HOME

Saturday, November 9, 2013

အစ္စရေး ပါလက်စတိုင်းငြိမ်းချမ်းရေး ကယ်ရီ ကြိုးပမ်း.....!

အစ္စရေး ပါလက်စတိုင်းငြိမ်းချမ်းရေး ကယ်ရီ ကြိုးပမ်း



ဂျေရုဆလင် - အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး ဂျွန်ကယ်ရီသည် ငြိမ်းချမ်း ရေး
လုပ်ငန်းစဉ်ကို ပြိုလဲမည့်အရေးမှ ထိန်းသိမ်းရန် ကြိုးစားမည့် အစ္စရေးနှင့် ပါလက်စတိုင်း
ခေါင်းဆောင်များနျင့် နိုဝင်ဘာလ ၆ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကာ ကာလကြာ
မြင့်စွာ လိပ်ခဲတည်းလည်း ဖြစ်နေရသည့်သဘောတူညီမှုတစ်ခုကို ရရှိရေးအတွက် တိုက်တွန်း
ထားသည်။

နှစ်ဖက်ခေါင်းဆောင်များကို အတူ ဆုံစည်းတွေ့ဆုံ ဆွေးနွေးစေရေး အထူး တာဝန်သစ်တစ်ရပ်
အဖြစ် နိုဝင်ဘာလ ၅ ရက်နေ့၌ အစ္စရေးသို့ ဂျွန်ကယ်ရီ ရောက်ရှိခဲ့အပြီး နာရီအနညှ်းုယ်အကြာ
မှာပင် ငြိမ်းချမ်းရေး ဆွေးနွေး ညှိနှိုင်းမှုများသည် အထစ်ထစ် အငေါ့ ငေါ့ဖြစ်ခဲ့ရပြီဖြစ်ကြောင်း
ပါလက် စတိုင်း အရာရှိတစ်ဦးက ပြောခဲ့သည်။
အစ္စရေးတို့ဘက်မှ အိမ်ရာတည်ဆောက်မှုများရပ်တန့်ခြင်းမရှိသရွေ့ ပါလက်စတိုင်းဘက်မှ
တိုက်ရိုက်တွေ့ ဆုံဆွေးနွေးပွဲများ၌ပါဝင်ရန် ငြင်းဆန်သွားလိမ့်မည် ဖြစ်ကြောင်း ပါလက် စတိုင်း
အရာရှိက ပြောသည်။
ခရီးရောက်မဆိုက်ပင် ဂျွန်ကယ်ရီ သည် လွန်ခဲ့သည့် ၁၈ နျစ်က အစ္စရေးဝန်ကြီးချုပ် ရစ်ဇတ်ရာ
ဘင်ကို လုပ်ကြံ သတ်ဖြတ်ခဲ့ရာနေရာ တဲလ်အဗစ် ရင်ပြင်သို့ ပထမဆုံး သွားရောက်ခဲ့ကာ 'ငြိမ်း
ချမ်းရေးမဟာလူသား' ကို အမှတ် တရ ဂုဏ်ပြုခဲ့သည်။
သမ္မတအိမ်ဖြူတော်၌ ယခင် ပါလက် စတိုင်းခေါင်းဆောင် ယာဆာအာရာ ဖတ်နျင့် လက်ဆွဲနှုတ်
ဆက်ခဲ့သူ အစ္စရေးဝန်ကြီးချုပ်ဟောင်း ရာဘင် သည် ၁၉၉၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက် နေ့၌ ငြိမ်း
ချမ်းရေး ဆွေးနွေးပွဲများ၌ လိုက်လျောချက်များကို ဆန့်ကျင်သည့် အစ္စရေး လက်ယာအစွန်း
ရောက်တစ် ဦး၏ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။
ရင်ပြင်ရှိ အထိမ်းအမှတ်နေရာ၌ ပန်းခွေတစ်ခုကိုချလျက် ဂျွန်ကယ်ရီက ရာဘင်သည် လုပ်ကြံ
သတ်ဖြတ်ခြင်း မခံရမီ အစ္စရေးသမ္မတ ရှီမွန်ပီးရက်စ် နျင့် ငြိမ်းချမ်းရေး သီချင်းတစ်ပုဒ်ကို မည်သို့
သီဆိုခဲ့ကြောင်းကို သတိတရ ပြောဆိုခဲ့သည်။
"အခုဆိုရင် ၁၈ နှစ် တောင်ကြာခဲ့ပြီပဲ။ ၀န်ကြီးချုပ်ရာဘင် က ငြိမ်းချမ်းရေးလိုလားမှု ဘယ်လောက်
ရှိခဲ့တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ထားခဲ့တဲ့ အတိုင်းပဲ ကျွန်တော်တို့လည်း ငြိမ်းချမ်း ရေး သီချင်းတစ်
ပုဒ်ကို သတ္တိရှိရှိနဲ့ ကျယ်ကျယ်လောင်လောင် သီဆိုဖို့ အဆင်သင့် ဖြစ်ရပါတော့မယ်" ဟု ကယ်ရီ
က ပြောသည်။
သို့ရာတွင် အမည်မဖော်လိုသည့် ပါလက်စတိုင်းအရာရှိ တစ်ဦးကမူ အနောက်ဘက်ကမ်းခြေ
ဒေသတွင် ဂျူးအခြေချ နေထိုင်မှုများ ရှိနေသမျှ ကာလပတ်လုံး ဆွေးနွေးပွဲများ ဆက် လက်
ဆောင်ရွက်ရန် ပါလက်စတိုင်းတို့ က ငြင်းဆန်သွားမည်ဟု အေအက်ဖ်ပီ သတင်းဌာနကို ပြော
ခဲ့သည်။
"အစ္စရေးတွေက အိမ်ရာတည် ဆောက်တာတွေကို ဆက်လုပ်ဖို့ ဆုံးဖြတ် ထားကြတယ်။ ဒီလို
တွေလုပ်နေသမျှ ကျွန်တော်တို့ကလည်း ဆွေးနွေးညှိနှိုင်း တာတွေ ဆက်မလုပ်နိုင်ပါဘူး" ဟု
၎င်းကဆိုသည်။

No comments:

Post a Comment