HOME

Friday, May 17, 2013

အာဆပ် ဆင်းပေးဖို့ အမေရိကန် တူရကီ ဖိအားပေးမည် ...!

အာဆပ် ဆင်းပေးဖို့ အမေရိကန် တူရကီ ဖိအားပေးမည် 

အမေရိကန်သမ္မတနဲ့ တူရကီဝန်ကြီးချုပ် အိမ်ဖြူတော်တွင် တွေ့ဆုံစဉ်။ ( မေ ၁၆၊ ၂၀၁၃)

by ဗွီအိုအေ (မြန်မာပိုင်း)

ဆီးရီးယားသမ္မတ Bashar al-Assad ရာထူးကနေဆင်းသွားအောင် ဆက်ပြီး
ဖိအားပေးသွားဖို့အတွက်  အမေရိကန်သမ္မတ Barack Obama နဲ့ တူရကီ ဝန်ကြီးချုပ်  Recep Tayyip Erdogan တို့က သဘောတူခဲ့ကြပါတယ်၊ သမ္မတ အာဆတ် အနေနဲ့ အသွင် ကူးပြောင်းရေး အုပ်စုကို အာဏာ လွှဲပြောင်းပေး သင့်တယ်ဆိုတာကို သူနဲ့ တူရကီဝန်ကြီးချုပ်တို့ သဘောတူခဲ့ကြတယ် လို့ အိမ်ဖြူတော်မှာ ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။



ဆီးရီးယားက အတိုက်အခံ အဖွဲ့တွေကို ဆက်လက်ထောက်ခံသွားမှာဖြစ်ပြီး ဆီးရီးယားနိုင်ငံကို အကြမ်းဖက်သမားတွေအတွက် လုံခြုံမှုရှိတဲ့ ကွန်းခိုရာအဖြစ်ကို မရောက်အောင် ကာကွယ်သွားဖို့ အမေရိကန်နဲ့ တူရကီက ဆောင်ရွက်သွားမယ်လို့လဲ Mr. Erdogan
ကပြောပါတယ်။

အာဆတ်အစိုးရကို ဖြုတ်ချနိုင်ဖို့ လေယာဉ်မပျံသန်းရေးဇုံ
သတ်မှတ်တာမျိုး ဆီးရီးယားတော်လှန်ရေးသမားတွေကို တိုက်ရိုက်
လက်နက် တပ်ဆင်ပေးတာမျိုးတွေလုပ်ဖို့ တူရကီက တိုက်တွန်းနေတာပါ။
အမေရိကန် အစိုးရဖက်ကတော့ အဲဒီလိုဆောင်ရွက်မှုမျိုးလုပ်ဖို့
ချင့်ချိန်နေပြီး ဆီးရီးယား အတိုက်အခံတွေကို လူသားချင်းစာနာမှုဆိုင်ရာ
အကူအညီနဲ့ အသက်အန္တရာယ်ကင်းတဲ့ ထောက်ပံ့မှုတွေကိုပဲ ပေးနေပါတယ်

No comments:

Post a Comment