HOME

Monday, July 29, 2013

ဆီးရီးယားနိုင်ငံ၌ မပျံသန်းရဇုန် ထူထောင် ရေ....!!

မပျံသန်းရဇုန် ထူထောင်ရေးသည် စစ်ပွဲတစ်ပွဲထက်မနည်း ကုန်ကျနိုင်ဟု အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီးပြော


အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမာတင်ဒမ့်ဆီ။ ဓာတ်ပုံ - အေအက်ဖ်ပီအမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမာတင်ဒမ့်ဆီ။ ဓာတ်ပုံ - အေအက်ဖ်ပီ
အမေရိကန် ကွန်ဂရက်လွှတ်တော်သို့ ပေးပို့သည့် စာတစ်စောင်တွင် အမေရိ ကန် ပူးတွဲစစ်ဦးစီး
ချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ်ကြီး မာတင်ဒမ့်ဆီက ဆီးရီးယားနိုင်ငံ၌ မပျံသန်းရဇုန် ထူထောင်
ရေးသည် တစ်လလျှင် အမေ ရိကန်ဒေါ်လာ တစ်ဘီလျံမျှအထိပင် ကုန်ကျဖွယ်ရှိကြောင်း သတိ
ပေးပြောကြားလိုက်သည်။

ဆီးရီးယားနိုင်ငံအတွင်း အမေရိ ကန်က ၀င်ရောက်စွက်ဖက်ရာတွင် ဖြစ်တန်ရာ အန္တရာယ်များကို
တွက်ဆ လျက် ၎င်းစစ်ပွဲသည် အလွန်အမင်းအကုန်အကျများနိုင်ပြီး အကြမ်းဖက်မှု များလျှော့ချ
ရန်လည်း မဖြစ်နိုင် ကြောင်း အမေရိကန်ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီး ဒမ့်ဆီက သတိပေးထားသည်။
"ကျွန်တော်တို့အထဲက ဘယ်သူမဆို စစ်ရေးအရ အင်အားသုံးပြီး ဖြေရှင်း ရမယ့်ဆုံးဖြတ်ချက်ချဖို့
မလွယ်ကူဘူး ဆိုတာ ကျွန်တော်သိပါတယ်။လေယာဉ် မပျံသန်းရဇုန် တည်ဆောက်ရေး ကိစ္စ ဟာ
စစ်ပွဲတစ်ပွဲအောက် မလျော့ပါ ဘူး" ဟု ၎င်းကဆိုသည်။
ဒမ့်ဆီ၏ ဤသို့သော မှတ်ချက်စကားမှာ ဇူလိုင်လ ၂၂ ရက်နေ့က ကွန်ဂရက်လွှတ်တော် ဥပဒေပြု
အရာရှိ များထံသို့ လိပ်မူသောစာတွင်ပါရှိသည်။ ယင်းစာသည် အထက်လွှတ်တော် လက်နက်ကိုင်
တပ်ဖွဲ့ရေးရာ ကော်မတီ ဥက္ကဋ္ဌဖြစ်သူ၊ မီချီဂန်ပြည်နယ်၏ အထက်လွှတ်တော်အမတ် ကားလ်လက်
ဗင် (ဒီမိုကရက်) နှင့် အရီဇိုးနား ပြည်နယ်၏ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (ရီပတ်
ဘလီကန်) တို့၏မေးခွန်းများကို တုံ့ပြန်ဖြေကြားခြင်းလည်းဖြစ်သည်။
ဂျွန်မက်ကိန်းသည် လွန်ခဲ့သည့် သီတင်းပတ်က ဗိုလ်ချုပ်ကြီး ဒမ့်ဆီသည် မေးမြန်းစုံစမ်းမှုများကို
ပြန်လည်ဖြေကြားခြင်း မပြုပါက ယင်း၏ စစ်ဘက်ဆိုင်ရာ ထိပ်တန်းအကြံပေးရာထူးကို ပြန်လည်
ရုပ်သိမ်းမည်ဟု ခြိမ်းခြောက်ခဲ့သည်။ အထက်လွှတ်တော်အမတ် မက်ကိန်း သည် ဆီးရီးယားနိုင်ငံ
တွင် လေယာဉ် မပျံသန်းရဇုန် ထူထောင်ရေးအတွက် ကြိမ်ဖန်များစွာပင် ထောက်ခံအကြံပြုထား
သူဖြစ်သည်။
ဗိုလ်ချုပ်ကြီး ဒမ့်ဆီ ကမူ အရပ်သားအများစု သေဆုံးရ ခြင်းသည် စိန်ပြောင်းများ၊ အမြောက်
များနှင့် ဒုံးလက်နက်များကြောင့်သာ ဖြစ်၍ လေယာဉ်မပျံသန်းရဇုန်သည် အကြမ်းဖက် လုပ်ရပ်
များအတွက် မည်သို့မျှ ထိရောက်လာဖွယ်မရှိဟု သတိပေးခဲ့သည်။ ထို့ပြင် ယင်းသို့သော ဇုန်တစ်
ခုထူထောင်ရေးအတွက် ကုန်ကျ စရိတ်မှာ ကနဦး၌ပင်လျှင် ဒေါ်လာ သန်း ၅၀၀ မျှရှိနိုင်ပြီး တစ်နှစ်
တာ ကာလအတွင်း တစ်လလျှင် တစ်ဘီလျံ ကုန်ကျသွားမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ယင်းကိစ္စကို ဦးဆောင်ဦးရွက်ပြုရမည့် သူများအတွက် အလျော်အစား
ကြီးမားဖွယ်ရှိသည်။ "လေယာဉ်တွေဆုံးရှုံးနိုင်မယ်။ ဒါကို ဖြည့်တင်းဖို့ မြေပြင်နဲ့ရေပြင်အခြေစိုက်
လေယာဉ်တွေ၊ ထောက်လှမ်းရေးနဲ့ အီလက်ထရွန်းနစ် စစ်သုံးပစ္စည်းတွေ၊ လောင်စာဖြည့်တင်းရေး
နဲ့ ဆက်သွယ်ရေးအတွက် ယာဉ်တွေ ရာနဲ့ချီပြီးလိုအပ်ပါမယ်" ဟု ဒမ့်ဆီကပြောသည်။
ဓာတုလက်နက်များကို ထိန်းချုပ်ရေးအတွက် တစ်လလျှင် ဒေါ်လာ တစ်ဘီလျံကျော်ကုန်ကျမည်
ဖြစ်သလိုပင် အရေးပါသည့်နေရာများ၌ တိုက်ခိုက် ရန်နှင့် လုံခြုံရေးရယူရန် အမေရိကန်အထူးစစ်
ဆင်ရေးတပ်ဖွဲ့များ လိုအပ် မည်ဖြစ်သည်။
ယင်းသို့ ဒေါ်လာများဘီလျံချီ၍ အကုန်အကျခံကာ ကျွမ်းကျင်သောတပ်သား ထောင်ပေါင်းများစွာ
တို့၏ အသက်ကို ပေးရဖွယ်ရှိသည့် နောက်ဆက်တွဲဖြစ်တန်ရာရလဒ်မှာ ဓာတုလက်နက်များ အား
လုံးကို ထိန်းချုပ်နိုင် မည်မဟုတ်ဘဲ အချို့တစ်ဝက်မျှကိုသာလျှင် ထိန်းချုပ်နိုင်ဖွယ်ရှိကြောင်း ဗိုလ်
ချုပ်ကြီးဒမ့်ဆီက ရေးထားသည်။

"ဖြစ်တန်ရာ စွန့်စားရမှာတွေကို လည်း ကျွန်တော်တို့ ထည့်တွက်ထားရပါ မယ်။ ဇာတ်လမ်းစပြီဆို
တာနဲ့ တခြား ဘာတွေဖြစ်လာမယ် ဆိုတာကို ပြင်ဆင် ထားရမယ်။ ရှေ့ဆက်တိုးလေ နောက်ဆုတ်
ရခက်လေပါပဲ" ဟု ၎င်းက ပြောသည်။

No comments:

Post a Comment