HOME

Saturday, February 16, 2013

စတုတ္ထမြောက် တော်လှန်ရေး ...!

စတုတ္ထမြောက် တော်လှန်ရေး






                                                              

 

 
 
 
 
 
 
 
တက္ကဆပ်ပြည်နယ် လက်ခ်လန်းလေတပ်စခန်း။ အုပ်ခွဲ တပ်ကြပ်ကြီး ကာလို့စ်မရင်ဒါ၏ လက်ချောင်းများသည် ကွန်ပျူတာ ကီးဘုတ်ပေါ်တွင် သွက်လက်စွာ ပြေးလွှားလျက်ရှိသည်။ သူသည် အမှတ် ၃၃ လေတပ် ကွန်ရက်စစ် ဆင်ရေးအုပ်စု- 33rd Network Warfare Squadron မှ ဖြစ်သည်။
သူ့ရှေ့ရှိ ဖန်သားပြင် ပေါ်တွင် မြင်နေရသည့် တဖျပ်ဖျပ် ဝင်ရောက်လာနေသော အက္ခရာ သင်္ကေတများကို တွန်းထုတ်ခြင်း၊ ဖျက်ဆီးခြင်းတို့လုပ်လျက်ရှိသည်။ လေတပ် ကွန်ပျူတာစနစ်အတွင်း ဝင်ရောက်ရန် ကြိုးစားနေသော ကွန်ပျူတာဗိုင်းရပ်စ်နှင့် မသင်္ကာ ဖွယ်ရာ ထိုးဖောက်မှုများကို အက္ခ ရာသင်္ကေတများက ကိုယ်စားပြု ဖော်ပြနေခြင်းဖြစ်သည်။
ဝေးလံသီခေါင်လှသော ကမ္ဘာ့တစ်နေရာမှ တိုက်ပွဲတစ်ပွဲကို သူဆင်နွှဲနေခြင်းမဟုတ်။ ကော်ဖီရနံ့ လှိုင်လှိုင်ထနေသည့် စစ်ဆင်ရေး ရုံးခန်းတွင် ရှိနေခြင်းဖြစ်သည်။ ကမ္ဘာအရပ်ရပ်တွင် လှုပ်ရှားဆင်နွှဲ နေသော တိုက်ပွဲများတွင် ပါဝင်နေသည့် လေတပ်အုပ်စုတို့ လိုအပ်သော သတင်းအချက်အလက်များ ကို ထိန်းသိမ်းကာကွယ်နေခြင်း ဖြစ်သည်။
ကမ္ဘာတစ်လွှားတွင် အကြမ်းဖက်ဝါဒကို တိုက်ခိုက်နေသည့် အမေရိကန်စစ်တပ်များသည် လက်ခ်လန်း လေတပ်စခန်း ရှိနေသည် ကို သိကောင်းမှ သိမည် ဖြစ်သော်လည်း လေတပ်စခန်း တွင် သိုမှီးထိန်းသိမ်းထားသည့် ကွန်ပျူတာ အချက်အလက်များ ပေါ်တွင် သူတို့ ၏ စစ်ဆင်ရေးများ က အမှီပြုနေရသည်။ ထိုစစ်ပွဲသည် မည်သည့်အခါမျှ ပြီးဆုံးမည် မဟုတ်။ ထိုပွဲကို အနိုင်တိုက်ရန် အမေရိကန်လေတပ်က ဆုံးဖြတ် ထားသည်။
ကမ္ဘာလုံးဆိုင်ရာ စစ် ဆင်ရေးနှင့် မဟာဗျူဟာ တပ်မှူး ဒုဗိုလ်ချုပ်ကြီး ရောဘတ်ဂျေ Lt. Gen. Robert J. Elder က ''ရှစ်စက္ကန့် မှာပျမ်းမျှတစ်ကြိမ် ကျွန် တော်တို့ ကွန်ပျူတာတွေထဲကို ကျူးကျော်ဝင်ရောက်ဖို့ ကြိုးစားနေ တာကိုတွေ့ရ တယ်''ဟု ပြောသည်။
''တရားမဝင် ဝင် ရောက်လာသမျှကို ကျွန် တော်တို့ ဖယ်ရှားပစ်နေရ တယ်။ အကယ်၍ အပြင် စည်းကို ဖောက်ဝင်လာနိုင် တယ်ဆိုရင်တော့ အဲဒါကို သေသေချာချာ စုံစမ်းမှု တွေလုပ်ရတယ်။ ဘယ်က နေလာတာလဲ။ ဘယ်သူက လုပ်လိုက်တာလဲဆိုတာ သိ အောင်စုံစမ်းရ တယ်။ ဒီလို စုံစမ်းတဲ့အခါမယ် လျှို့ဝှက် ထောက်လှမ်း ရေးနဲ့ ဥပဒေ ထိန်းသိမ်းရေး အေဂျင်စီတွေနဲ့ ပူးပေါင်းဖော် ထုတ်တယ်။ နောက်တစ် ကြိမ် ဖောက်ဝင်မလာ နိုင်အောင် ကာကွယ်ဖို့ နည်းလမ်း ရှာရတယ်'' ဟု ဒုဗိုလ်ချုပ်ကြီးက ပြောသည်။
အမေရိကန် ကွန်ပျူတာ ကွန်ရက်သည် သန်းသောင်းများစွာ သော အချက်အလက်များကို ထိန်း သိမ်းသိုမှီးထားသည်။ တပ်လှုပ်ရှား မှုများသည် ထိုအချက်အလက်များ ပေါ်တွင် တည်မှီနေသည်။
ဥရောပ တိုက်တွင် လောင်စာဆီသယ်ပို့နေသော လေယာဉ်လမ်းကြောင်း၊ အနောက်တောင်အာရှတွင် ဆေးတပ်ဖွဲ့၏ လှုပ်ရှားမှု၊ တောင်အမေရိက ထောက်ပို့လမ်းကြောင်း၊ ပစိဖိတ် ရေနံတင်သင်္ဘောများ၏ လမ်း ကြောင်း၊ စစ်သုံးအပိုပစ္စည်းများ တင်ပို့ မှုနှင့် ထောက်လှမ်းရေးမြေပုံ စသည်တို့ကို ကွန်ပျူတာအတွင်းသိုမှီးထားသည်။ ထိုအချက်အ လက်များကို ဖောက်ထွင်း ရယူ ရန် အစဉ်အမြဲ ကြိုးစားမှုများ ရှိနေ သည်။
စစ်သားတစ်ယောက် သည် ရိုးရိုးတယ်လီဖုန်းလိုင်းကို ဖြစ် စေ၊ လက်ကိုင်ဖုန်းကို ဖြစ်စေ၊ ကွန် ပျူတာသင်ပုန်းကို သုံးသည်ဖြစ်စေ ထိုစစ်သားသည် ဆိုင်ဘာနယ်မြေ ကို ဖြတ်သန်းနေခြင်းဖြစ်သည်။ ထို ဆိုင်ဘာနယ်မြေသည် အမေရိကန် စစ်သည်များအဖို့ လုံခြုံသောနယ် မြေဖြစ်ရန်လိုအပ်သည်။ထို့ကြောင့် အမေရိကန် ဆိုင်ဘာစစ်ဆင်ရေး ဌာနချုပ်သည် အင်တာနက်နှင့် ချိတ်ဆက် ထားခြင်း မရှိသော လိုင်း နှင့် အင်တာနက်နှင့် ချိတ်ဆက် ထားသော လိုင်းနှစ်မျိုးစလုံးကို လုံ ခြုံစေရန် အမြဲမပြတ် စောင့် ကြပ် နေ ရသည်။
စစ်အသုံးဆိုင်ဘာနယ် မြေသည် အမျိုးမျိုးအဖုံဖုံသော ဆက်သွယ်ရေး၊ အချက်အလက် များကို ဖြတ်သန်းနေသည် ဖြစ်ရာ ထိုနယ်မြေကို လုံခြုံစိတ်ချစေရန် ဆောင်ရွက်ရသည့် အစီအမံများ သည် မဟာစိန်ခေါ်မှုကြီးပင် ဖြစ် သည်။
အမှန်စင်စစ် ဆိုင်ဘာ နယ်မြေသည် အန္တရာယ်မကင်း သောနယ်မြေ၊ အမြဲတမ်း တိုက်ခိုက် မှုကို ခံနေရသောနယ်မြေ ဖြစ် သည်။ ဗိုလ်ချုပ်ကြီး အဲလ်ဒါက ''အီရတ်မှာရှိနေတဲ့ စစ်သားတစ် ယောက်ဟာ လက်နက်ကို ကိုယ်နဲ့ မကွာ ဆောင်ထားရတယ်။ ဘာဖြစ် လို့လဲဆိုတော့ အချိန်မရွေး အ တိုက်ခိုက်ခံရနိုင်တယ်။ ကျွန်တော် တို့ ဆိုင်ဘာဌာနချုပ်ဟာ အမေရိ ကန်မှာ ရှိနေတော့ ရန်သူ့ နယ်မြေ မဟုတ်လို့ အတိုက်ခံရစရာအ ကြောင်းမရှိဘူးလို့ထင်ရင် မှားလိမ့် မယ်။ ကျွန်တော်တို့ ဌာနချုပ်ရဲ့ ဆိုင်ဘာနယ်မြေဟာ အစဉ်အမြဲ တိုက်ခိုက်မှုတွေ ခံနေရတယ်''
ပြင်ပအန္တရာယ်သာမဟုတ် အတွင်းအန္တရာယ်လည်း ကြီးမား စွာရှိနေသည်။ အမေရိကန်၏ ဆိုင် ဘာနယ်မြေကို အသုံးပြုနေသည့် စစ်သည်တော်တစ်ဦးသည် စိတ်မ ချရသော အင်တာနက် စာမျက်နှာ မှ ဒေါင်းလုပ်ပြုမိသည် ဖြစ်စေ၊ လက်မအရွယ် သိုလှောင် ကိရိယာ - Thumb Drive ကို ကွန်ပျူတာ တွင် တပ်ဆင်မိသည်ဖြစ်စေ ကွန် ပျူတာဗိုင်းရပ်စ် ဝင်လာနိုင်သည်။
ဆိုင်ဘာစစ်ဆင်ရေးဌာန ချုပ်တွင် တာဝန်ထမ်းဆောင်နေ ကြသော စစ်သည်များမှာ အနာ ဂတ်စစ်ပွဲ၏ ရှေ့တန်းတိုက်စစ်မှူး များ ဖြစ်ကြသည်။ ဆိုင်ဘာစစ်သူ ကြီးများ ဖြစ်ကြသည်။ လူသားတို့ လွန်ခဲ့သော ရာစုနှစ်များက စစ်ပွဲဟူ၍ သိမှတ် ထားခဲ့သော ပုံစံမှ ၂၁ ရာစု၏ စစ် ပွဲများသည် ကွဲပြားခြားနားလာ တော့မည် ဖြစ်သည်။ နေရာအတိ အကျ မဖော်ပြနိုင်သော စစ်တ လင်းဟူ ၍ ပေါ်ပေါက်လာသည်။ ယင်းတို့ ဘာသာ ဆုံးဖြတ်နိုင်သော စက်ရုပ်တို့ဖြင့် ဆင်နွှဲလာသည်။ သို့သော် လူသားတို့ ရေးဆွဲထား သည့် စစ်ပွဲတွင် လိုက်နာရမည့် စည်းကမ်း ကျင့်ဝတ်ဆိုသည်များ သည် ကွန်ပျူတာ ခေတ်မတိုင်မီက အတိုင်းပင် ရှိနေသေးသည်။
စစ်ပွဲတွင် လူသားချင်း တိုက်ခိုက်ကြသည်။ ရုပ်လောက တွင် သေကျေမှုများ၊ သွေးထွက် သံယိုမှုများ၊ အပျက်အစီးများ ဖြစ် စေ သည်။ ကျည်ဆံများ၊ ပေါက်ကွဲ မှုများ၊ တင့်ကားများသည် မြင်သာ ထင်သာသော စစ်ပွဲ၏ လက္ခဏာ များဖြစ်သည်။ ၂ဝ ရာစုစစ်ပွဲ ၏ မြင်သာထင်သာသော ဝိသေသများ ဖြစ်သည်။ ဤသည်မှာ လူသားတို့ သိမှတ်ထားသည့် စစ်ဆိုသည့်အရာ ဖြစ်သည်။ စစ်ပွဲတွင် မောင်းသူမဲ့လေယာဉ်များ အသုံးပြုလာခြင်းဖြင့် ယင်းသိမှတ်ထားမှုသည် တစ်ဝက်တစ်ပျက်သာ မှန်ကန် တော့သည်။ နည်းပညာမည်မျှတိုး တက်ထွန်းကားလာသည်ဖြစ်စေ စစ်ပွဲဆိုသည်မှာ လူသားအချင်း ချင်း ယှဉ်ပြိုင်တိုက်ခိုက်သော အ ဖြစ်အပျက် သာဖြစ်သည်။ ကိုယ် တိုင်ကိုယ်ကြပ် ပါဝင်တိုက်ခိုက်ခြင်း နှင့် အဝေးမှ စေလွှတ်တိုက်ခိုက် ခြင်းတို့ ကွာခြားလာမည်။
နည်းပညာတိုးတက်မှု သည် စစ်ပွဲအသွင်သဏ္ဌာန်ကို ပြောင်းလဲပစ်လိုက်သည်။ မိမိဘက် တွင် ထိခိုက်ကျဆုံး မရှိစေသော၊ မိမိပြည်သူများ သွေးထွက်သံယို မဖြစ်စေနိုင်သော စစ်ပွဲဟူ၍ ယခု အချိန်အထိ မပေါ်ပေါက်သေးပေ။ မိမိဘက်တွင် အထိအခိုက် အ ပျက်အစီးမရှိဘဲ စစ်ပွဲကို ဆင်နွှဲနိုင် မည်ဆိုပါက နိုင်ငံရေးတွင် အ ပြောင်းအလဲ ကြီးစွာဖြစ်စေမည် ဖြစ်သည်။ တိုင်းပြည်တစ်ပြည် သည် စစ်ပွဲ ဆင်နွှဲသည့် အခါတိုင်း ပြည်တွင်း (ဒီမိုကရေစီ နိုင်ငံများ) တွင် ပြင်းထန်သော ကန့်ကွက်မှု များကို ကြုံရလေ့ရှိသည်။ ယင်းသို့ ဖြစ်ရခြင်းမှာ တိုင်းသူပြည်သားများ၏ အသက်အိုးအိမ် အဆုံးအရှုံး မခံလို၍ဖြစ်သည်။ အကယ်၍ စက်ကိရိယာသက် သက်ဖြင့် စစ်ပွဲကို ဆင်နွှဲနိုင်မည်ဆိုလျှင် အသက် အိုးအိမ်တို့ ဆုံးရှုံးရန် အကြောင်း မရှိတော့။ ယင်းသို့ဆိုလျှင် စစ်ပွဲဆင်နွှဲရန် ယခင် ကလောက် ချင့်ချင့်ချိန်ချိန် စဉ်းစားကြတော့မည် မဟုတ်။ ထစ်ခနဲဆို စစ်ထဖြစ်ကြ မည်ဆိုလျှင် လူသားတို့ ကမ္ဘာ သည် လူသတ် ကွင်း ဖြစ်လာမည်။ နည်းပညာ ပိုင်ဆိုင်ထားသည့် နိုင်ငံကြီးများက ဆင်းရဲသောနိုင်ငံ များကို အနိုင်ကျင့်ကြမည်။ အာဖ ဂန်စစ်ပွဲကို အနာဂတ်၏ ပြယုဂ် အဖြစ် ရှုမြင်နိုင်သည်။
မှန်ကန်တော်တည့်သော စစ်ဆင်နွှဲမှုဆိုသည့် ရှေးသီအိုရီ တစ်ခု ရှိသည်။ အမှန်တကယ် လို အပ်မှသာ စစ်ပွဲကို ဆင်နွှဲရမည်။ စစ်မှ လွဲ၍ အခြားရွေးချယ်စရာ နည်းလမ်း မရှိမှသာ စစ်ပွဲကို ဆင် နွှဲရမည်။ အရပ်သူ အရပ်သားများ ကို တိုက်ခိုက်ခြင်း မပြုရဟု ယင်း သီအိုရီက ဆိုသည်။
ယခုခါ ကွန်ပျူတာ စစ်ပွဲ - Information Warfare တစ် နည်းအားဖြင့် ဆိုင်ဘာစစ်ပွဲတွင် ကွန်ပျူတာစနစ်ကို နှောင့်ယှက် ခြင်း၊ ဖျက်ဆီးခြင်းတို့ဖြင့် ဆိုင်ဘာ စစ်ပွဲကို ဆင်နွှဲနေကြသည်။ ဆိုင် ဘာစစ်ပွဲက အမှန်တယ်လိုအပ်မှု နှင့် အရပ်သူအရပ်သားဆိုသည့် သတ်မှတ်ချက်ကို ဝေဝါးစေသည်။ ရင်ဆိုင်စစ်ပွဲမရှိသော်လည်း တစ်နိုင်ငံ၏ ကွန်ပျူတာစနစ်ကို အခြား တစ်နိုင်ငံက ဝင်ရောက်နှောင့် ယှက် ခြင်းများဖြင့် စစ်ဆင်နွှဲခြင်းများ ရှိ လာသည်။
စဉ်းစားÓဏ်တု ထည့် သွင်းထားသော စက်ရုပ်စစ်သား သည် ယင်းဘာသာ ပစ်မှတ်ကို ရှာ ဖွေခြင်း၊ ပစ်ခတ်ခြင်းတို့ကို ပြုလုပ် သည်။ စက်ရုပ်စစ်သားများသည် တည်ရှိဆဲ စစ်ပွဲဆိုင်ရာ ဥပဒေများကို ရှေးဟောင်းပြတိုက်သို့ ပို့လိုက် တော့မည်။ စက်ရုပ် စစ်သား က ယင်း၏ ဆုံးဖြတ်ချက်ဖြင့် အရပ် သားများကို တိုက်ခိုက်သတ်ဖြတ် ခြင်းအပေါ် မည်သူအား အပြစ် တင်မည်နည်း၊ မည်သူ့ကို ခုံရုံးတင် မည်နည်း။ မောင်းသူမဲ့ လေယာဉ် ဖြင့် အရပ်သူ၊ အရပ်သားများအား မှားယွင်းတိုက်ခိုက်မိသည့်အခါ လေယာဉ်ကို အဝေးမှ ပဲ့ကိုင်ပေးနေသည့် စစ်ဗိုလ်အား အပြစ်တင် နိုင်သည်။ သို့သော် မောင်းသူမဲ့ လေယာဉ်အား ၄င်းဘာသာ ဆုံး ဖြတ်တိုက် ခိုက်နိုင်သောဥာဏ်ရည်တု ထည့်သွင်းပေးထားမည်ဆိုပါက ယင်းက မှားယွင်းတိုက်ခိုက်မှုအတွက် မည်သူ့ကို အပြစ်ပေးရ မည်နည်း ဟူသော ပြဿနာ ပေါ် ပေါက်လာသည်။
စက်ရုပ်/မောင်းသူမဲ့လေယာဉ် စသည်တို့ကို ကွန်ပျူတာနည်းပညာ အသုံးပြုလျက် စစ်ဆင်ရေးတွင် အသုံးပြုလျှင် ဆိုင်ဘာ စစ်ဆင်ရေးဟု ပညာရှင်များ က ယခုအခါ ယေဘုယျသတ်မှတ် ထားကြသည်။ ပင်တာဂွန် စစ်ဌာန ချုပ်ကမူ သတင်းအချက်အလက် စစ်ဆင်ရေး- Information War-fare ဆိုင်ဘာစစ်ဆင်ရေး၊ ဆိုင် ဘာတိုက်ခိုက်မှု စသည့် အမည် များ ပေးထားသည်။
၂ဝဝ၇ ခုနှစ် ရုရှားနှင့် အက်စတိုးနီးယားစစ်ပွဲတွင် ရုရှား က အက်စတိုးနီးယားနိုင်ငံ၏ ကွန်ပျူတာစနစ်ကို ဝင်ရောက်ဖျက်ဆီး သည်မှစလျက် ဆိုင်ဘာစစ်ဆင် ရေးဟူသည့် ဝေါဟာရ ခေတ်စား လာသည်။ ယင်းဆိုင်ဘာစစ်ဆင် ရေးသည် သမိုင်းတွင် ပထမဆုံး မဟုတ်ဟု ပါမောက္ခ 'တတ်ဒီယို' Mariarosaria Taddeo, a Marie Curie Fellow at the University of Hertforshire က ဆိုသည်။
အီရတ်တွင် အမေရိကန် က မောင်းသူမဲ့လေယာဉ်၊ ဆွာဒ် စက်ရုပ်များ- SWORDS Robot ဖြင့် တိုက်ခိုက်ခြင်းတို့သည် ဆိုင် ဘာစစ်ပွဲ၏ ကနဦးဟုဆိုနိုင်ကြောင်း တတ်ဒီယိုကပြောသည်။ သတင်းစစ်ဆင်ရေး- In-formation Warfare ဟု အသုံး တွင် ကျယ်နေသည့် စစ်ရေးလှုပ်ရှားမှုသည် အင်တာနက်ဆက်သွယ်ရေး တစ်ခုတည်းသာမက ကွန်ပျူတာ အသုံးပြုလျက် အခြားသော ဆိုင်ဘာနည်းလမ်းပေါင်းများစွာကိုစစ်ဆင်ရေးတွင်အသုံးပြုသည်။ ထို့ကြောင့်မည်သည့်နည်းလမ်းသည် ကွန်ပျူတာစစ်ဆင်ရေးဖြစ် သည်ဟု အတိအကျ ပြောဆိုရန်ခက်ခဲသည်။ ကွန်ပျူတာကို စစ်ရေးကိစ္စများတွင် အသုံးပြုနေသည်မှာ ကြာမြင့်လှ ပြီဖြစ်သော် လည်း နှစ်ဆယ်ရာစုနှောင်းပိုင်းမှ စလျက် စစ်ရေးတွင် ကွန်ပျူတာ အသုံးပြုမှု ကျယ်ပြန့်လာသည့်အတွက် လူသိ များလာခြင်းဖြစ် သည်။ အင်တာ နက်ဆိုသည်ကပင် စစ်ရေးဝမ်း ကြာတိုက်တွင် သန္ဓေယူခဲ့ခြင်း ဖြစ် သည်။
ကမ္ဘာအရပ်ရပ်ရှိ စစ်စ ခန်းများနှင့် ဆက်သွယ်နိုင်ရန် ဆက်သွယ်ရေးကွန်ရက်တစ်ခုကို အမေရိကန် စစ်ဌာနချုပ် ပင်တာ ဂွန်က တည်ဆောက်ခဲ့သည်။ ယင်း ကို အပါနက်- Aparnet ဟု အမည်ပေးခဲ့သည်။ ၁၉၈ဝ ပြည့် လွန်နှစ်များသို့ ရောက်သည့်အခါ ထိုကွန်ရက်ဆက်သွယ်မှုသည် ခေတ်မမီတော့သဖြင့် စနစ်သစ် တည်ဆောက်ပြီး အပါနက်ကို တက္ကသိုလ်နှင့်သုတေသန ဌာန အချင်းချင်း ဆက်သွယ်အသုံးပြုနိုင် ရန် အရပ်သားများလက်သို့ ပင် တာဂွန်က လွှဲပေးခဲ့သည်။ အပါ နက်ပေါ်တွင် ထပ်ဆင့်ဆက် သွယ် လာကြရာမှ ယနေ့ အင်တာနက် ကွန်ရက် ပေါ်ပေါက်လာခြင်း ဖြစ် သည်။
တိုင်းပြည်တစ်ပြည်ဆို သည်မှာ ထိုတိုင်းပြည်က အချုပ် အခြာအာဏာပိုင်သော နယ်မြေ ရှိ သည်။ သို့သော် အင်တာနက် အပါအဝင် ဆက်သွယ်ရေးနယ်မြေ တစ်နည်းအားဖြင့် ဆိုင်ဘာနယ်မြေ - Cyberspace သည် နယ်နမိတ် မရှိ။ မည်သူပိုင်သည်ဟု သတ်မှတ် ၍မရ။ သို့စဉ်တိုင် နိုင်ငံအများ အပြားသည် ဆိုင်ဘာနယ်မြေကို ထိန်းချုပ်ရန်၊ လွှမ်းမိုးရန် ကြိုးစား နေကြသည်။
ဆိုင်ဘာနယ်မြေကို အနီးစပ်ဆုံး အဓိပ္ပာယ် ဖွင့်ရလျှင် အီလက်ထရောနစ် အချက်ပြများ စီးဆင်းရာ၊ ပို့လွှတ်ရာ၊ လက်ခံရာ ကြားခံ နယ်ဟု ဆိုနိုင်သည်။ အမေ ရိကန် ဆိုင်ဘာစစ်ဆင်ရေးဌာန သည် အနာဂတ်ဆိုင်ဘာ စစ်သည် တော်များ ကို မွေးထုတ်ပေး လျက် ရှိ သည်။
၂ဝဝ၄ ခုနှစ်တွင် အီ ရတ်တွင် အမေရိကန်သည် ကွန်ပျူ တာဖြင့် ထိန်းချုပ်သော လက်နက် ပေါင်း ၁၅ဝ ကို အသုံးပြုခဲ့သည်။ ယခု အခါ ကွန်ပျူတာစနစ်သုံး လက်နက်ပေါင်း ၁၂ဝဝဝ ကို အသုံးပြုလျက်ရှိသည်။ ယင်းတို့ သည် စစ်သားကို အသုံးပြုသည် ထက် စရိတ်စက ပိုမိုသက်သာ သည်။ အရေးအကြီးဆုံးအချက်မှာ စစ်သားနေရာတွင် အစားထိုး အသုံးပြုလာနိုင်ခြင်းဖြစ်သည်။ စစ် သား များ စစ်မြေပြင်တွင် ကျဆုံးမှုရှိလာသည့်အခါ ပြည်တွင်းနိုင်ငံရေးတွင် ကြီးစွာသောရိုက်ခတ်မှု ရှိလာသော်လည်း စက်ရုပ်များ ဆုံးရှုံး သည့်အတွက် ဖြစ်ပေါ်သည့် ဂယက်မှာ ပြောပလောက်အောင် မရှိပေ။
စက်ရုပ်များသည် လူ သားများ ဆောင်ရွက်ရန် မဖြစ်နိုင် သည့် အသက်အန္တရာယ် ကြီးမား သောကိစ္စများ (မိုင်းရှင်းခြင်းကဲ့သို့) ကို အမှားအယွင်းမရှိ တိတိကျကျ ဆောင်ရွက်နိုင်သည်။ စစ်ပွဲကို စက်ရုပ်များဖြင့် တိုက်ခိုက်၍ အောင် မြင်ခြင်းနှင့် လူသားများက တိုက် ခိုက်အောင်မြင်ခြင်းအကြားတွင် ကြီးစွာသော ခြားနားမှု ရှိသည်။ စက်ရုပ်များသည် ဒေသခံများနှင့် ရင်းရင်းနှီးနှီး ဆက်ဆံနိုင်စွမ်းမရှိ။
အာဖဂန်နှင့် အီရတ်တို့သည် ထင် ရှားသော သာဓကများ ဖြစ်သည်။ ထိုနှစ်နိုင်ငံတွင် ဒေသခံများသည် အမေရိကန် စစ်သားများနှင့် ရင်း ရင်းနှီးနှီးမရှိကြ။ အသက်မစွန့်ဝံ့၍ စက်ရုပ်ဖြင့် စစ်တိုက်သည့်သူရဲ ဘောကြောင်သူများဟု မြင်ကြ သည်။ အာဖဂန်စစ်ပွဲ တာရှည်နေ ရခြင်းမှာ ယင်းအချက်သည် အဓိ ကအဖြစ် ပါဝင်နေသည်။
တောင်နှင့်မြောက် ကိုးရီး ယားနယ်စပ်တွင် တောင်ကိုးရီး ယားက ဖြန့်ကျက်ချထားသည့် SGR-A1 စက်ရုပ်သည် ယခင်က ကမ္ဘာပေါ်တွင် စစ်ရေး၌ အသုံးပြု ခဲ့သည့်စက်ရုပ်များနှင့် မတူခြားနား သည်။ ယင်းစက်ရုပ်အား လူသား က တိုက်ရိုက် ထိန်းချုပ် ထားသော် လည်း ပစ်မှတ်ကို ၄င်းဘာသာဆုံး ဖြတ်ပြီး ပစ်ခတ်နိုင်သည်။ လူသား ကပေးသော အမိန့်ကို စောင့်ဆိုင်း ရန်မလိုပေ။ SGR-A1 ကို ကိုးရီးယား ဆမ်ဆောင်းကုမ္ပဏီက ၂ဝဝ၆ ခု နှစ်တွင် တည်ဆောက်ပေးခဲ့ပြီး ဒေါ်လာနှစ်သိန်းတန်သည်။၅ .၅၆ ရှိသော စက်သေနတ်တပ်ဆင်ထားပြီး မြောက်နှင့်တောင်ကိုးရီးယားစစ်မဲ့ဇုန်အတွင်း ကင်းလှည့် ရာတွင် အသုံးပြုနေသည်။ လှုပ်ရှား နေသော ပစ်မှတ်အများအပြားတစ်ချိန်တည်းခြေရာခံနိုင်စွမ်းရှိပြီးပစ်ခတ်နိုင်စွမ်းလည်းရှိသည်။တပ်ဆင်ထားသောအနီအောက်ရောင်ခြည် နှင့် သာမန်ကင်မရာတို့ ဖြင့် နေ့အချိန်တွင် နှစ်မိုင်ခွဲ ဝေး သောအရပ်မှ ပစ်မှတ်နှင့် ညအခါ တွင် တစ်မိုင်ကျော် အကွာ အဝေးမှ ပစ်မှတ် များကို ရှာဖွေပစ်ခတ်နိုင် စွမ်းရှိသည်။ ယခင်အခါများက စက် ရုပ် /မောင်းသူမဲ့လေယာဉ်တို့တွင် လက်နက်တပ်ဆင် မထား သဖြင့် လူ သားများကို အန္တရာယ်မပြုနိုင်ပေ။ ယခု အခါ လက်နက်များ တပ်ဆင် လာသဖြင့် မှားယွင်းပစ်ခတ်မိသော အဖြစ်အပျက်များ ရှိလာသည်။
သတင်းအချက်အလက် နှင့် ဆက်သွယ်မှုတော်လှန်ရေး- Information Revolution ဟု တင်စားရလောက်အောင် သတင်း အချက်အလက်များ မြန်ဆန်စွာ စီးဆင်းနိုင်လာသည်။ လူသားချင်းဆက်သွယ်ရာတွင် အကွာအဝေးသည် အဟန့်အတား မဟုတ်တော့။ လူနေမှုဘဝကို ကြီးမားစွာ ပြောင်းလဲစေခဲ့သည်။ ကွန်ပျူတာနည်းဖြင့် ဆက်သွယ်ရာနေရာသည် ရုပ်လောက မဟုတ်သော်လည်း ယင်းနယ်မြေ (ဆိုင်ဘာနယ် မြေ) တွင် ဖြစ်ပျက်နေမှုများသည် လူများ၊ နိုင်ငံများအပေါ် သြဇာ သက်ရောက်မှု ရှိလာသည်။ ထိုနယ် မြေသည် အရေးပါလာသည်။ ထို့ ကြောင့် အပိုင်စီးရန်၊ ထိန်းချုပ်ထား နိုင်ရန် ကြိုးစားမှုများ ရှိလာသည်။ ဆိုင်ဘာနယ်မြေကို လွှမ်းမိုးနိုင်သူ သည်အာဏာပိုင်ဖြစ်လာသည်။
နိုင်ငံတစ်နိုင်ငံသည် ယင်း၏အင်အားကို ဆိုင်ဘာနယ် မြေတွင် ပြသနိုင်သည်။ နိုင်ငံ အင် အားဟူသည် စစ်သည် အင်အား၊ လေ ယာဉ်၊ တင့်ကား၊ ဒုံးပျံ၊ စစ် သင်္ဘောတို့မျှ မကတော့။ ဆိုင်ဘာနယ်မြေ၏အပေါ် သြဇာသက် ရောက်နိုင်မှု၊ အန္တရယ်ပြုနိုင်မှု အနေ အထားကို ထည့်သွင်းတွက် ချက်ရန် လိုအပ်လာသည်။
စက်ရုပ်များကို စစ်ရေး တွင် အသုံးပြုလာကြသည့်အတွက် မည်သို့သော အကျိုးသက်ရောက်မှု များရှိလာမည်ကို မှန်းဆရန် ခက်ခဲသော်လည်း သွေးထွက်သံယို ပဋိပက္ခများ အရှိန်မြင့်လာမည်ဟု ဟောကိန်းထုတ်နိုင်သည်။ နိုင်ငံရေးသမားများအဖို့ စစ်ဆင်နွှဲ ရန် ယခင်ကလောက် တွန့်ဆုတ်နေကြ တော့မည် မဟုတ်ဟု ပါမောက္ခ တတ်ဒီယိုက ဆိုသည်။
ပေါက်ကွဲစေတတ်သော ယမ်း၊ ဓာတုပစ္စည်းများကို အသုံး မပြုစေကာမူ ကွန်ပျူတာ စစ်ဆင် ရေးသည် ပေါက်ကွဲစေတတ်သော ပစ္စည်းများကို အသုံးပြုသကဲ့သို့ သေကျေပျက်စီးမှုများကို ဖြစ်ပေါ် စေနိုင်သည်။ လေကြောင်းထိန်း သိမ်းရေးစနစ် ကို နှောင့်ယှက် လိုက် ရုံမျှဖြင့် လေယာဉ်အစင်းပေါင်းများ စွာ ပျက်ကျနိုင်သည်။ ရထားထိန်း ချုပ်ရေးစနစ်ကို ဖျက်ဆီးလိုက်ရုံနှင့် ရထားမှောက်ခြင်း၊
လမ်းချော်ကျ ခြင်း၊ တိုက်မိခြင်းတို့ ဖြစ်စေကာ အသက်ပေါင်းများစွာကို ဆုံးရှုံးစေ နိုင်သည်။ ယမ်းတစ်ပေါင်၏ ပေါက်ကွဲမှုကြောင့် ပျက်စီးနိုင်ခြေ ကို ခန့်မှန်းတွက်ချက်နိုင်သော်လည်း ကွန်ပျူတာစနစ်ကို တိုက် ခိုက်ခြင်းကြောင့် သေကျေပျက်စီးမှုကို တွက်ချက်ရန် မဖြစ်နိုင်။ မဖြစ် နိုင်ဆိုသည်ထက် မဖြစ်နိုင်သေးပေ ဟု ဆိုရမည်။ ပါမောက္ခ တတ်ဒီယို နှင့် အဖွဲ့က တွက်ချက်နိုင်ရန် ကြိုးစားလျက် ရှိ သည်။
ကော့ပါးနိကပ်ခေတ် ရီ နေဆန်တော်လှန်ရေးမှ စတင်ရေ တွက်လျင် သတင်းအချက်အလက် တော်လှန်ရေး သို့မဟုတ် ကွန်ပျူ တာ တော်လှန်ရေးသည် စတုတ္ထ မြောက်တော်လှန်ရေးဟု အတွေး အခေါ်ပညာရှင်များက သတ်မှတ် ကြသည်။ ထိုတော်လှန်ရေး များ၏ ထူးခြားချက်မှာ လူသားတို့၏ ခံယူ ချက်များ ထူးခြားစွာ ပြောင်းလဲသွား ခြင်းဖြစ်သည်။
စက်သေနတ်နှင့် လေ ယာဉ်တို့ ပေါ်လာသည့်အချိန်တွင် စစ်ပွဲအပေါ် လူသားတို့ ယူဆ သည့် အယူအဆသည် ပြောင်းလဲ ခြင်း မရှိသေးပေ။ သို့သော် သတင်းအချက်အလက် တော်လှန်ရေး၏ အကျိုးဆက်အဖြစ် စစ်ပွဲဆိုသည့် အယူအဆသည် ပြောင်း လဲသွားရသည်။
သတင်းအချက်အလက် တော်လှန်ရေး ကြောင့် စစ်မြေပြင်တစ်ခု တိုးလာသည်။ ဆိုင်ဘာနယ် မြေသည် စစ်မြေပြင်ဖြစ်လာသည်။ အင်တာနက်ပေါ် တွင် တစ်ဦးကိုတစ်ဦး စစ်ဆင်ကြသည်။ တစ်ဦး၏ ကွန်ပျူတာစနစ်ကို အခြားတစ်ဦးက နှောင့်ယှက်တိုက် ခိုက် သည်။ လူသားချင်းတိုက်ခိုက်ခြင်း မဟုတ်တော့။ ကွန်ပျူတာချင်း စီးချင်းထိုးကြသည်။ ဆိုင်ဘာစစ်မြေ ပြင်သည် ရုပ်ဝတ္ထု ဒြပ် သားမရှိ၊ အကောင်အထည်၊ အကျယ်အဝန်းကို သတ်မှတ်နိုင်ခြင်းမရှိ။ စစ်ပွဲဟူ သည် ရုပ်လောကတွင်း၌ သာ ဖြစ်ပျက် သည် ဆိုသော အယူအဆမမှန်တော့ပေ။
စစ်သားနှင့် အရပ်သား စည်းခြားထားသော မျဉ်းကြောင်းသည် ဆိုင်ဘာစစ်ပွဲတွင် မှေးမှိန်သွား သည်။ ယေဘုယျ သတ်မှတ်ချက် အရ ယူနီဖောင်းဝတ် ထားသူသည် စစ်သားဖြစ်ပြီး ယူနီဖောင်း မဝတ်သူ သည် အရပ်သားဖြစ်သည်ဟု ဆိုသည်။ ဆိုင်ဘာစစ်ပွဲ ကို ဆင်နွှဲနေသူများသည် အရပ်ဝတ်ဖြင့် ကွန်ပျူတာ ပညာရှင်များ ဖြစ်ကြသည်။ ခရီးဆောင်ကွန်ပျူ တာကို ပေါင်ပေါ်တင်လျက် ဆိုင်ဘာစစ်ပွဲကိုတစ်ကိုယ်တော် ဆင်နွှဲနိုင်သည့်အနေအထားမျိုး ဖြစ်နေသည်။ စစ်သား နှင့် အရပ်သားခြားနားမှု သည် ဝေဝါး သွား သည်။ သတ် သတ်မှတ်မှတ် မဟုတ်တော့။ မသတ်မှတ်နိုင်တော့။ မည်သူသည် စစ်ပွဲတွင်ပါဝင်တိုက်ခိုက်နေသည်ကို ခွဲခြားရန် ခက်ခဲလာသည်။
စစ်ပွဲဆိုင်ရာ ဥပဒေ၏ သတ်မှတ်ချက်တွင် အရပ်ဘက် ပစ်မှတ်နှင့် အရပ်သားများကို မတိုက်ခိုက် ရဟုဆိုသည်။ စစ်သားနှင့် အရပ်သား ကွဲပြားမှုမရှိသော စစ်ပွဲတွင် မည်သူသည် အရပ်သား ဖြစ်သည်၊ မည်သူ သည် စစ်သား ဖြစ်သည်ကို ခွဲခြား၍ မရတော့။
ထိုအခါ စစ်ပွဲ၏ ပစ်မှတ်များ ကျယ်ပြန့်လာ မည်။ စစ်ရေးအဆောက်အအုံနှင့် စစ်သားများသာ မကပဲ အရပ်သားများသည်လည်း ဆိုင်ဘာစစ်ပွဲမှတစ် ဆင့် ရုပ်လောက စစ်ပွဲ၏ ပစ်မှတ်များ ဖြစ်လာလိမ့်မည်။ ထို့ကြောင့် စစ်ပွဲတွင် သတင်းအရင်းအမြစ်များ ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်ကြရန် သတင်းအချက် အလက် ကျင့်ဝတ်သတ်မှတ်ထားရန် လိုအပ်ကြောင်း ပါမောက္ခ တက်ဒီယိုက ဆိုသည်။
အေးထွန်းမင်း
Ref:Cyber and Drone Attack May Change Warefare.
အေးမင်းထွန်း

No comments:

Post a Comment