ်တပ်က ပြောဆိုခဲ့ပြီးတဲ့နောက် ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေ ချက်ချင်း သိရဖို့ လုပ်နေတယ်လို့ WCK ပရဟိတ အဖွဲ့က ပြောပါတယ်။

ဒီအဖွဲ့ဟာ စစ်ပွဲတွေနဲ့ လူသားဘေးဒုက္ခ အကျပ်အတည်းတွေ ဆိုးဆိုးရွားရွား ကြုံနေရတဲ့ ဂါဇာဒေသအတွက် စားနပ်ရိက္ခာ အကူအညီတွေ ပေးနေတဲ့ ပရဟိတအဖွဲ့ ဖြစ်ပါတယ်။ စနေနေ့ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသူတွေ အတွက် ဝမ်းနည်းကြေကွဲရကြောင်းနဲ့ အစ္စရေးက ပြောသလို တိုက်ခိုက်ခံရတဲ့ ကားထဲမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် ဟာမတ်စ် တိုက်ခိုက်မှုနဲ့ ပတ်သက် ဆက်နွယ်နေသူ တယောက်မှ ရှိမနေဘူးလို့လည်း WCK အဖွဲ့က ပြောပါတယ်။ အချက်အလက် ပြည့်ပြည့်စုံစုံရဖို့ ကြိုးစားနေပြီး ဂါဇာမှာ အကူအညီပေးရေး လုပ်ငန်းတွေ လတ်တလော ရပ်ထားလိုက်တယ်လို့လည်း ပြောပါတယ်။

ဒီနှစ် အစောပိုင်း တုန်းကလည်း အလားတူ လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့တာမျိုး ရှိခဲ့ပါသေးတယ်။ အဲ့ဒီတုန်းကလည်း အစ္စရေးလေကြောင်း တိုက်ခိုက်မှုကြောင့် နိုင်ငံခြားသား ဝန်ထမ်း အများစု အပါအဝင် WCK ဝန်ထမ်း ၇ ဦး သေဆုံးခဲ့ရတာပါ။ အစ္စရေးစစ်တပ် ကတော့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်သူတွေဟာ WCK ဝန်ထမ်းတွေနဲ့အတူ လက်တွဲ လုပ်ခဲ့တာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့လည်း WCK တာဝန်ရှိသူတွေရော၊ နိုင်ငံတကာ အသိုင်းအဝိုင်းက အကြီးတန်း တာဝန်ရှိသူတွေကိုပါ ရှင်းလင်းချက်ပေးဖို့ တောင်းဆိုခဲ့တဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

Monday, November 18, 2024

ဟားမတ်စ်ခေါင်းဆောင် ယာယာဆင်ဝါ ဘယ်လို သေဆုံးခဲ့သလဲ?

 






ဟားမတ်စ်ရဲ့ ခေါင်းဆောင် ယာယာ ဆင်ဝါ သေဆုံးခဲ့ပေမဲ့ ဒါက စစ်ပွဲရဲ့ အဆုံးသတ် မဟုတ်သေးဘူး လို့ ပြောဆို သုံးသပ်နေကြပါတယ်။ဓာတ်ပုံ ရင်းမြစ်

ဓာတ်ပုံ ပုံစာ,ဟားမတ်စ် ခေါင်းဆောင် ယာယာ ဆင်ဝါ သေဆုံးခဲ့ပေမဲ့ ဒါက စစ်ပွဲရဲ့ အဆုံးသတ် မဟုတ်သေးဘူး လို့ ပြောဆို သုံးသပ်နေကြပါတယ်။သမိုင်းတစ်လျှောက် အစ္စရေးကို အကြီးမားဆုံး ထိခိုက်နစ်နာမှု ဖြစ်စေခဲ့တဲ့ ဟားမတ်စ်ရဲ့ ခေါင်းဆောင် ယာယာ ဆင်ဝါ သေဆုံးခဲ့ပေမဲ့ ဒါက စစ်ပွဲရဲ့ အဆုံးသတ် မဟုတ်သေးဘူး လို့ အစ္စရေး၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောပါတယ်။

 

ယာယာဆင်ဝါကို အခုလို သတ်ဖြတ်နိုင်ခဲ့တာဟာ ထောက်လှမ်းရေးသတင်းအချက်အလက်တွေရလို့ အသေအချာစီစဉ်ထားတဲ့ အထူးစစ်ဆင်ရေးလုပ်ပြီး သတ်ဖြတ်နိုင်ခဲ့တာမဟုတ်ဘဲ ဂါဇာတောင်ပိုင်းက ရာဖာမှာ အစ္စရေးတပ်တွေနဲ့ မတော်တဆဆုံမိစဉ်အတွင်း အသတ်ခံခဲ့ရတာဖြစ်ပါတယ်။

 

ကင်းလှည့်နေတဲ့ အစ္စရေးတပ်ဖွဲ့တစ်ခုက ပါလက်စတိုင်းလက်နက်ကိုင် သုံးယောက်ကို လှမ်းတွေ့လို့ ပစ်ခတ်စဥ်မှာ လူတစ်ယောက်က အဆောက်အဦတစ်ခုထဲကို ပြေးဝင်သွားခဲ့တာကို တွေ့ခဲ့ရပါတယ်။

 

အစ္စရေးစစ်တပ်က နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ ရုပ်သံအရ ဗုံးကျည်တွေ ထိမှန်ပျက်စီးနေတဲ့ အဆောက်အဦပျက်ထဲကို ဒရုန်းနဲ့ဝင်ရောက်ထောက်လှမ်းခဲ့စဉ်မှာ ထိုင်ခုံမှာ ဒဏ်ရာရပြီးထိုင်နေတဲ့ ဆင်ဝါကို တွေ့ခဲ့ရပါတယ်။

 

တုတ်တစ်ချောင်းကို ကိုင်ထားတဲ့ ဆင်ဝါဟာ ဒရုန်းကို တုတ်နဲ့လှမ်းပစ်လိုက်ပါသေးတယ်။အဲဒီနောက်မှာတော့ အစ္စရေးတပ်က အဲဒီအဆောက်အဦကို တင့်ကားကနေ ပစ်ခတ်ခဲ့ပါတယ်။ အဲဒီနောက် အဆောက်အဦထဲ ဝင်ရှာချိန်မှာ အပျက်အစီးပုံထဲမှာ တိုက်ခိုက်ရေးဝတ်စုံ ၀တ်ဆင်ထားတဲ့အသက် ၆၁ နှစ်အရွယ် ဆင်ဝါရဲ့ ရုပ်အလောင်းကို ရခဲ့တာဖြစ်ပါတယ်။

 

ချက်ချင်းတော့ အစ္စရေးတပ်တွေက သေဆုံးသူဟာ ဆင်ဝါမှန်းမသိခဲ့ကြပါဘူး။ ရုပ်ကတော့ တူနေတယ်လို့ သတိပြုမိတာကြောင့် စစ်ဆေးအတည်ပြုဖို့ ဆက်လုပ်ခဲ့ကြပါတယ်။ဆင်ဝါကို အစ္စရေးက တောက်လျှောက်နောက်ယောင်ခံလိုက်နေခဲ့ပေမဲ့ အတိအကျသတင်းမရဘဲ နှစ်ချီကြာနေခဲ့ပါပြီ။

 

သူက မြေအောင်လိုဏ်ခေါင်းတွေမှာ တစ်နေရာကတစ်နေရာကို အမြဲရွှေ့နေခဲ့ပြီး သူ့အနားမှာလည်း သက်တော်စောင့်တွေ အများကြီးရှိနေတတ်ပါတယ်။

 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အစ္စရေးကို ဝင်တိုက်ပြီး ဖမ်းဆီးသွားတဲ့ ဓားစာခံတွေကိုလည်း သူ့အနားမှာ လူသားဒိုင်းအဖြစ်ခေါ်ထားလေ့ရှိတယ်လို့ အစ္စရေးထောက်လှမ်းရေးက သိထားတဲ့အတွက် အခုလို လက်နက်ကိုင် သုံးယောက်ထဲ သီးသန့်တွေ့ခဲ့ရချိန်မှာ တစ်ယောက်က ဆင်ဝါလို့ သူတို့ထင်မထားခဲ့ကြတာ ဖြစ်ပါတယ်။

 

အဆောက်အဦပျက်ထဲက ယာယာဆင်ဝါရဲ့ ရုပ်အလောင်းက ချက်ချင်းထုတ်ယူဖို့မလွယ်ခဲ့တဲ့အချိန်မှာ လက်တချောင်းကိုဖြတ်ကာ အစ္စရေးကို ပို့ဆောင်ကာ လက်ဗွေစစ်ဆေးပြုလုပ်အတည်ပြုခဲ့ပါတယ်။

 

ဆင်ဝါ အစ္စရေးမှာ ထောင်ကျခဲ့စဉ်အတွင်း သူ့ရဲ့သွားမှတ်တမ်းနဲ့ DNA မျိုးဗီဇနမူနာတွေကို ရယူခဲ့တာမို့ အဆောက်အအုံပျက်ထဲက ရုပ်အလောင်းဟာ ဆင်ဝါ ဟုတ်မဟုတ်ကို စစ်ဆေးနိုင်ခဲ့တာဖြစ်ပါတယ်။

 

သူဟာ အစ္စရေးနဲ့ ပူးပေါင်းခဲ့တယ်ဆိုတဲ့ ပါလက်စတိုင်းသတင်းပေးလေးဦးကို သတ်ဖြတ်မှုနဲ့ ထောင် ၂၂ နှစ် ကျခံခဲ့ရပေမဲ့ ဟားမတ်စ်တွေဖမ်းထားတဲ့ အစ္စရေးစစ်သည်တစ်ဦးဖြစ်တဲ့ ဂီလတ် ရှာလစ်နဲ့ ပါလက်စတိုင်းအကျဉ်းသား ၁၀၀၀ ကျော် လဲလှယ်ရေးအစီအစဉ်မှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

 

မနှစ်က အောက်တိုဘာလ ရက်မှာ အစ္စရေးကို ဟားမတ်စ်အဖွဲ့က တိုက်ခိုက်မှုမှာ ယာယာဆင်ဝါက အဓိက ဦးဆောင်စီစဥ်သူလို့ အစ္စရေးကဆိုပြီး သူ့ကို မတွေ့တွေ့အောာင်ရှာဖွေရှင်းလင်းမယ်လို့ ကြုံးဝါးထားခဲ့ပါတယ်။

 

ဒါ့အပြင် သူ့ကို ဖမ်းနိုင်အောင် သတင်းပေးနိုင်တဲ့သူကိုလည်း ဒေါ်လာ သိန်း ပေးမယ်လို့ အစ္စရေး စစ်တပ်က ဆုကြေးထုတ်ခဲ့ပါတယ်။

 

အခု ယာယာဆင်ဝါ သေဆုံးခဲ့ပေမဲ့ စစ်ပွဲက အစ္စရေးတွေ သတ်ဖြတ်ခဲ့တဲ့ ယာယာ ဆင်ဝါ၊ အစ္စမေးလ်ဟာနီယာတို့လို ခေါင်းဆောင်တစ်ဦးတစ်ယောက်အပေါ် မှီခိုနေတာမဟုတ်ဘူး လို့ ပါလက်စတိုင်းလူမျိုး ဒေါက်တာ ရာမဒန် ဖာရစ်က ပြောပါတယ်။

 

‘’ဒါဟာ ပါလက်စတိုင်းသားတွေကို အမြစ်ပြတ်သုတ်သင်တဲ့ စစ်ပွဲပါ၊ ဆင်ဝါ ဒါမှမဟုတ် လူတစ်ဦးဦးထက် ပိုမိုကြီးမားပါတယ်’’ လို့ သူက ပြောပါတယ်။

 

ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာ လုပ်ကြံခံရပြီးတဲ့နောက် ယာယာ ဆင်ဝါ ကို ဟားမတ်စ်ရဲ့ နိုင်ငံရေး စစ်ရေး ခေါင်းဆောင်သစ်အဖြစ် ပြီးခဲ့တဲ့ လပိုင်းကမှ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

 

အခုတော့ တစ်နှစ်အတွင်းမှာပဲ အစ္စရေးလက်ချက်နဲ့ ဟားမတ်စ်ခေါင်းဆောင် ဦးဆက်တိုက် သေဆုံးခဲ့တာပါ။

 

ယာယာ ဆင်ဝါ ဟားမတ်စ်ခေါင်းဆောင်ဖြစ်လာတာ ဘယ်လိုအဓိပ္ပာယ်ဆောင်လဲ

အရှေ့အလယ်ပိုင်း ဒေသကြီးတစ်ခုလုံး စစ်ပွဲ ဖြစ်လာမလား