HOME

Showing posts with label copy from voa မြန်မာ။. Show all posts
Showing posts with label copy from voa မြန်မာ။. Show all posts

Saturday, January 24, 2015

အစ္စရေးလ် ဝန်ကြီးချုပ် အမေရိကန် ခရီးစဉ်အတွင်း သမ္မတ အိုဘားမား တွေ့မည် မဟုတ်...!

အစ္စရေးလ် ဝန်ကြီးချုပ် အမေရိကန် ခရီးစဉ်အတွင်း သမ္မတ အိုဘားမား တွေ့မည် မဟုတ်
by ဗွီအိုအေ (မြန်မာပိုင်း)

အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu။  

အစ္စရေးလ် ဝန်ကြီးချုပ် ဘန်ဂျမင်န် နေတန်ယာဟု မတ်လ အစောပိုင်းမှာ အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန် ဒီစီမြို့တော်ကို လာရောက်တဲ့အခါ သမ္မတ ဘရာ့ခ်အိုဘားမားက တွေ့ဆုံမှာ မဟုတ်ဘူးလို့ သမ္မတအိမ်ဖြူတော်ကပြောပါတယ်။ မစ္စတာနေတန် ယာဟုဟာ အထက်အောက် လွှတ်တော်နှစ်ရပ်ပေါင်း ကွန်ဂရက် လွှတ်တော်မှာ မိန့်ခွန်းပြောဖို့ လာရောက်မှာပါ။

Monday, November 3, 2014

ဂါဇာနယ်ခြားဂိတ်နှစ်ခုကို အစ္စရေး ပိတ်ပင် ....!

ဂါဇာနယ်ခြားဂိတ်နှစ်ခုကို အစ္စရေး ပိတ်ပင်

ဂါဇာ နယ်ခြားဂိတ်များပြမြေပုံ

by ဗွီအိုအေ (မြန်မာဌာန)

ဒီနေ့တနင်္ဂနွေနေ့မှာ ဂါဇာဒေသကိုဖြတ်သန်းတဲ့ ကယ်ရယ်မ် ရှာလွန် (Kerem Shalom) နဲ့ အီရတ်ဇ် (Erez) နယ်စပ်ဖြတ်လမ်း ၂ ခုကို ပိတ်လိုက်ပြီလို့ အစ္စရေး ဘက်ကကြေညာလိုက်ပါတယ်။
ထိခိုက်ဒဏ်ရာရမှုတစ်စုံတစ်ရာမရှိပေမယ့် ပါလက်စတိုင်းဘက်ကနေ အစ္စရေးဘက်ကို ဒုံးလက်နက်တစ်ခုကျရောက် မီးလောင်ပြီးတဲ့နောက်ပိုင်းမှာ ခုလို နယ်စပ်ဖြတ်လမ်း နှစ်ခုကိုပိတ်လိုက်တာဖြစ်တယ်လို့ အစ္စရေးစစ်တပ်ကပြောပါတယ်။ ဂါဇာစစ်သွေးကြွတွေနဲ့ ဖြစ်ပွားတဲ့ ရက် ၅၀ စစ်ပွဲပြီးကတည်းကဆိုရင် အဲဒီဒုံးလက်နက် မီးလောင်ပေါက်ကွဲမှုက ဒုတိယအကြိမ်မြောက်ဖြစ်တယ်လို့ အစ္စရေးက ပြောပါတယ်။

Monday, October 13, 2014

ဂါဇာဒေသ ပြန်လည် ထူထောင်ရေး ဒေါ်လာသန်း ၅,၄၀၀ ထောက်ပံ့မည် ...!

ဂါဇာဒေသ ပြန်လည် ထူထောင်ရေး ဒေါ်လာသန်း ၅,၄၀၀ ထောက်ပံ့မည်

အီဂျစ်နိုင်ငံ၊ ကိုင်ရိုင်မှာ ကျင်းပနေတဲ့ ဂါဇာအလှူရှင်များညီလာခံတက်ရောက်နေသူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။ (အောက်တိုဘာ ၁၂၊ ၂၀၁၄)

by ဗွီအိုအေ (မြန်မာဌာန)

မြေထဲပင်လယ်တလျှောက်က စစ်ဘေးဒဏ်သင့်နေတဲ့ ပါလက်စတိုင်းနယ်မြေ ဂါဇာကမ်းမြောင်ဒေသကို ပြန်လည်တည်ဆောက်ဖို့  ဒေါ်လာ ၅.၄ ဘီလျံ ကူညီသွားမယ်ဆိုပြီး ကမ္ဘာတ၀ှမ်း ခေါင်းဆောင်တွေက ကတိပြုခဲ့ကြပါတယ်။

Thursday, August 28, 2014

အစ္စရေးလ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ၃၅ နှစ်အတွင်း မြန်မာနိုင်ငံရောက် ...!

အစ္စရေးလ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ၃၅ နှစ်အတွင်း မြန်မာနိုင်ငံရောက် 



by ဗွီအိုအေ (မြန်မာပိုင်း)

အစ္စရေးလ် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tzachi Hanegbi ဟာ ၃၅ နှစ်အတွင်း ပထမဆုံး အဆင့်မြင့် အစ္စရေးလ်အရာရှိအဖြစ်နဲ့ မြန်မာနိုင်ငံကို ဗုဒ္ဓဟူးနေ့က ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

Monday, August 25, 2014

အစ္စရေးတိုက်ခိုက်မှုကြောင့် ဟားမာ့စ်ခေါင်းဆောင် တစ်ဦး သေဆုံး ...!

အစ္စရေးတိုက်ခိုက်မှုကြောင့် ဟားမာ့စ်ခေါင်းဆောင် တစ်ဦး သေဆုံး 


အစ္စရေး လေကြောင်း တိုက်ခိုက်မှုကြောင့် ဆိုတဲ့ တိုက်ခိုက်မှုကြောင့် ဟားမတ်စ်ခေါင်းဆောင် သေဆုံးသွားတဲ့ ကားပျက်နားမှာ ဝိုင်းတေဲ့ ပါလက်စတိုင်းသားများ။ (သြဂုတ် ၂၄၊ ၂၀၁၄)

အစ္စရေးနိုင်ငံက ဟားမတ်စ်အဖွဲ့ရဲ့ ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားပြီး တနင်္ဂနွေနေ့က တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာမှာ အကြမ်းဖက်မှုကိစ္စတွေအတွက် အသုံးပြုတဲ့ အဖွဲ့ရဲ့ရန်ပုံငွေကြေး အပြောင်းအရွှေ့တွေကို အဓိက ကိုင်တွယ်နေသူတဦး သေဆုံးသွားပါတယ်။

အစ္စရေး အဝေးထိန်း ထောက်လှမ်းရေး လေယာဉ် အီရန်ပစ်ချ ...!

အစ္စရေး အဝေးထိန်း ထောက်လှမ်းရေး လေယာဉ် အီရန်ပစ်ချ 


အီရန်ဘက်က ပစ်လွှတ်နေတဲ့ ဒုံးကျည်တစင်း

by ဗွီအိုအေ (မြန်မာဌာန)

အီရန်နိုင်ငံ၊ နာတန့်ဇ် (Natanz) မြို့က ပင်မ နျူကလီယားသန့်စင်စက်ရုံနားကို ကပ်လာတဲ့ အစ္စရေးရဲ့ ထောက်လှမ်းရေး အဝေးထိန်းဒုံးယာဉ်ကို ပစ်ချလိုက်တယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ်က ပြောပါတယ်။ ရေဒါအောက်ကနေ ပျံသန်းနိုင်တဲ့ Stealth drone ယာဉ်ကို မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်နဲ့ ချိန်ရွယ်ထားခဲ့ပြီး တီဟီရန်မြို့တော်ကနေ မိုင် ၁၉၀ နီးပါး အကွာလောက်မှာ တည်ရှိတဲ့ နျူကလီယားစက်ရုံ တားမြစ်နယ်မြေကို မဝင်ရောက်ခင်မှာ ပစ်ချလိုက်တာလို့ အီရန်တပ်ဖွဲ့တွေက ပြောပါတယ်။

Saturday, August 23, 2014

အစ္စရေးလေကြောင်း တိုက်ခိုက်မှုမှာ ဟားမတ် စစ်ခေါင်းဆောင်သုံးဦးသေဆုံး ...!

အစ္စရေးလေကြောင်း တိုက်ခိုက်မှုမှာ ဟားမတ် စစ်ခေါင်းဆောင်သုံးဦးသေဆုံး 

ဟားမတ် စစ်ခေါင်းဆောင်သုံးဦးရဲ့ ရုပ်အလောင်းတွေကို သယ်ဆောင်လာစဉ်။ (သြဂုတ် ၂၁၊ ၂၀၁၄)

by ဗွီအိုအေ (မြန်မာပိုင်း)

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းမှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုတခုကြောင့် ဟားမတ်အဖွဲ့ရဲ့ အကြီးတန်းစစ်ခေါင်းဆောင်သုံးဦး သေဆုံးသွားပါတယ်။ Rafah မြို့က လေးထပ်တိုက်အဆောက်အဦးကို ကြာသာပတေးနေ့က ဗုံးထိမှန်ပြီး အဲဒီမှာပဲ သူတို့ သေဆုံးသွားတာပါ။ အဲဒီ စစ်ခေါင်းဆောင်တွေကို နှစ် ၂၀ လောက် အစ္စရေးအပေါ် စစ်ဆင်ရေးတွေကို ဦးဆောင်ခဲ့သူတွေ ဖြစ်ပါတယ်။ အဲဒီ တိုက်ခိုက်မှုအတွင်းမှာ နောက်ထပ် လူသုံးဦးထက်မနည်းလည်း သေဆုံးခဲ့တယ်လို့ အစ္စရေး တာဝန်ရှိသူတွေက ပြောပါတယ်။

သူလျှို စွပ်စွဲပြီး ပါလက်စတိုင်း ၁၈ ဦးကို ဟားမတ် သတ်ဖြတ် ...!

သူလျှို စွပ်စွဲပြီး ပါလက်စတိုင်း ၁၈ ဦးကို ဟားမတ် သတ်ဖြတ် 

သူလျှိုအဖြစ် စွပ်စွဲခံရတဲ့ ပါလက်စတိုင်းတွေကို စီရင်။ (သြဂုတ် ၂၂၊ ၂၀၁၄)

by ဗွီအိုအေ (မြန်မာပိုင်း)

ဂါဇာကမ်းမြှောင်ဒေသမှာရှိတဲ့ ဟားမတ် စစ်သွေးကြွတွေက အစ္စရေးလ်နဲ့ ပူးပေါင်းတယ်လို့ စွပ်စွဲခံထားရတဲ့ ပါလက်စတိုင်း ၁၈ ယောက်ကို ကွပ်မျက် သတ်ဖြတ်လိုက်ပါတယ်။ ဂါဇာက အဓိကရင်ပြင်တွေထဲကတခုမှာရှိတဲ့ ပလီအပြင်ဘက်မှာ စစ်သွေးကြွတွေက လူ ၇ ယောက်ကို တန်းစီထားခဲ့တယ်လို့ မျက်မြင်သက်သေတဦးက ပြောပါတယ်။ အစ္စရေးလ်နဲ့ပေါင်းတယ်လို့ သံသယရှိရတဲ့သူတွေကို ခေါင်းမှာ အိတ်တွေစွပ်ပြီးတော့ လူရာပေါင်းများစွာရှေ့မှာပဲ သေနတ်သမားတွေက ပစ်သတ်ခဲ့တာဖြစ်ပါတယ်။

Thursday, August 14, 2014

Hamas ဒုံးကျည် တိုက်ခိုက်မှုကို အစ္စရေးလ်တုံ့ပြန် ..!

Hamas ဒုံးကျည် တိုက်ခိုက်မှုကို အစ္စရေးလ်တုံ့ပြန် 





by ဗွီအိုအေ (မြန်မာပိုင်း)

အစ္စရေးလ်နဲ့ ပါလက်စတိုင်းကြား အပစ်အခတ်ရပ်စဲရေး အချိန်တိုးခဲ့ပြီး နာရီပိုင်းအကြာမှာပဲ ဂါဇာကမ်းမြှောင်ဒေသမှာ လေကြောင်းတိုက်ခိုက်မှုကို လုပ်ခဲ့တယ်လို့ အစ္စရေးလ် စစ်တပ်ဘက်က ပြောလိုက်ပါတယ်။ ပါလက်စတိုင်းတို့ဘက်က ရော့ကက်ဒုံးနဲ့ ပစ်ခတ်ခဲ့မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ လုပ်တာလို့ ပြောပါတယ်။

Saturday, August 9, 2014

အစ္စရေး ပါလက်စတိုင်း တိုက်ပွဲပြန်စ ....!

အစ္စရေး ပါလက်စတိုင်း တိုက်ပွဲပြန်စ 



ဂါဇာမှာ တိုက်ပွဲပြင်းထန် (သြဂုတ် ၈၊ ၂၀၁၄)


by ဗွီအိုအေ (မြန်မာပိုင်း)

အစ္စရေးနဲ့ပါလက်စတိုင်းအကြား သုံးရက်ကြာ ယာယီ အပစ်အခတ်ရပ်စဲမှု သက်တမ်းကုန်ဆုံးပြီးနောက် သောကြာနေ့မှာတော့ ဟာမတ်ဖက်က အစ္စရေးကို ဒုံးကျည်နဲ့ ပစ်ခတ်မှုတွေ ပြန်စသလို၊ အစ္စရေးဖက်ကလည်း ဂါဇာကို လေကြောင်း တိုက်ခိုက်မှုတွေ ပြန်လုပ်လာပါတယ်။ သုံးရက်ကြာ ယာယီအပစ်ရပ်မှုကို သက်တမ်းထပ်တိုးဖို့ ဆွေးနွေးပွဲဟာ မအောင်မမြင်ဖြစ်ရပြီးတော့ တိုက်ပွဲတွေပြန်ဖြစ်လာတာပါ။

Tuesday, August 5, 2014

၇၂ နာရီ အပစ်ရပ်ဖို့ အစ္စရေးနဲ့ Hamas သဘောတူ ...!

၇၂ နာရီ အပစ်ရပ်ဖို့ အစ္စရေးနဲ့ Hamas သဘောတူ 


အစ္စရေးဘက်က ပစ်ခတ်တဲ့ ဗုံးထိမှန်ပျက်စီးသွားတဲ့ အဆောက်အဦးတခု (သြဂုတ် ၃၊ ၂၀၁၄)

by ဗွီအိုအေ (မြန်မာဌာန)

ဂါဇာဒေသမှာ အခု အင်္ဂါနေ့ အစောပိုင်းကစပြီး အစ္စရေးနဲ့ ဟားမတ်အကြား ၇၂ နှစ်ကြာ အပစ်အခတ်ရပ်စဲထားဖို့ နှစ်ဖက် သဘောတူညီလိုက်ကြပါတယ်။ စစ်ဒဏ်ခံနေရတဲ့ ဂါဇာဒေသမှာ တည်မြဲတဲ့ အပစ်အခတ်ရပ်စဲရေးဖြစ်ဖို့ဆိုပြီး အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ အီဂျစ်နှိုင်းရေးမှူးတွေ ပါလက်စတိုင်း ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးနေပြီးနောက် တနင်္လာနေ့နှောင်းပိုင်းမှာ အခုလို အပစ်ရပ်ကြေညာချက်ထွက်လာတာပါ။

Monday, August 4, 2014

ဂါဇာက ကုလရဲ့ နောက်ထပ် တကျောင်း ဗုံးထိပြန်ပြီ ...!

ဂါဇာက ကုလရဲ့ နောက်ထပ် တကျောင်း ဗုံးထိပြန်ပြီ 


ဂါဇာအတွင်း ကုလဖွင့်ထားတဲ့ ကျောင်းကို အစ္စရေးလေယာဉ်က ဗုံးထိမှန်ပြီး ဒဏ်ရာရသွားသူတစ်ဦးကို သယ်ဆောင်လာစဉ်။

by ဗွီအိုအေ (မြန်မာဌာန)

ဂါဇာဒေသမှာ အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေကြသူတွေ ခိုလှုံနေကြတဲ့ ကုလသမဂ္ဂ-က ဖွင့်လှစ် ထားတဲ့ကျောင်းကို ဗုံးဆံထိမှန်တာကြောင့် လူ ၁၀ ယောက်ထက် မနည်း သေဆုံးသွားပြီး ၃၅ ယောက် ဒဏ်ရာရရှိသွားပါတယ်။
ကျောင်းရဲ့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ပစ်မှတ်ကို အစ္စရေးလေယာဉ်က ပစ်ခတ်တိုက်ခိုက် ရာကနေ အခုလို ထိမှန်သွားပုံ ရတယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောပါတယ်။

Saturday, August 2, 2014

ဖမ်းဆီးခံ အစ္စရေးလ် စစ်သား ပြန်လွှတ်ဖို့ အိုဘားမားတောင်းဆို ...!

ဖမ်းဆီးခံ အစ္စရေးလ် စစ်သား ပြန်လွှတ်ဖို့ အိုဘားမားတောင်းဆို 


အမေရိကန်သမ္မတ Barack Obama အိမ်ဖြူတော်တွင် မိန့်ခွန်းပြော၊ (သြဂုတ် ၁၊ ၂၀၁၄)။

by ဗွီအိုအေ (မြန်မာပိုင်း)

ဟာမားစ်အဖွဲ့အနေနဲ့ သောကြာနေ့ကတိုက်ခိုက်မှုတွေအတွင်း ဖမ်းဆီးလိုက်တဲ့ အစ္စရေးလ်စစ်သားကို ချွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရမယ်လို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက ပြောကြားလိုက်ပါတယ်။

Friday, August 1, 2014

အစ္စရေးနဲ့Hamas လုပ်ရပ် စစ်ရာဇဝတ်မှုဖြစ်နိုင် ....!

အစ္စရေးနဲ့Hamas လုပ်ရပ် စစ်ရာဇဝတ်မှုဖြစ်နိုင် 


(UN High Commissioner for Human Rights )ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Navi Pillay။

by ဗွီအိုအေ (မြန်မာပိုင်း)

ဂါဇာဒေသမှာ တိုက်ခိုက်နေကြတဲ့ အစ္စရေးနဲ့ Hamas စစ်သွေးကြွတွေရဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ် ပစ်မှုမြောက်နိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး နာဗီပီလေး (Navi Pillay) က ပြောကြားလိုက်ပါတယ်။

Tuesday, July 29, 2014

Hamas အပေါ် စစ်ဆင်မှု ကြာရှည်နိုင်ကြောင်း အစ္စရေးဝန်ကြီးချုပ် သတိပေး ....!

Hamas အပေါ် စစ်ဆင်မှု ကြာရှည်နိုင်ကြောင်း အစ္စရေးဝန်ကြီးချုပ် သတိပေး

 

အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu

by ဗွီအိုအေ (မြန်မာဌာန)

စစ်ဒဏ်ခံနေရတဲ့ ဂါဇာဒေသအခြေအနေဟာ အတော်ကြီးကို စိုးရိမ်စရာကောင်းနေပြီလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုလိုက်သလို ဒီအခြေအနေတွေအပေါ် အစ္စရေးနဲ့ ဟားမတ်စစ်သွေးကြွတွေကို အပြစ်တင်လိုက်ပါတယ်။ နှစ်ဖက်အကြား ချက်ခြင်းဆိုသလို အပစ်အခတ် ရပ်စဲကြဖို့ကိုလည်း အခြား ကမ္ဘာ့ခေါင်းဆောင်တွေနဲ့အတူ ကုလသမဂ္ဂအကြီးအကဲ က တောင်းဆိုလိုက်ပါတယ်။

Sunday, July 27, 2014

အစ္စရေး-ပါလက်စတိုင်း ယာယီအပစ်ရပ်မှု အောင်မြင် ...!

အစ္စရေး-ပါလက်စတိုင်း ယာယီအပစ်ရပ်မှု အောင်မြင် 


ဂါဇာအရေး တွေ့ဆုံနေကြတဲ့ အမေရိကန်၊ ကာတာ၊ တူရကီ၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီနဲ့ အီတလီ နိုင်ငံခြားရေးဝန်ကြီးများ။ (ဂျူလိုင် ၂၆၊ ၂၀၁၄)

ဗွီအိုအေ (မြန်မာဌာန)
ဂါဇာကမ်းမြောင်ဒေသမှာ လူသားချင်းစာနာမှုအခြေခံနဲ့ ၁၂ နာရီကြာ အပစ်အခတ်ရပ်စဲထားတာကို တိုးချဲ့ဖို့ နိုင်ငံ ၇ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက အစ္စရေးလ်စစ်ဘက်နဲ့ ဟာမားစ် စစ်သွေးကြွအဖွဲ့တို့ကို တောင်းဆိုနေပါတယ်။

Friday, July 25, 2014

အစ္စရေး သမ္မတ Shimon Peres ရာထူးကနှုတ်ထွက် ...!

အစ္စရေး သမ္မတ Shimon Peres ရာထူးကနှုတ်ထွက် 


အစ္စရေးသမ္မတ Shimon ရာထူးက နှုတ်ထွက် (ဇူလိုင် ၂၄၊ ၂၀၁၄)။

by ဗွီအိုအေ (မြန်မာပိုင်း)

အစ္စရေးနိုင်ငံ သမ္မတ ရှီမွန်ပရက်ဇ်ဟာ ကြာသာပတေးနေ့မှာ ရာထူးကနေ နှုတ်ထွက်သွားပြီး၊ အစ္စရေးနိုင်ငံရဲ့ အနာဂတ် ကြီးမားမှုနဲ့ ငြိမ်းချမ်းရေးကို ကြိုတင်ဟောကိန်းထုတ်လိုက်ပါတယ်။

Thursday, July 24, 2014

အမေရိကန်နဲ့ ဥရောပလေကြောင်းတွေ အစ္စရေးလ်ကို ပျံသန်းမှုရပ် ..!

အမေရိကန်နဲ့ ဥရောပလေကြောင်းတွေ အစ္စရေးလ်ကို ပျံသန်းမှုရပ် 




by ဗွီအိုအေ (မြန်မာပိုင်း)

အခုသီတင်းပတ် အစောပိုင်းတုန်းက အစ္စရေးလ်နိုင်ငံရဲ့ အဓိကလေဆိပ်အနီး ဂါဇာဘက်က ပစ်လိုက်တဲ့ ဒုံးကျည်တွေ ကျခဲ့တဲ့အတွက် အစ္စရေးလ်ကို ပျံသန်းကြမယ့် အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပတိုက်က လေယာဉ်ခရီးစဉ်တွေ ဗုဒ္ဓဟူးနေ့မှာ ထပ်မံ ပယ်ဖျက်လိုက်ကြပါတယ်။

Wednesday, July 23, 2014

ဂါဇာအပစ်ရပ်ရေး John Kerry စေ့စပ် ...!

ဂါဇာအပစ်ရပ်ရေး John Kerry စေ့စပ် 





by ဗွီအိုအေ (မြန်မာပိုင်း)

လူရာပေါင်းများစွာ သေဆုံးခဲ့ရပြီးပြီဖြစ်တဲ့ အစ္စရေးလ်နဲ့ Hamas တို့အကြား ပဋိပက္ခ အဆုံးသတ်ရေးဆီ ဦးတည်တဲ့ တိုးတက်မှုတချို့ကို အပစ်ရပ် သဘောတူညီချက် တခုရအောင် လုပ်ဆောင်နေကြတဲ့ တာဝန်ရှိသူတွေက ရထားကြပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောလိုက်ပါတယ်။

ဂါဇာတိုက်ခိုက်မှုကြောင့် အမေရိကန်လေယာဉ်တွေ Tel Aviv ကို ပျံသန်းခွင့်ပိတ် ...!


ဂါဇာတိုက်ခိုက်မှုကြောင့် အမေရိကန်လေယာဉ်တွေ Tel Aviv ကို ပျံသန်းခွင့်ပိတ် 







by ဗွီအိုအေ (မြန်မာပိုင်း)

Tel Aviv မြို့က အစ္စရေးလ်နိုင်ငံတကာလေဆိပ်ကို ပျံသန်းမယ့် အမေရိကန်လေကြောင်းလိုင်းတွေကို အဲဒီကို မသွားဖို့ အမေရိကန် လေကြောင်းထိန်းသိမ်းရေးဌာနက ၂၄ နာရီကြာ တားမြစ်လိုက်ပါတယ်။ ဂါဇာမှာရှိတဲ့ Hamas စစ်သွေးကြွတွေ ပစ်လိုက်တဲ့ ဒုံးကျည်တစင်း အဲဒီလေဆိပ်နားကို ကျပြီးတဲ့နောက် အဲဒီလို တားမြစ်လိုက်တာပါ။