HOME

Sunday, January 20, 2013

ပါလစ္စတိုင်းအဖွဲ့ ဖာတာနှင့် ဟားမားတို့ ပြန်ပေါင်းထုတ် ...!

ပါလစ္စတိုင်းအဖွဲ့ ဖာတာနှင့် ဟားမားတို့ ပြန်ပေါင်းထုတ်



                                                      

ပါလစ္စတိုင်းအဖွဲ့ ခေါင်း ဆောင်များဖြစ်သော ဖာတာ- Fatah နှင့် ဟားမား-Hamasတို့ သည် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ တွေ့ဆုံခဲ့ကြပြီး တိုက်ခိုက်မှုများ ရပ်တန့်သွားစေရန် ကြိုးပမ်းခဲ့ကြ သည်။ ပါလစ္စတိုင်း အာဏာပိုင် အဖွဲ့နှင့် ဖာတာခေါင်းဆောင် မာ မွတ်အာဘတ်- Mahmoud Abbas သည် ဟားမားနိုင်ငံရေး ခေါင်းဆောင် ခါလစ်မဲရှယ်-Kha-led Meshaal နှင့် တွေ့ဆုံခြင်း ဖြစ်သည်။
သူတို့နှစ်ဦး မတွေ့ဆုံမီ အီဂျစ်နိုင်ငံ သမ္မတ မိုဟာမက်မော် ဆီနှင့် သီးခြားတစ်ဦးချင်း တွေ့ဆုံ ခဲ့ကြသည်။
၂ဝဝ၇ ခုနှစ်တွင် ဂါဇာ နှင့် အနောက်ဘက်ကမ်းခြေ ကမ်း မြောင်ကိစ္စနှင့် ပတ်သက်၍ သူတို့ နှစ်ဦး သဘောထား ကွဲလွဲခဲ့ကြ သည်။
ဟားမားအဖွဲ့သည် ၁၉၈၇ ခုနှစ်ကတည်းက အီဂျစ် နိုင်ငံမှ မွတ်စလင်ညီနောင်များ အဖွဲ့၏ အစီအစဉ်နှင့် ဖွဲ့စည်း တည်ထောင် ခဲ့ခြင်း ဖြစ်သည်။ မွတ်စလင်ညီနောင်များအဖွဲ့၌ အီ ဂျစ်သမ္မတမောစီကလည်း ပါဝင် သည်။
ဖာတာနှင့် ဟားမားတို့သည် လွန်ခဲ့သည့် နှစ်နှစ်ကတည်းက နှစ်ဦးသဘောတူစာချုပ်ချုပ်ဆိုပြီး ဖြစ်သည်။ ပုံစံသစ် ကြားဖြတ်ပေါင်း စည်းသည့် အစိုးရတစ် ခု ဖြစ်လာရန် ရည်ရွယ်ခဲ့ကြသည်။ ယင်းအစီအစဉ်သည် ၂ဝ၁၂ ခုနှစ် ကုန်၌ ပြီးစီးရ မည် ဖြစ်သည်။
ဟားမားနှင့် ဖာတာအတွဲ နောက် ခံဖြစ်ရပ်
၂ဝဝ၆၊ ဇန်နဝါရီလ - ပါလစ္စတိုင်ရွေးကောက်ပွဲ၌ ဟား မားတို့က အနိုင်ရခဲ့သည်။
၂ဝဝ၇၊ မတ်လ- ဟားမားဦးဆောင်သော ပူးပေါင်းဖွဲ့ စည်းသည့် အစိုးရဖွဲ့စည်း။
၂ဝဝ၇၊ ဇွန်လ - ဟား မားနှင့် ဖာတာအဖွဲ့များ လာဇာမြို့ ၌ ပြိုကွဲသွားသည်။
ပါလစ္စတိုင်းသမ္မတအာ ဘတ်အစိုးရအဖွဲ့လည်း ပျက်ပြား ခဲ့သည်။ ဟားမားတို့ကို ဖာတာ အဖွဲ့မှ ထုတ်ပယ်ခဲ့သည်။
၂ဝ၁၁၊ မေ - ဟားမား နှင့် ဖာတာတို့ သဘောတူစာချုပ် ချုပ်ဆို။
သို့သော် လုပ်ငန်းစဉ် များကမူ လုံးဝရပ်တန့်နေ၏။
ယင်းအဖွဲ့နှစ်ဖွဲ့သည် အစ္စရေးတို့အပေါ် သဘောထား၌ ကွဲလွဲလေ့ရှိ၏။
ဟားမားတို့က အကြမ်း ဖက်မှုကို မစွန့်လွှတ်နိုင်။ အစ္စရေး နိုင်ငံ တည်ရှိမှုကို အသိအမှတ်ပြု ရမည်။ သူတို့နှင့် ငြိမ်းချမ်းမှု ဆွေး နွေးမည်။ ဆိုလိုသည်မှာ ဖာတာဦး ဆောင်သော ပါလစ္စတိုင်းအာဏာ ပိုင်တို့နှင့် အစ္စရေး တွေ့ဆုံဆွေး နွေးမည် စသည့် အချက်များ လက်ခံထားသည်။
ဟားမားတို့ကို အစ္စရေး၊ အမေရိကန်နှင့် ဥရောပသမဂ္ဂက အကြမ်းဖက်များအဖြစ် သတ်မှတ် ထားပြီးဖြစ်သည်။

No comments:

Post a Comment