HOME

Thursday, June 30, 2011

Holy City of ဂျေရုရှလင်အကြောင်းသိကောင်းစရာ။

ယခုမျက်မှောက်အချိန်ကာလတွင်ဂျေရုရှလင်မြို့သည်၊အရှေ့ ဂျေရုရှလင်နှင့်အနောက်ဂျေရုရှလင်
ဟူ၍ဒေသခံများကသီးခြားခေါ်ဆိုပါတယ်၊ဂျေရုရှလင်မြို့ကို၂ပိုင်းခွဲ၍ဖော်ပြရမယ်ဆိုရင်၊
ပထမပိုင်းမှာတော့အရှေ့ဂျေရုရှလင်ကိုold city ဟုခေါ်ကြပါတယ်၊၎င်းအရှေ့ခြမ်းပိုင်မှာ
ပါလက်စတိုင်းအာရပ်များနေထိုင်ကြပါတယ်၊

                                 ၎င်းအာရပ်များဟာ အစ္စရေးလ်နိုင်ငံသား                                             


အာရပ်အစ္စရေးလ်လီးဟုခေါ်ကြပါတယ်၊old cityကိုစာရေးသူမိသားစုအကြိမ်ပေါင်းမြောက်များစွာ
သွားလည်ခဲ့ဘူးပါတယ်၊၎င်းဒေသမှာနေထိုင်သောအစ္စရေးလ်လီးအာရပ်တွေဟာဂျူးလူမျိုးတွေကို
အလွန်ပဲမုန်းပါတယ်၊သို့သော်လည်း၊၎င်းအာရပ်တွေဟာအစ္စရေးလ်ရဲ့အလံတော်အောက်မှာ
မနေခြင်ပါဘူး၊ဒါကြောင့်မို့အမြဲလိုပင်အစ္စရေးလ်လီးနယ်ခြားရဲတွေကိုခဲလုံးနှင့်ပေါက်ပြီးအကြမ်းဖက်မှူ့
များပြု့လုပ်ဆန္ဒပြကြပါတယ်၊အစ္စရေးလ်လီးနယ်ခြားရဲတွေကတော့ဆန္ဒပြသူတွေကိုမျက်ရည်ယို
ဗုံးတွေသုံး၊ရာဘာကျည်ဆံတွေသုံးပြီး၊လူစုခွဲအောင်ပြုလုပ်ရပါတယ်၊ဒုတိယပိုင်းမှာတော့၊
အနောက်ဂျေရုရှလင်ကိုဂျူးလူမျိုးအများစုနေထိုင်ပြီး၊အစိုးရရုံးစိုက်ရာဒေသလည်းဖြစ်ပါတယ်
ဂျူးလူမျိုးများအဓိကအာထားရာဒေသတခုကတော့မြို့ဟောင်းမှာရှိတဲ့temple mountနှင့်
ဆက်စပ်နေသောthe westren wall ပဲဖြစ်ပါတယ်၊အဲဒီthe western wallကိုဂျူးလူမျိုးတိုင်း
သွားရောက်ပြီးဆုတောင်းလေ့ရှိကြပါတယ်၊ထာဝရဘုရားသခင်ဆီကိုပေါ့၊သို့သော်လည်းအခြားသော
လူမျိုးပေါင်းစုံနိုင်ငံခြားသားများကိုလည်းသွားရောက်လည်ပတ်ဆုတောင်းခွှင့်ပြုပါတယ်၊တနည်းပြော
ရရင်ဆုတောင်းပြည့်နေရာလို့ပြောကြပါတယ်,
the western wallနှင့်မနီးမဝေးမှာဆော်လ်မွန်မင်းကြီးတည်ထားခဲ့တဲ့ တဲတော်ကြီးကို
အစ္စရေးလ်ရှေးဟောင်းသုတေသနအဖွဲ့ကရှာဖွေတွေ့ရှိတူဖေါ်ခဲ့ပါတယ်၊ကျနော့်အမြင်ကိုပြောရမယ်
ဆိုရင်ဂျေရုရှလင်မြို့ကြီးဟာလူသားအားလုံးနှင့်ဆိုင်ပါတယ်၊ဂျူး+မွတ်ဆလင်ဘာသာဝင်တိုရဲ့
ကိုးကွယ်ရာတခုထဲပြောလို့မရပါဘူး၊ကမ္ဘာပေါ်မှာနေထိုင်ကြတဲ့ခရစ်ယာန်ဘာသာဝင်တွေအတွက်
လည်းအလွန်ပင်အရေးကြီးလှပါတယ်၊ဂျေရုရှလင်ငြိမ်းချမ်းရေးရဖို့ကမ္ဘာသူကမ္ဘာသားပေါင်းမြောက်
များစွာဆုတောင်းပေးလျှက်ရှိပါတယ်၊ဒါပေမဲ့ယ္ခုအထိငြိမ်းချမ်းရးမရရှိသေးပါ၊နှစ်ပေါင်း၂ထောင်
ပင်ကျော်လာခဲ့ပါပြီး၊ကမ္ဘာနိုင်ငံခေါင်းဆောင်များဖြစ်ကြတဲ့ US.UK.EUစသည့်နိုင်ငံများက၀ိုင်းဝန်း
ပြီးငြိမ်းချမ်းရေးကိုဆောင်ရွှက်ခဲ့ပါတယ်၊ဒါပေမဲ့ယနေ့အထိအဖြေမရရှိသေးပါဘူး၊တခုတော့
ရှိတယ်ဂျေရုရှလင်ငြိမ်းချမ်းရေးရရှိဖို့အတွက်မေရှိယတဖန်ပြန်ကြွလာတဲ့အခါကြမှပဲဖြစ်ပါလိမ့်မယ်၊
ဂျရုရှလင်မြို့သစ်နှင့်အတူမေရှိယတဖန်ပြန်ကြွလာဖို့ကိုစောင့်မျှော်နေရင်းနဲ့မိတ်ဆွေတို့ကိုဝေဌ
လိုက်ရပါတယ်။                                  

                                                            By,Shalom to all karen
























No comments:

Post a Comment