HOME

Sunday, December 29, 2013

အစ္စရေးက အဖမ်းဆီခံ ပါလက်စတိုင်း အကျဉ်းသား ပြန်လွှတ်ပေးရေး ကန့်ကွက် ....!


အစ္စရေးက အဖမ်းဆီခံ ပါလက်စတိုင်း အကျဉ်းသား ပြန်လွှတ်ပေးရေး ကန့်ကွက်

By

Brokered release

အစ္စရေးမှာ အဖမ်းခံထားရတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေကို ပြန်လွှတ်ပေးမယ့် အစိုးရရဲ့ အစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ ဂျေရုဆလင်မှာ ရှိတဲ့ ၀န်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟူရဲ့ အိမ်နားမှာ အစ္စရေးတချို့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ဆန္ဒပြကြပါတယ်။

ဇူလိုင်လမှာ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ အမေရိကန်က ကြားဝင်ဆောင်ရွက်ပေးတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စတဲ့ အစိတ်အပိုင်းအနေနဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
အကြိုကာလမှာ ပါလက်စတိုင်း အကျဉ်းသား ၂၅ ယောက်ကို ဒီ ၁ ပတ်ထဲ ပြန်လွှတ်ပေးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
အကြမ်းဖက်သမားတွေကို လွှတ်ပေးလိုက်ရင် လူတွေ ဒီထက်မက သေကုန်လိမ့်မယ်လို့ တိုက်ခိုက်မှုတွေအတွင်း သေဆုံးသူတွေအတွက် တရားမျှတမှု ရရှိရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ မီယာ အင်ဒေါက ပြောပါတယ်။
အစ္စရေးနိုင်ငံရဲ့ တည်ရှိမှုကို အသိအမှတ်ပြုပြီး အစ္စရေးနဲ့ ပါလက်စတိုင်း ငြိမ်းချမ်းစွာ တည်ရှိရေး အဖြေရှာဖို့ အမေရိကန်က ကြားဝင် ကြိုးပမ်းပေးနေတာ ဖြစ်ပါတယ်။
ဒီ လုပ်ငန်းစဉ်မှာ အရေးကြီးတဲ့ ခြေလှမ်းတရပ်ကတော့ ပါလက်စတိုင်း အကျဉ်းသား ၂၄ ယောက်ကို လာမဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ပြန်လွှတ်ပေးရေးကိစ္စပဲ ဖြစ်ပါတယ်။
တတိယအသုတ်အနေနဲ့ လွှတ်ပေးမယ့်အစီအစဉ်ကို ယုံကြည်မှု တည်ဆောက်တဲ့နေရာမှာ အရေးကြီးတဲ့ ခြေလှမ်းအဖြစ် အမေရိကန်အစိုးရက ရှုမြင်ထားပါတယ်။

No comments:

Post a Comment