လူထုစုဝေးပွဲ ကျင်းပဖို့ အီဂျစ်စစ်အကြီးအကဲ နှိုးဆော်
အီဂျစ်နိုင်ငံမှာ ရုန်းရင်းဆန်ခတ် ဖြစ်တာတွေနဲ့ အကြမ်းဖက်ဝါဒကို ထိပ်တိုက် ရင်ဆိုင်ဖို့အတွက် စစ်တပ်ကို လုပ်ပိုင်ခွင့်ပေးရေး လာမယ့် သောကြာနေ့မှာ လူထုက အကြီးအကျယ် တောင်းဆို ဆန္ဒပြကြဖို့ အီဂျစ်စစ်တပ် အကြီးအကဲ အက်ဒဲလ် ဖာတာ အယ်လ် စီစီ (Abdel Fattah el-Sissi) ဒီကနေ့ ရုပ်မြင်သံကြားကနေ ဆော်သြလိုက်ပါတယ်။