HOME

Saturday, June 1, 2013

နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပါလက်စတိုင်းတွင် ဒေါ်လာ လေးဘီလျံရင်းနှီးမြှုပ်နှံရေးအစီ အစဉ် ဖော်ထုတ်...!


နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပါလက်စတိုင်းတွင် ဒေါ်လာ လေးဘီလျံရင်းနှီးမြှုပ်နှံရေးအစီ အစဉ် ဖော်ထုတ်!





အယ်ရှနား (ဂျော်ဒန်) အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် ပါလက်စတိုင်း
စီးပွားရေးကို မြှင့်တင်ရန်အတွက် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၄,၀၀၀ ခန့်ကို ဆွဲ
ဆောင် မည့် အစီအစဉ်တစ်ခုကို မေလ ၂၆ ရက် နေ့ကထုတ်ဖော်ပြောကြားလိုက်သည်။
အစ္စရေးနျင့် ပါလက်စတိုင်းတို့ကို ငြိမ်းချမ်းရေးဆွေးနွေးရေး စားပွဲသို့ လာရောက်ကြရန် ၀န်ကြီး

ကယ်ရီက ကြိုးစားနေစဉ် ပိုမိုကောင်းမွန်သော စီးပွားရေး အနာဂတ်အတွက် ပါလက်စတိုင်းလူ
ငယ်တို့၏ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အလုပ်အကိုင် များ ဖန်တီးပေးဖို့ အလျင်အမြန်
လိုအပ်နေကြောင်း ၀န်ကြီး ဂျွန်ကယ်ရီက ပြောသည်။
အဖွဲ့ဝင်လေးဦးပါ အရှေကအလယ်ပိုင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့၏ အထူး သံတမန် တိုနီ
ဘလဲအား အနောက်ဘက် ကမ်းဒေသတွင် စိုက်ပျိုးရေး၊ ဆက်သွယ် ရေးနည်းပညာ၊ ဆောက်
လုပ်ရေး၊ ခရီး သွားလုပ်ငန်း စသည်တို့ဖြင့် စီးပွားရေး ပြန်လည်ရှင်သန်လာရေး စီမံကိန်း တစ်ခု
ရေးဆွဲရန် ဂျွန်ကယ်ရီက တာဝန် ပေးထားသည်။
ဗြိတိသျှဝန်ကြီးချုပ်ဟောင်း မစ္စတာ ဘလဲ၏ စီမံကိန်းကို ကမ္ဘာ့ကုမ္ပဏီကြီး များ၏ အကြီးအကဲ
များကလည်း ၎င်းတို့ ၏ အားလပ်သောအချိန်များတွင် ပါဝင် ကူညီပေးလျက်ရှိသည်။ကျွမ်းကျင်
သူများက ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ လေးဘီလျံကို ပါလက်စတိုင်း စီးပွားရေးရှင်သန်ရေး ပေါ်လစီ
ချမှတ် ရာတွင် ပါလက်စတိုင်းခေါင်းဆောင် များအား ထောက်ခံအကြံပေးမှုများပြုလျက်ရှိသည်။
ပါလက်စတိုင်ွးီဏ သည် သုံးနျစ်အတွင်း ၅၀ ရာခိုင်နငန်း တိုးလာစေမည်ဟု ကျွမ်းကျင်သူများက
ယုံကြည်ထားသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကယ်ရီက ဂျော်ဒန် နိုင်ငံ ပင်လယ်နက်
ကမ်းခြေတွင် ပြုလုပ် သော ကမ္ဘာ့စီးပွားရေးဖိုရမ် ပိတ်ပွဲတွင် ပြောကြားခဲ့သည်။
ပါလက်စတိုင်းတွင်အလုပ်အကိုင်သစ်များ ဖန်တီးပေါ်ပေါက်လာမည် ဖြစ်ရာ အလုပ်လက်မဲ့ဦးရေ
ကို သုံးပုံ နှစ်ပုံလျှော့ချပြီး လက်ရှိ ၂၁ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းထိ လျှော့ချသွားနိုင်မည်။ ပျမ်းမျှ
လစာကို ၄၀ ရာခိုင်နှုန်းထိ တိုး လာစေမည်ဟု ဂျွန်ကယ်ရီက ပြော သည်။နေအိမ်တည်ဆောက်
ရေး လုပ်ငန်းမှာပင် အလုပ်အကိုင်သစ် တစ်သိန်းကို လာမည့်သုံးနှစ်အတွင်း ဖန်တီးပေးနိုင် မည့်
ခရီးသွားလုပ်ငန်းလည်း သုံးဆ တိုးလာမည်ဟုဆိုသည်။
ယနေ့အချိန်သည် အာရပ်နွေဦးလှုပ် ရှားမှုမှ ဖြည်လွှတ်ပေးလိုက်သဖြင့် စီးပွားရေးနှင့် လူမှုရေး
လွတ်လပ်မှုကို တောင့်တနေကြသော သမိုင်းဝင်အချိန် ဖြစ်သည်ကို မမေ့ကြဖို့လိုကြောင်း၊
အာရပ် နိုးကြားမှုမှ သင်ခန်းစာများကို မသိကျိုးကျွံနျင့် လျစ်လျူရှုထားခြင်းသည် အန္တရာယ် ကျ
ရောက်နိုင်ကြောင်း၊ ကျွန်ုပ် တို့၏ ဖန်တီးနိုင်စွမ်းနျင့် စွမ်းအင်ကိုအသုံးချကာ လူထုအား ပိုမိုကောင်း
မွန် သော ရွေးချယ်ပိုင်ခွင့်ကိုပေးဖို့ အရေး တကြီးလိုအပ်နေပြီး ယနေ့ အချိန်အခါ ကို အမိအရ
ဖမ်းဆုပ်ကိုင်မှု မပြုလုပ် နိုင်လျှင် အန္တရာယ်ကြီးမားသော ပဋိပက္ခ နျင့် အကြမ်းဖက်လမ်းကြောင်း
ဆီသို့ ဦးတည်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ယင်းဖိုရမ် အစည်းအဝေး
တွင် သတိပေးပြောကြား သည်။

No comments:

Post a Comment