HOME

Friday, October 11, 2013

အမေရိကန်အထူးတပ်ဖွဲ့ ဆိုမာလီယာ၊စီးနင်းတိုက်ခိုက်မှု...!

အမေရိကန်အထူးတပ်ဖွဲ့ ဆိုမာလီယာ၊စီးနင်းတိုက်ခိုက်မှု





 အမေရိကန်ရေတပ် အထူး တပ်ဖွဲ့ဝင်များက အယ်လ်ကေဒါအဖွဲ့၏
အဖွဲ့ခွဲဖြစ်သည့် အယ်လ်ရှာဘတ်အဖွဲ့ အဓိကခြေကုပ်ယူရာ ဆိုမာလီတောင်ပိုင်းကို ၀င်ရောက်
တိုက်ခိုက်မှုတစ်ရပ်တွင် ၁၉၉၈ ခုနှစ်ကဖြစ်ပွား ခဲ့သည့် အရှေ့အာဖရိကရှိ အမေရိကန်သံရုံးများ
ကို ဗုံးခွဲတိုက်ခိုက်မှုများထဲမှတစ်ခုနှင့်ဆက်စပ်နေသည့် အယ်လ်ရှာဘတ်အဖွဲ့မှ ထိပ်တန်းခေါင်း
ဆောင် တစ်ဦး၏နေအိမ်ကို ပစ်မှတ်ထားပြီး စီနင်းဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း
အိုဘားမားအစိုးရအဖွဲ့မှ ထိပ်တန်းအရာရှိတစ်ဦးက အောက်တို ဘာလ ၆ ရက်နေ့က ပြော
ကြားခဲ့သည်။

အယ်လ်ရှာဘတ်အဖွဲ့က ပြီးခဲ့သည့်လကဖြစ်ပွားခဲ့သည့် လူ ၆၇ ဦးထက်မနည်းသေဆုံးခဲ့သော
ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ရှိ ၀က်စ်ဂိတ်ကုန်တိုက် တိုက်ခိုက်ခံရမှုမှာ ၎င်းတို့လက်ချက် ဖြစ်ကြောင်း
ပြောကြားခဲ့ပြီး အာဖရိက သမဂ္ဂက ၎င်းတို့အဖွဲ့ကို ဆန့်ကျင်သည့်ဆောင်ရွက်မှုတွင် ကင်ညာနိုင်ငံ
ပါဝင်ပတ်သက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် ၀က်စ်ဂိတ်ကုန်တိုက်ကို တိုက်ခိုက်ခြင်းဖြစ်သည်
ဟု ဆိုသည်။
ဆိုမာလီဇာတိ ကင်ညာနိုင်ငံသားတစ်ဦးဖြစ်သှူုမငာေ က ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ရှိ အမေရိကန်
သံရုံးကို ၁၉၉၈ ခုနှစ်ကဗုံးခွဲတိုက်ခိုက်ခံရမှုနှင့် ကင်ညာ နိုင်ငံ မွန်ဘာဆာမြို့ရှိ ဟိုတယ်တစ်လုံး
နှင့် လေကြောင်းလိုင်းတစ်ခုတို့ ၂၀၀၂ ခုနှစ်က တိုက်ခိုက်ခံရမှုများတွင် အဓိက အခန်းကဏ္ဍများ
မှပါဝင်ခဲ့သည့် ယခု အခါ သေဆုံးသွားပြီဖြစ်သော အယ်လ် ကေဒါအဖွဲ့ဝင်နှစ်ဦးနှင့် ပတ်သက်
ဆက်စပ်မှုရှိသည်ဟု အဆိုပါအမေရိ ကန်ထိပ်တန်းအရာရှိက ပြောခဲ့သည်။
၂၀၀၂ ခုနှစ်က ကင်ညာနိုင်ငံ မွန်ဘာ ဆာမြို့ရှိ အစ္စရေးလူမျိုးပိုင် ဇိမ်ခံဟိုတယ် တစ်လုံး၏ အပြင်
ဘက်တွင် ဖြစ်ပွားခဲ့ သည့် အသေခံဗုံးခွဲသမားသုံးဦး၏ ကားဗုံးဖောက်ခွဲမှုတစ်ခုတွင် ဗုံးဖောက်ခွဲ
သူများအပါအ၀င် ကင်ညာနိုင်ငံသား ၁၂ ဦးနှင့် အစ္စရေးနိုင်ငံသားသုံးဦးသေဆုံးခဲ့သည်။
ထိုနေ့မနက်၌ပင် မွန်ဘာဆာလေဆိပ်၌ အစ္စရေးလေကြောင်းလိုင်းတစ်ခုကို ဒုံးကျည်ဖြင့်ပစ်ခတ်
မှုမှာ မအောင်မြင်ခဲ့ပေ။ အမေရိကန်ရေတပ် အထူးတပ်ဖွဲ့ဝင် များက အောက်တိုဘာလ ၅ ရက်
အစောပိုင်းတွင် အယ်လ်ရှာဘတ်အဖွဲ့မှ ထိပ်တန်းခေါင်းဆောင်များ လာရောက် ရာနေရာဖြစ်
သည့် ဘာရာဝီဆိပ်ကမ်း မြို့ရှိ ကမ်းခြေအိမ်ဆီသို့ ရေကြောင်းမှ ရောက်ရှိကာ ၀င်ရောက် တိုက်
ခိုက်ခဲ့ သည်။
အောက်တိုဘာလ ၆ ရက်နေ့ အထိ မည်သည့် အမေရိကန်အရာရှိ ကမျှ ထိုစီးနင်းတိုက်ခိုက်မှု၏
အဓိက ပစ်မှတ်အကြောင်းကို ထုတ်ဖော်ပြော ကြားခဲ့ခြင်းမရှိပေ။ သို့သော်လည်း အမေရိကန် ရေ
တပ် အထူးတပ်ဖွဲ့ဝင်များ၏ စစ်ဆင်ရေးမှာ စီစဉ်ထားသည့်အတိုင်း ဖြစ်မလာခဲ့ ပေ။ စီးနင်းတိုက်
ခိုက်မှုတွင် ၎င်းတို့၏ ပစ်မှတ်ဖြစ်သည့ှ်ုမငာေ သေဆုံးခဲ့ ခြင်းရှိမရှိကို မသိရှိရသေးမီ အမေရိကန်
အထူးတပ်ဖွဲ့ဝင်များမှာ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်မှုများနှင့်ရင်ဆိုင် ရကာ ပြန်လည်ဆုတ်ခွာ
ခဲ့ရသည်။
အဆိုပါကမ်းခြေအိမ်မှာ အယ်လ်ရှာဘတ်ခေါင်းဆောင် ကြု့အမေ ဗဘက ဇကဘပေမ ခေါ်
အာမက် အဗ္ဗဒီဂိုဒိန်း ပိုင်ဆိုင်သည့် အိမ်ဖြစ်ကြောင်း ဘာရာဝီဆိပ်ကမ်းမြို့၌ နေထိုင်သူများက
ပြောကြားခဲ့သည်။
ဂိုဒိန်းက အဓိက ပစ်မှတ်ဖြစ်ကြောင်း အယ်လ် ရှာဘတ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက
ပြောကြားခဲ့သည်။ စီးနင်းတိုက်ခိုက်မှုတွင် ၎င်းတို့ဘက်မှတစ်ဦးသေဆုံးခဲ့ကြောင်း အယ်လ်ရှာ
ဘတ်အဖွဲ့က ပြောကြားခဲ့ပြီး အမေရိကန်အထူးတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုမရှိကြောင်း
အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ထိုစီးနင်းတိုက်ခိုက်မှုမှာ အောက်တို ဘာလ
၅ ရက်နေ့က အမေရိကန် အထူး တပ်ဖွဲ့ဝင်များ အာဖရိကတိုက်ဒေသရှိ ဆိုမာလီနိုင်ငံနှင့်
လစ်ဗျားနိုင်ငံတို့၌ သီးခြားစီပြုလုပ်ခဲ့သည့် ၁၉၉၈ ခုနှစ် အမေရိကန်သံရုံးများ ဗုံးခွဲတိုက်ခိုက်
ခံရမှုနှင့် ဆက်စပ်နေသည့် လူများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သော တိုက် ခိုက်မှုနှစ်ခုထဲမှ
တစ်ခုဖြစ်ခဲ့ကြောင်း သိရသည်။
လစ်ဗျားနိုင်ငံ၌ စီးနင်းတိုက်ခိုက်မှု တွင် အမေရိကန် အထူးတပ်ဖွဲ့ဝင်များ က အယ်လ်ရှာဘတ်
တိုက်ခိုက်ရေးအဖွဲ့ခေါင်းဆောင် အဲနက်စ်အယ်လ်လီ ဘီကို ဖမ်းဆီးနိုင်ခဲ့သည်။ အထူးတပ်ဖွဲ့
တစ်ဒါဇင်ခန့်က အနီး အနားရှိ စစ်သင်္ဘောတစ်စီးပေါ်မှ မော်တော်ဘုတ်တစ်ခုပေါ်သို့ ဆင်းကာ
ဆိုမာလီကမ်းခြေသို့ ရောက်ရှိလာကြ ကြောင်း ဆိပ်ကမ်းမြို့၌ နေထိုင်သူ မျက်မြင်သက်သေများ
က ပြောကြားခဲ့ သည်။
မကြာမီပင် ပစ်ခတ်တိုက်ခိုက် သံများနှင့် ပြင်းပြင်းထန်ထန် ပေါက်ကွဲ သံအချို့ကို တစ်မြို့လုံးကြား
ခဲ့ကြရ ကြောင်း ဒေသခံများကပြောခဲ့သည်။ှနဗွှူနှောငထ ဟုခေါ်သည့် အဆိုပါရေတပ်အထူး
တပ်ဖွဲ့မှာ ၂၀၁၁ ခုနှစ်က အိုစမာဘင်လာဒင်ကိုစီးနင်းတိုက်ခိုက်ခဲ့သည့်အဖွဲ့ဖြစ်သည်။
ဘာရာဝီဆိပ်ကမ်းမြို့ကို ၀င်ရောက် စီးနင်းတိုက်ခိုက်ရန်အတွက် ဆိုမာလီ အစိုးရထံသို့ ကြိုတင်
အကြောင်းထားပြီး ဖြစ်ကြောင်း ဆိုမာလီအစိုးရ ထိပ်တန်း အရာရှိတစ်ဦးက The New York
Times သတင်းစာသို့ပြောကြားခဲ့သည်။

No comments:

Post a Comment