HOME

Saturday, February 9, 2013

ဆီးရီးယားနိုင်ငံကို အိမ်ဖြူတော် သတိပေး

ဟစ်ဘိုလာသို့ လက်နက်များ ပေးပို့မှု ဆီးရီးယားနိုင်ငံကို အိမ်ဖြူတော် သတိပေး

 
Map of Central America
ဆီးရီးယားနိုင်ငံစခန်းကို အစ္စရေးလေတပ်က တိုက်ခိုက်ခဲ့မှုနှင့်ပတ်သက် ၍ အမြင်အမျိုးမျိုး ပေါ်ထွက်လာလျက်ရှိသည်။ ဆီးရီး ယားနိုင်ငံက အစ္စရေး လေယာဉ်များ ဒီမတ်စကတ်၏ အနောက်မြောက်ဘက်ရှိ စစ်သုတေသန ဗဟို ဌာနသို့ ဗုံးကြဲ တိုက်ခိုက် သည်ဟု ပြောဆိုခဲ့သည်။ အမေရိကန်နှင့် အခြားနိုင်ငံ အချို့က လက်ဘနွန်သို့ သွားနေသော ယာဉ်တန်းသည် လက်နက်များ တင် ဆောင်ကာ သယ်ယူသွားနေ၍ တိုက်ခိုက်ရကြောင်း စွပ်စွဲလျက်ရှိသည်။

အစ္စရေးနိုင်ငံကမူ ယင်းဖြစ်ရပ်ကို မည်သို့မှ မတုံ့ပြန်ဘဲ ရေငုံနှုတ်ပိတ် နေခဲ့သည်။ ဆီးရီးယားနိုင်ငံကမူ ကုလသမဂ္ဂသို့ ထုံးတမ်း စဉ်လာအတိုင်း တိုင် တန်းလျက် ရှိသည်။ ဒီမတ်စကတ်အစိုးရက မိမိတို့နိုင်ငံကို မိမိတို့ကာကွယ် ရမည်ဟု ပြောလျက်ရှိပြီး ရုရှားနှင့် အီရန်နိုင်ငံတို့ကမူ ယင်းသို့ တိုက် ခိုက်မှုကို လုံးဝလက်မခံနိုင်ဟု ဆိုသည်။ ဆီးရီးယားနိုင်ငံက အစ္စရေး ဂျက်တိုက်လေ ယာဉ် ပျံများသည် သုတေသနဗဟိုဌာနကို ချိန်ရွယ်ကာ တည့်မတ်စွာ ပစ်ခဲ့ သည် ဆို၏။ လူနှစ်ဦး သေဆုံး ခဲ့ကြောင်း လည်း ပြောခဲ့သည်။
အမေရိကန်မှ တာဝန်ရှိသူများက BBC ကို ပြောကြားရာ၌ အစ္စရေး လေယာဉ်များ၏ပစ်မှတ်သည် မြေပြင်မှ ဝေဟင်သို့ ပစ် ခတ်နိုင်သော SA-17 ဒုံးလက်နက် တင်ဆောင်လာသည့် ယာဉ်တန်းကို ပစ်ခတ်ခဲ့ကြောင်း ဆို သည်။
အိမ်ဖြူတော်၏ ထုတ်ပြန်ချက်၌ ဆီးရီးယားနိုင်ငံအနေနှင့် ဒေသတွင်း မတည်မငြိမ်ဖြစ်စေမည့် လက်နက်များကို ဟစ်ဘိုလာ သူပုန်များထံသို့ မပေးပို့ ရန် သတိပေးခဲ့သည်။

No comments:

Post a Comment