HOME

Saturday, June 1, 2013

အမေရိကန်လက်နက်ဒီဇိုင်းပုံစံများကို တရုတ် နိုင်ငံမှ ဟက်ကာများ ၀င်ရောက်ရယူလျက်ရှိ.....!

အမေရိကန်လက်နက်ဒီဇိုင်းပုံစံများကို တရုတ် နိုင်ငံမှ ဟက်ကာများ ၀င်ရောက်ရယူလျက်ရှိ




         

အမေရိကန် အဆင့်မြင့်နောက်ဆုံး ပေါ် လက်နက်များ၏ ကွန်ပျူတာပရို ဂရမ်များစွာအတွက်
လျှို့ဝှက်ဒီဇိုင်းပုံစံများကို တရုတ် ဟက်ကာများက ခိုးဝင်ရယူခဲ့ပြီးဖြစ်ကြောင်း အမေရိကန် အ
ရာရှိများက မေလ ၂၈ ရက် နေ့တွင် ပြောကြားလိုက်သဖြင့် အမေရိကန်စစ် တပ်၏ နည်းပညာ
ဆိုင်ရာ နှာတစ်ဖျား သာမှုကို ထိခိုက်ဖွယ်ရှိလာပြီဖြစ်သည်။

ယင်းသို့ ဥပဒေချိုးဖောက်ဝင်ရောက် ခြင်းများသည် အမေရိကန် ကာကွယ် ရေး ထိပ်တန်းအရာ
ရှိများနှင့် အစိုးရ အဖွဲ့ကို ပစ်မှတ်ထားသည့် ကျယ်ပြန့်စွာ လုပ်ဆောင်နေသော တရုတ် သူလျှို
လုပ်ငန်းတစ်ခု၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်ကြောင်း ပင်တဂွန် သတင်းထုတ်ပြန် ချက်ကို ကိုး
ကား၍ရေးသားထားသည့် ၀ါရှင်တန်ပို့စ်သတင်းစာကို အမေရိ ကန် အရာရှိများက အတည်ပြု
ပြောကြား လိုက်သည်။
ဟက်ကာများသည် ဒုံးလက်နက်ကာကွယ်ရေးစနစ်များ၊ တိုက်လေယာဉ် များ၊ ရေတပ်သင်္ဘော
များအတွက်အရေး ပါသည့် လက်နက်များဆိုင်ရာ စနစ်နှစ် ဒါဇင်အတွက် ဒီဇိုင်းပုံစံများကို ခိုးဝင်
ရယူပြီးဖြစ်ကြောင်း အစိုးရနှင့် အရပ်ဘက် ဆိုင်ရာ ကျွမ်းကျင်သူများဖြင့် ဖွဲ့စည်း ထားသည့် ကာ
ကွယ်ရေးသိပ္ပံအဆင့်မြင့် အကြံပေးအဖွဲ့က ပြောသည်။ကွန်ပျူတာနည်းပညာမှ တစ်ဆင့် လျှို့ဝှက်
ထောက်လှမ်းခြင်းကြောင့် တရုတ်နိုင်ငံအတွက် အဆင့်မြင့်နည်း ပညာများကို ချိုးဖောက်ဝင်ရောက်
ရယူ နိုင်ပြီး ပဋိပက္ခဖြစ်လာပါက အမေရိကန် စစ်တပ်၏ အသာစီးရယူနိုင်မှုအပေါ် ချည့်နဲ့သွားစေ
ရန် စွမ်းဆောင်နိုင်ကြောင်း အဆိုပါ အကြံပေးအဖွဲ့က ပြောသည်။
ပင်တဂွန် အကြံပေးအဖွဲ့သည် လက်နက် ဒီဇိုင်းပုံစံများ ခိုးယူခြင်းနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ
အပေါ် စွပ်စွဲ ပြောဆိုခြင်းကို ခေတ္တမျှ ရပ်ဆိုင်းခဲ့သော် လည်း နိဂုံးချုပ်တွင်မူ တရုတ်အစိုးရကို
သတိပေး ပြောဆိုထားသည်။
"ကျွန်တော်တို့အထဲက ဘယ်၍ဘယ်မျှ သူတို့ရယူသွားပြီလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေး
ပါဘူး" ဟု အမည် ထုတ်ဖော်ပြောဆိုခြင်းမရှိသော အမေရိ ကန် ကာကွယ်ရေးအရာရှိတစ်ဦးက
အေအက်ဖ်ပီကို ပြောသည်။ဆိုက်ဘာသူလျှိုလုပ်မှုကို ယခုကဲ့သို့ လူသိရှင်ကြား ဖြစ်လာခြင်းသည်
ဩစတြေးလျနိုင်ငံ၏ ဆက်သွယ်ရေး ကွန်ရက်စနစ်များနှင့် ဆာဗာကွန်ပျူတာ များ၏ တည်နေရာ
များအပါအ၀င် ထောက်လှမ်းရေးအေဂျင်စီ ရုံးချုပ်အသစ်များ၏ ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်သည့်
အဆောက်အအုံ ပုံစံအသေးစိတ် အချက်အလက်များကို တရုတ်ဟက်ကာများက ခိုးယူပြီးဖြစ်သည်
ဟူသော သတင်းများ ထွက်ပေါ်လာခြင်းနှင့်လည်း တိုက်ဆိုက်ခဲ့သည်။
တရုတ်နိုင်ငံဘက်မှ ဒစ်ဂျစ်တယ်နည်းပညာဖြင့် သူလျှိုလုပ်မှုအပေါ် အမေရိကန် အရာရှိများသည်
ပိုမိုစိုးရိမ် လာကြရပြီး လာမည့် ရက်သတ္တပတ် အတွင်း အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့်
တရုတ်သမ္မတ ရှီကျင့်ဖျင် တို့တွေ့ဆုံရာ၌ ယခုပြသနာသည် ထိပ်ဆုံးမှ ဆွေးနွေးရမည့် အကြောင်း
အရာတစ်ရပ် ဖြစ်လာဖွယ်ရှိကြောင်း အိမ်ဖြူတော်က ပြောသည်။
"တရုတ်ခေါင်းဆောင်တွေနဲ့တွေ့ရင် အဆင့်အတန်းအမျိုးမျိုးရှိတဲ့ အရာရှိ တိုင်းနဲ့ဆွေးနွေးရမယ့်
အရေးအကြီးဆုံး ကိစ္စတစ်ရပ်ကတော့ ဒီပြသနာပါပဲ" ဟု အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျေး
ကာ နေးက သတင်းထောက်များကိုပြောသည်။
"ပြီးတော့ ကယ်လီဖိုးနီးယားပြည် နယ်မှာ သမ္မတနှစ်ဦး ဇွန်လဆန်းမှာ တွေ့ဆုံရင် ဒီကိစ္စကို အဓိ
ကထားဆွေးနွေးကြမယ်ဆိုတာကို ကျွန်တော် အသေအချာ ပြောချင်ပါတယ်" ဟု ၎င်းကဆိုသည်။
ချိုးဖောက်ဝင်ရောက် ရယူခြင်းခံခဲ့ရ သည့် လက်နက်ပုံစံဒီဇိုင်းများတွင် တိုက်ချင်းပစ် ဒုံးကျည်များ
ကို ပစ်ချရန် အတွက် အမေရိကန်စစ်တပ်၏ ပရိုဂရမ် တစ်ခုဖြစ်သော အဆင့်မြင့်ပက်ထရီယော့
စနစ်နှင့် ရေတပ်၏ အေဂျစ်ဒုံးလက်နက် ကာကွယ်ရေးစနစ်များ ပါဝင် သည်။

No comments:

Post a Comment