HOME

Friday, March 8, 2013

အမေရိကန်တပ်များ အာဖဂန်နစ္စတန်ပြည်နယ်မှ ထွက်ခွာရန် သမ္မတကာဇိုင်း အမိန့်ထုတ်



အမေရိကန်တပ်များ အာဖဂန်နစ္စတန်ပြည်နယ်မှ ထွက်ခွာရန် သမ္မတကာဇိုင်း အမိန့်ထုတ်
 
 

 

 
 
 
 
 
 
 
 
 
 
 
 
 
 
 
ကာဘူးမြို့တော်၏ မလှမ်းမကမ်းတွင် အခြေစိုက်ထားသည့် ဝါဒတ် ပြည်နယ်မှ အမေရိကန် အထူးလုံခြုံရေး တပ်ဖွဲ့ဝင်များကို သီတင်း နှစ် ပတ်အတွင်း ထွက်ခွာရန် သမ္မတကာဇိုင်းက အမိန့်ထုတ်လိုက်သည်။ ယင်းသို့ အမိန့်ထုတ်ရသည့်အကြောင်းမှာ အာဖဂန် အရပ်သားများကို ဖမ်းဆီးစစ်ဆေးနှိပ်စက်ပြီး ပျောက်ဆုံးသွားခြင်းများ၌ အမေရိကန် အထူးတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်နေ သည်ဟုသိရှိ၍ ယခုကဲ့သို့ အမိန့်ထုတ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ကာဇိုင်း၏ ပြောရေး ဆိုခွင့် ရှိသူက ပြောသည်။
ဝါဒတ်ပြည်နယ်သည် ဆန့်ကျင်ကန့်ကွက်မှုကို တန်ပြန်အရေးယူရန် မဟာဗျူဟာကျသော ထူးခြားသည့် ဒေသတစ်ခု ဖြစ်ပါသည်။ အမေရိကန် အထူးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက အစိုးရပိုင်းက အဆင့်မြင့် ပုဂ္ဂိုလ် တစ်ဦးဦးနှင့် တွေ့ဆုံ စကားပြောဆို ကြည့်ရဦး မည်ဟု ဆိုသည်။
ကာဘူးရှိ အခြေစိုက် BBC သတင်းသမား Karen Allen က ''ကာ ဘူးမြို့ကို တာလီဘန်တွေဝင်ဖို့ ဝင်ပေါက်က ဝါဒတ်ပဲလေ။ ဒါကြောင့် ဒီနေရာကနေ စောင့်ဖမ်းနေရတာ'' ဟု ဆိုသည်။
Source : BBC.com
မောင်သာရွှေ

No comments:

Post a Comment