HOME

Monday, September 2, 2013

ဆီးရီးယားကို စစ်ရေးအရအရေးယူမည့် အရိပ်လက္ခဏာတိုး....!

ဆီးရီးယားကို စစ်ရေးအရအရေးယူမည့် အရိပ်လက္ခဏာတိုး


တူရကီနိုင်ငံရှိ အင်ဆာလစ်အမေရိကန်လေတပ်အခြေစိုက်စခန်းတွင် အက်ဖ်-၁၆ လေယာဉ်တစ်စင်းကို ဆိုက်ဝိုင်ဒါဒုံးကျည်တပ်ဆင်နေစဉ်။ အေအက်ဖ်ပီတူရကီနိုင်ငံရှိ အင်ဆာလစ်အမေရိကန်လေတပ်အခြေစိုက်စခန်းတွင် အက်ဖ်-၁၆ လေယာဉ်တစ်စင်းကို ဆိုက်ဝိုင်ဒါဒုံးကျည်တပ်ဆင်နေစဉ်။ အေအက်ဖ်ပီ


ဆီးရီးယားနိုင်ငံက ဓာတုလက်နက်သုံးစွဲခဲ့သည်ဟူသော စွပ်စွဲချက်များ ထွက် ပေါ်လာအပြီး
ဩဂုတ်လ ၂၇ ရက် နေ့၌ အမေရိကန်နှင့် ပြင်သစ်နိုင်ငံတို့က ဆီးရီးယားနိုင်ငံကို တိုက်ခိုက်ရန်
အသင့် ရှိနေပြီဖြစ်ကြောင်း ပြောဆိုမှုများနှင့် အတူပင် ဆီးရီးယားနိုင်ငံအပေါ် စစ်ရေး အရ အရေး
ယူသွားဖွယ်ရှိသော အရိပ် လက္ခဏာများ ကြီးမားလာခဲ့သည်။

တစ်ချိန်တည်းမှာပင် ဆီးရီးယားအစိုးရ ကလည်း စစ်ရေးအရ အရေးယူမှုကို အတတ်နိုင်ဆုံး
ခုခံကာကွယ်သွားမည် ဟု ကတိပြု ပြောကြားလိုက်သည်။ ဆီးရီးယား ပြည်တွင်းစစ်အတွင်း
သို့ အမေရိကန်ဦးဆောင်သည့် တပ်များ က ၀င်ရောက် တိုက်ခိုက်ဖွယ်ရှိသည့် အစီအစဉ်သည်
ဩဂုတ်လ ၂၁ ရက်နေ့ က ဒမတ်စကတ်မြို့ပြင်၌ အရပ်သားများ ကို သမ္မတ ဘာရှားအာဆတ်
အစိုးရက ဓာတုလက်နက်များဖြင့် တိုက်ခိုက်ခဲ့သည်ဟူသော (ကုလသမဂ္ဂစစ်ဆေးရေးမှူးများက
အတည်ပြုထားခြင်းမရှိသေးသည့်) အနောက်နိုင်ငံများ၏ အခိုင်အမာပြောဆိုမှုမှ အခြေတည်
လာခြင်းဖြစ်သည်။
ဩဂုတ်လ ၂၁ ရက် နေ့ တိုက်ခိုက်မှုတွင် အရပ်သား ၃၅၅ ဦး သေဆုံးခဲ့ရကြောင်း နယ်စည်းမထား
ဆရာဝန်များအဖွဲ့က ပြောသည်။ ယင်းစွပ်စွဲပြောဆိုမှုများကို အာဆတ် က ငြင်းဆန်ခဲ့သလိုပင်
ကုလသမဂ္ဂဆိုင်ရာ ဆီးရီးယားသံတမန် ဘတ်ရှား အယ်လ်ဂျာဖရီက သူပုန်တပ်ဖွဲ့များ သည်
ဓာတုလက်နက်များကိုအသုံးပြု ၍ နိုင်ငံတကာအင်အားကြီး နိုင်ငံများ ကို ဆီးရီးယားအစိုးရအပေါ်
စစ်ရေးအရ အရေးယူရန် ဖန်တီးခဲ့ကြခြင်းဖြစ်ကြောင်း ဩဂုတ်လ ၂၈ ရက်နေ့က စွပ်စွဲပြောဆို
ခဲ့သည်။
အနောက်နိုင်ငံများက စစ်ရေးဖြင့် ၀င်ရောက်ဖြေရှင်းရန် နီးကပ်လာချိန် မှာပင် ဒမတ်စကတ်ရှိ
ကုလသမဂ္ဂ လက်နက်စစ်ဆေးရေးမှူးများသည် စွပ်စွဲ ထားသည့်ဓာတုလက်နက် သုံးစွဲသည်
ဟူသောနေရာသို့ရောက်ရှိကာ စစ်ဆေး မှုများ ပြန်လည်စတင်နေပြီဖြစ်သည်။
အမေရိကန်ဦးဆောင်သည့် အနောက် အုပ်စု၏ စစ်ရေးအရ ၀င်ရောက်တိုက် ခိုက်နိုင်မှုကို ရုရှားနှင့်
အီရန်နိုင်ငံတို့က ဆန့်ကျင်ခဲ့ကြသည်။ အီရန်နိုင်ငံ ၏ အကြီးအကဲ အယာတိုလာ ခါမေနီ က
အမေရိကန်၏ ဆီးရီးယားနိုင်ငံ အပေါ် တိုက်ခိုက်မှုသည် ကြမ္မာဆိုးကြီး ဖြစ်လာလိမ့်မည်ဟု
ဩဂုတ်လ ၂၈ ရက် နေ့က သတိပေးလိုက်သည်။ ဆီးရီးယားအစိုးရ မိတ်ဆွေများဖြစ်ကြသော
အဆိုပါနိုင်ငံများက စစ်ရေး အရ မည်သည့် စွက်ဖက်မှုမျိုးမဆို ဒေသကြီးအတွက် ဆိုးရွားသော
အကျိုး ဆက်များဖြစ်ပေါ်နိုင်ကြောင်း သတိ ပေးလျက်ရှိကြသည်။
ဗြိတိန်ဝန်ကြီး ချုပ် ဒေးဗစ်ကင်မရွန်၏ ရုံးခန်းမှ အဆို အရ ရုရှားသမ္မတ ပူတင်က ၀န်ကြီးချုပ်
ကင်မရွန်ထံ တယ်လီဖုန်းဆက်ကာ ဆီးရီးယားက ဓာတုလက်နက်များ သုံးစွဲ သည်ဟူသော
စွပ်စွဲချက်တွင် အထောက် အထားမရှိကြောင်း ပြောခဲ့သည်။
အာဆတ်၏ အင်အားကြီးမားလှသော မဟာမိတ် ရုရှားနိုင်ငံက ဆီးရီးယားပြည်တွင်းစစ်၌ စစ်ရေး
အရ၀င်ရောက် ဖြေရှင်းခြင်းသည် အရှေ့အလယ်ပိုင်း ဒေသကို မတည်မငြိမ်ဖြစ်စေနိုင်ကြောင်း
ထပ်မံ သတိပေးလိုက်သည်။ စစ်ရိပ်စစ်ခြည်များကြောင့် ကမ္ဘာ တစ်လွှားရှိ စတော့ဈေးကွက်များ
ဈေး နှုန်းကျဆင်းခဲ့ကာ ကမ္ဘာ့လောင်စာ ဈေးနှုန်းများလည်း ခြောက်လတာ အတွင်း အမြင့်ဆုံး
တက်ခဲ့သည်။
အမေရိကန်ဒုတိယသမ္မတ ဂျိုးဘိုင် ဒင်က ဩဂုတ်လ ၂၁ ရက်နေ့ ဓာတ်ငွေ့ ဖြင့် တိုက်ခိုက်ခဲ့မှု
အတွက် အာဆတ်၏ တပ်ဖွဲ့များတွင် တာဝန်ရှိသည်မှာ အမေ ရိကန်ပြည်ထောင်စုအနေဖြင့်
အသေ အချာ ပြောနိုင်ကြောင်း ဆိုခဲ့သည်။ "ဒမတ်စကတ်မြို့ပြင်က ဓာတု လက်နက်သုံးစွဲခဲ့
တာအတွက် တကယ် တာဝန်ရှိတာကတော့ ဆီးရီးယားအစိုးရ ပဲဆိုတာ သံသယရှိစရာမလို
ပါဘူး" ဟု ဘိုင်ဒင်က ပြောသည်။
"အပြစ်မဲ့ပြီး ခုခံနိုင်ခြင်းမရှိတဲ့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေအပေါ်မှာ ဒီလို ဓာတုလက်
နက်မျိုး သုံးစွဲခဲ့သူတွေဟာ တာဝန်ယူသွားရ မယ်ဆိုတာကို သမ္မတ အိုဘားမားရော၊ ကျွန်တော်
ကပါ ယုံကြည်ထားပါတယ်" ဟု ၎င်းကဆိုသည်။
မြေထဲပင်လယ်အတွင်း ရေပြင်နှင့် ဝေဟင်များတွင်ထားရှိသော စစ် သင်္ဘောကြီးများ၊ ရေငုပ်
သင်္ဘောများ နှင့် လေယာဉ်များကိုအသုံးပြု၍ အမေ ရိကန်နှင့်ယင်း၏ မဟာမိတ်များသည်
ဆီးရီးယားနိုင်ငံအတွင်းသို့ ခရုဇ် ဒုံး လက်နက်များဖြင့် ပစ်ခတ်သွားဖွယ်ရှိကြောင်း လေ့လာ
သုံးသပ်သူများက မျှော်လင့်ထားကြသည်။ သို့ရာတွင် ဩဂုတ်လ ၂၇ ရက်နေ့ တွင် ဆီးရီးယား
နိုင်ငံခြားရေးဝန်ကြီး ၀ါလစ်မူလမ်က ၎င်း၏အစိုးရသည် မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆို ခုခံကာ
ကွယ်သွားမည်ဟု ပြောခဲ့သည်။
"ကျွန်တော်တို့မှာ ရွေးချယ်စရာ နှစ်ခုပဲရှိပါတယ်။ လက်နက်ချအညံ့ခံမလား၊ ဒါမှမဟုတ် အသေ
ခံပြီး ခုခံ ကာကွယ်သွားမလား ဆိုတာပါပဲ။ ဒီတော့ ဒုတိယတစ်ခုက အကောင်းဆုံး ရွေးချယ်မှုပါ။
ကိုယ့်ကိုယ်ကိုယ် ကာကွယ် သွားရမှာပါပဲ" ဟု ၎င်းကဆိုသည်။ ပြင်သစ်သမ္မတ ဖရန်ဆွာအိုလန်း
က ၎င်း၏နိုင်ငံသည် ဓာတုလက်နက်သုံးစွဲသူများကို 'အပြစ်ပေးရန် အသင့်ရှိနေ' ကြောင်းနှင့်
ဆီးရီးယားအတိုက်အခံခေါင်းဆောင်များကို ဩဂုတ်လ ၂၉ ရက်နေ့တွင် တွေ့ဆုံသွားဖွယ်ရှိသည်
ဟု ဆိုခဲ့သည်။
ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှု သည် စစ်ရာဇ၀တ်မှုတစ်ခုဟု ယူဆ ထားလင့်ကစား အီတလီ
နိုင်ငံခြားရေး ၀န်ကြီး အမ်မာဘွန်နီယိုကမူ ၎င်း၏ နိုင်ငံသည် လုံခြုံရေးကောင်စီက မဆုံး ဖြတ်
သည့် မည်သည့်စစ်ရေးအရ အရေး ယူမှုမျိုးကိုမဆို ထောက်ခံသွားမည်မဟုတ်ဟု ပြောသည်။
ဂျာမနီဝန်ကြီးချုပ် အန်ဂလာမာကဲလ်ပါတီ၏ အကြီးတန်းပါတီဝင်တစ်ဦးကလည်း ဂျာမနီစစ်တပ်
သည် အာဖဂန်နစ္စတန်နှင့် အခြားစစ်ပွဲများ တွင် ပါဝင်ခဲ့မှုကြောင့် ပွဲပန်းလျက်ရှိနေကြောင်း ပြော
ကြားသည်။
ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်က ဆီးရီး ယားပြဿနာကို ဆွေးနွေးရန် လွှတ်တော် အမြန်ခေါ်၍
ဓာတုလက်နက် သုံးမှုကို ပြစ်တင်ရှုတ်ချခဲ့သည်။ သို့ရာတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး
လာ့ဗ်ရို့က စစ်ရေးတိုက်ခိုက် ပါက ဖြစ်လာနိုင်မည့် အကျိုးဆက် များကို ထောက်ပြသတိပေး
ခဲ့သည်။
ဆီးရီးယားအစိုးရ၏ အဓိကအတိုက် အခံ အမျိုးသားညွန့်ပေါင်းအဖွဲ့၏ အရာရှိတစ်ဦးက အနောက်
နိုင်ငံများ ၏ စစ်ရေးဖြင့် ကြားဝင်ဖြေရှင်းမှုကို မျှော်လင့်နေကြောင်း ပြောကြားသည်။
(အေအက်ဖ်ပီ)

No comments:

Post a Comment