HOME

Monday, October 27, 2014

အစ္စရေးနိုင်ငံမှ တင့်ကားဖျက် ပဲ့ထိန်းဒုံးကျည်များ အိန္ဒိယအစိုးရဝယ်ယူ....!


ဒေါ်လာ ၁၃ ဒဿမ ၁ ဘီလီယံဖိုးရှိ စစ်လက်နက်ပစ္စည်းများ ဝယ်ယူရန် အိန္ဒိယအစိုးရ အတည်ပြု

          Written by  အေအက်ဖ်ပီ (နယူးဒေလီ)
    အိန္ဒိယအစိုးရသည် နိုင်ငံတွင် သက်တမ်းကြာမြင့်နေပြီဖြစ်သော ဆိုဗီယက်ခေတ် စစ်လက်နက်ပစ္စည်းများကို ခေတ်နှင့်အညီ အဆင့်မြှင့်တင်ရန်နှင့် ပြည်တွင်းရှိ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်မှု လုပ်ငန်းကို တိုးမြှင့်ရန် အမေရိကန်ဒေါ်လာ ၁၃ ဒဿမ ၁ ဘီလီယံအား အောက်တိုဘာ ၂၅ ရက်က အတည်ပြုလိုက်ကြောင်း သိရသည်။

     
    modi-with-troops-siachen
     
     
    ပါကစ္စတန်နှင့် နယ်စပ်စခန်း တစ်ခုတွင် အိန္ဒိယ၀န်ကြီးချုပ် မိုဒီအား အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (အေအက်ဖ်ပီ)
    ထိုင်းနိုင်ငံ စမုစခွန်ခရိုင်ရှိ ပုဇွန်ဈေးတစ်ခုအား တွေ့ရစဉ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)


    အိန္ဒိယနိုင်ငံသည် မကြာသေးမီကာလက အိမ်နီးချင်း ပါကစ္စတန်နှင့် နယ်စပ်တစ်လျှောက် အပြန်အလှန် ပစ်ခတ်မှုများ၊ တရုတ်တပ်ဖွဲ့များနှင့်
    တင်းမာသည့် အခြေအနေများရှိခဲ့ပြီးနောက်ပိုင်း ဝန်ကြီးချုပ် နာရင်ဒါမိုဒီဦးဆောင်သော အစိုးရက နိုင်ငံ၏ စစ်တပ်ကို အဆင့်မြှင့်တင်ရန်
    ဆန္ဒရှိနေခဲ့ခြင်းဖြစ်သည်။
    အောက်တိုဘာ ၂၅ ရက် က အိန္ဒိယ ကာကွယ်ရေးဝန်ကြီး အေရမ် ဂျက်တလေ ဦးဆောင်သော အစည်းအဝေးတစ်ရပ်တွင် ကာကွယ်ရေးပစ္စည်း ဝယ်ယူရေးကောင်စီက အမေရိကန်ဒေါ်လာ ၁၃ ဒဿမ ၁ ဘီလီယံ (ရူပီး ၈၀၀ ဘီလီယံ) ဖိုးရှိ ကာကွယ်ရေးလက်နက်ပစ္စည်းများ ဝယ်ယူမည့် စီမံချက်များကို အတည်ပြုပေးခဲ့ခြင်းဖြစ်သည်ဟု PTI သတင်းဌာနက ဖော်ပြသည်။
    ကမ္ဘာ့ လူဦးရေ ဒုတိယ အများဆုံးနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံသည် လက်ရှိအချိန်တွင် ယင်း၏ ကာကွယ်ရေးစွမ်းရည်ကို အဆင့်မြှင့်တင်ရန်
    ဒေါ်လာ ၁၀၀ ဘီလီယံဖိုး သုံးစွဲမည်ဖြစ်သည်။
    အိန္ဒိယသည် ကမ္ဘာတွင် စစ်လက်နက်ပစ္စည်း အများဆုံးတင်သွင်းသည့်နိုင်ငံဖြစ်ရာ လက်ရှိကာလတွင် အမေရိကန်နိုင်ငံက ရုရှားကို ကျော်လွန်၍ အိန္ဒိယသို့ စစ်လက်နက်ပစ္စည်းအများဆုံးတင်ပို့သည့် နိုင်ငံဖြစ်လာခဲ့သည်။
    ယခုအစီအစဉ်တွင် အစ္စရေးနိုင်ငံမှ တင့်ကားဖျက် ပဲ့ထိန်းဒုံးကျည်များအပြင် စပိုက် ပဲ့ထိန်း ဒုံးကျည် ၈, ၃၅၆ စင်းနှင့် လောင်ချာ ၃၂၁ ခု တို့ကို ၀ယ်ယူသွားမည်ဟု ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများက အောက်တိုဘာ ၂၆ ရက်က ပြောကြားသည်။

    No comments:

    Post a Comment