HOME

Friday, June 20, 2025

အစ္စရေး-အီရန် ပဋိပက္ခ




 တီဟီရန်က နေရာတခု တိုက်ခိုက်ခံရမှု

အီရန်နဲ့ အစ္စရေးတို့ ကြား အပြန်အလှန်တိုက်ခိုက်မှုတွေက ဆက်ရှိနေပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ "ကျွန်တော်တို့ပါဝင်နိုင်သလို၊ မပါဝင်နိုင်တာလည်း ဖြစ်နိုင်တယ်" လို့ လက်ရှိတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်ပါဝင်မလားဆိုတဲ့ မေးခွန်းကို ပြန်ဖြေထားပါတယ်။

အီရန်နဲ့ အစ္စရေးတို့ ကြား ဘာတွေဖြစ်နေလဲ ဆိုတာနဲ့ တကယ်လို့ စစ်ပွဲကအရှိန်မြှင့်လာရင် ဘာတွေဖြစ်လာနိုင်လဲဆိုတဲ့ မေးခွန်းတွေကို ဘီဘီစီက ကျွမ်းကျင်သူတွေနဲ့ သတင်းထောက်တွေကဖြေကြားထားပါတယ်။

ဘာကြောင့် အစ္စရေးက အီရန်ကို ဗုံးကြဲရတာလဲ

လက်ရှိဖြစ်နေတဲ့ အခင်းအကျင်းအရဆိုရင် အစ္စရေးမှာ တခြားရွေးချယ်စရာအခြေအနေမရှိတဲ့ ပုံစံကိုမြင်ရပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းက အီရန်က သူ့ရဲ့ နျူကလီးယားစီမံကိန်းနဲ့ လက်နက်တွေကို အင်အားတိုးတည်ဆောက်ဖို့ အရှိန်မြှင့်ခဲ့တယ်လို့ အစ္စရေးက ယုံကြည်နေပါတယ်။

အီရန်ရဲ့ နျူကလီးယားအစီအစဥ်ကို ထိန်းချုပ်နိုင်တဲ့ ဆွေးနွေးမှုမျိုး ရှိမနေခြင်းကြောင့်လည်း အခုလိုတိုက်ခိုက်မှုကို တဖန်ရွေးချယ်ခဲ့ရတာမျိုးလို့ တုံ့ပြန်ထားပါတယ်။

နျူကလီးယားလက်နက်ကို ပိုင်ဆိုင်ပြီဆိုရင် အဲဒါကိုသုံးပြီး အစ္စရေးကိုဖျက်ဆီးမယ်ဆိုတဲ့ သန္နိဋ္ဌာန်ချထားတာကြောင့် အီရန်ဟာ အစ္စရေးရဲ့ အသက်ရှင်ရပ်တည်မှုကိုခြိမ်းခြောက်နေတယ်လို့ အစ္စရေးကရှု မြင်ထားတာပါ။

Sunday, January 12, 2025

ထရမ့်ရဲ့အထူးသံ Witkoff ဂါဇာငြိမ်းချမ်းရေးကြိုးပမ်း

 



အီဂျစ်နဲ့ ကာတာက စေ့စပ်ပေးနေသူတွေဟာ မကြာမီ စစ်ပွဲအဆုံးသတ်နိုင်ဖို့အတွက် အမေရိကန်အနေနဲ့ တရားမျှတတဲ့ သဘောတူညီချက်ရဖို့ ဆက်လက် လုပ်ဆောင်မယ့် အာမခံချက်ကို Witkoff ဆီကနေ ရရှိထားတယ်လို့ အီဂျစ်လုံခြုံရေး သတင်းရင်းမြစ်တွေက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

ဂါဇာကမ်းမြောင်မှာ အပစ်ရပ်ရေး သဘောတူညီချက် တရပ်ရဖို့ ကြိုးစားနေချိန်မှာပဲ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန် Steve Witkoff ဟာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) နဲ့ စနေနေ့မှာ တွေ့ဆုံခဲ့ကြောင်း နေတန်ယာဟုရုံးက သတင်းထုတ်ပြန်ပါတယ်။

ထရမ့်ရဲ့ အထူးသံတမန် Witkoff ဟာ သောကြာနေ့ကလည်း ဒိုဟာကို သွားပြီး ကာတာဝန်ကြီးချုပ် ရှိတ်မိုဟာမက် အဗ္ဗဒူရာမန် အယ်လ် သန်နီ (Sheikh Mohammed bin Abdulrahman Al Thani) နဲ့ တွေ့ဆုံခဲ့ကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အီဂျစ်နဲ့ ကာတာက စေ့စပ်ပေးနေသူတွေဟာ မကြာမီ စစ်ပွဲအဆုံးသတ်နိုင်ဖို့အတွက် အမေရိကန်အနေနဲ့ တရားမျှတတဲ့ သဘောတူညီချက်ရဖို့ ဆက်လက် လုပ်ဆောင်မယ့် အာမခံချက်ကို Witkoff ဆီကနေ ရရှိထားတယ်လို့ အီဂျစ်လုံခြုံရေး သတင်းရင်းမြစ်တွေက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

Friday, January 10, 2025

ဂါဇာစစ်ပွဲ ပါလက်စတိုင်း 46000 ကျော် သေဆုံး

 



အစ္စရေး- ဟားမတ်စ် တိုက်ပွဲကြောင့် ကြာသပတေးနေ့က လူ ၇၀ ထပ်ပြီး သေဆုံးခဲ့ရတဲ့အတွက် အခုဆို ၂၀၂၃ အောက်တိုဘာ စစ်ပွဲစတင်ချိန်ကစပြီး ပါလက်စတိုင်းသေဆုံးရသူဟာ46000ကျော်သွားပြီလို့ ဂါဇာကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒဏ်ရာရသူကလည်း ၁ သိန်း ကျော်နေပြီလို့ ဝန်ကြီးဌာနက ပြောပေမယ့် အရပ်သား ဘယ်နှစ်ယောက် ပါတယ်ဆိုတာ ခွဲမပြောခဲ့ပါဘူး။ ဒါပေမယ့် သေဆုံး ဒဏ်ရာရသူ ထက်ဝက်ကျော်က အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့ ပြောပါတယ်။

၂၀၂၄ အောက်တိုဘာ ၇ ရက်မှာ အစ္စရေးကို ဟားမတ်စ်တွေ ဝင်ရောက်တိုက်ခိုက်တဲ့ အတွက် လူပေါင်း ၁၂၀၀ သေဆုံးခဲ့ပြီး ဓါးစာခံ ၂၅၀ လောက်ကိုပါ ဖမ်းသွားတဲ့နောက် ဂါဇာစစ်ပွဲစတင်ခဲ့တာ ဖြစ်ပါတယ်။ အဖမ်းခံရတဲ့ ဓါးစားခံ ၁၀၀ လောက်ကို ခုထိ ပြန်မလွတ်သေးပါဘူး။ ဒီအထဲက သုံးပုံ တပုံလောက် သေဆုံးသွားပြီလို့ ခန့်မှန်းရပါတယ်။

ညှိနှိုင်းမှုတွေကနေ ဓါးစာခံပြန်လွတ်မြောက်ရေး သိပ်နီးလာနေပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောပါတယ်။ ဒါ့အပြင် သမ္မတဂျိုးဘိုင်ဒန် သမ္မတသက်တမ်းကုန်မယ့် ဇန်နဝါရီ ၂၀ မတိုင်ခင် သဘောတူညီချက် ရမယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။ တကယ်လို့ မရခဲ့ရင် ဓါးစာခံပြန်လွတ်ရေး သဘောတူညီချက်ရဖို့ သမ္မတဘိုင်ဒန်လုပ်ဆောင်နေတာတွေကို နောက်တက်လာမယ့် အစိုးရသစ်အဖွဲ့ကို လွှဲပေးရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။