HOME

Saturday, January 25, 2014

ဆီးရီးယားအစိုးရနဲ့ အတိုက်အခံ တခန်းတည်း အတူထိုင်ဆွေးနွေးမည်....!

ဆီးရီးယားအစိုးရနဲ့ အတိုက်အခံ တခန်းတည်း အတူထိုင်ဆွေးနွေးမည် 


 Lakhdar Brahimi (ဇန်နဝါရီလ ၂၄၊ ၂၀၁၄)

by ဗွီအိုအေ (မြန်မာပိုင်း)

ဆီးရီးယားနိုင်ငံအတွင်း သုံးနှစ်နီးပါး ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို အဖြေရှာနိုင်ဖို့ အတွက် ဆီးရီးယား အစိုးရဖက်က ကိုယ်စားလှယ်တွေ၊ အနောက်နိုင်ငံတွေက ထောက်ခံမှုပေးထားတဲ့ အတိုက်ခံတွေဟာ ပထမဦးဆုံး အကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးနေကြပါတယ်။ စနေနေ့ ဂျနီဗာမှာ ရှိတဲ့ အခန်းတခန်းထဲမှာ နှစ်ဘက်စလုံး အတူတူ ထိုင်ပြီးတော့ ဆွေးနွေး ကြမှာဖြစ်တယ်လို့ ကုလသမဂ္ဂငြိမ်းချမ်းရေး ညှိနှိုင်းရေးမှူး လခ်ဒါ ဘရာဟီမီ ( Lakhdar Brahimi) က ပြောဆိုပါတယ်။

Monday, January 20, 2014

အီဂျစ်သမ္မတဟောင်း မော်စီ အပေါ် နောက်ထပ် စွဲချက်သစ်တင် ...!

အီဂျစ်သမ္မတဟောင်း မော်စီ အပေါ် နောက်ထပ် စွဲချက်သစ်တင် 


သမ္မတမော်စီ ထောက်ခံသူများ

by ဗွီအိုအေ (မြန်မာပိုင်း)

အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ တရားစွဲခံထားရပြီး ၊ ရာထူးကဖြုတ်ချခံလိုက်ရတဲ့ အီဂျစ်သမ္မတဟောင်း မိုဟာမက် မော်စီဟာ တရားစီရင်ရေးကို စော်ကားတယ် မထေ့မဲမြင်ပြုတယ်ဆိုတဲ့ စွဲချက်နဲ့ ထပ်ပြီးတော့ တရားရင်ဆိုင်ရမှာဖြစ်ပါတယ်။ အီဂျစ်စစ်တပ်က သူ့ကို ရာထူးကနေ မဖြုတ်ချခင်လေးမှာပဲ မစ္စတာ မော်စီက တရားသူကြီးတွေဟာ ရွေးကောက်ပွဲမှာ မသမာမှုတွေရှိခဲ့တယ်ဆိုပြီးတော့ သူ့ရဲ့ မိန့်ခွန်းထဲမှာ စွပ်စွဲသွားခဲ့ကြောင်း၊ အီဂျစ်အစိုးရပိုင် သတင်းအေဂျင်စီက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

Friday, January 17, 2014

CBN သတင်း....!

Israel Advocacy Group 'Spells it Out' for Kerry

                     

Americans For a Safe Israel 'reminds' US Secretary of State of the security threat posed by an Israeli withdrawal from Judea-Samaria.
Ari Soffer
An American pro-Israel group has weighed-in on the brouhaha over Defense Minister Moshe Ya'alon's recent controversial comments about US Secretary of State John Kerry, in which Ya'alon branded America's top diplomat "obsessive and messianic" in his quest to impose a deal between Israel and the Palestinian Authority.

နာတန်ယာဟု king ဂျော်ဒန်နှင့်တွေ့ဆုံ.......!

United States Welcomes Netanyahu-Abdullah Meeting



State Department spokeswoman says U.S. was aware in advance of PM Netanyahu's trip to Jordan.
Elad Benari
The United States on Thursday welcomed the meeting in Amman between Prime Minister Binyamin Netanyahu and Jordan’s King Abdullah II.
Netanyahu’s trip was kept under wraps until the last minute. The two leaders reportedly discussed the ongoing negotiations between Israel and the Palestinian Authority (PA).
Speaking to reporters later Thursday, State Department spokeswoman Jen Psaki said the Americans had been aware of the meeting.

ဆီးရီးယားအတိုက်အခံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပါဝင်ရေး ကန်တိုက်တွန်း ...!

ဆီးရီးယားအတိုက်အခံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပါဝင်ရေး ကန်တိုက်တွန်း 


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry

by ဗွီအိုအေ (မြန်မာဌာန)

ဆီးရီးယားနိုင်ငံက အကွဲကွဲ အပြားပြားဖြစ်နေကြတဲ့ အတိုက်အခံအင်အားစုတွေ အနေနဲ့ ရှေ့သီတင်းပတ်အတွင်း ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က တိုက်တွန်းလိုက်ပါတယ်။

Thursday, January 16, 2014

ဆီးရီးယားအတွက် ဒေါ်လာ ၂.၄ ဘီလီယံကူညီဖို့ နိုင်ငံတကာအလှူရှင်တွေ ကတိပြု ....!

ဆီးရီးယားအတွက် ဒေါ်လာ ၂.၄ ဘီလီယံကူညီဖို့ နိုင်ငံတကာအလှူရှင်တွေ ကတိပြု 




ဆီးရီးယားနိုင်ငံမှာဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေရဲ့ဒဏ်ကို ခံစားနေရသူတွေအတွက် နိုင်ငံတကာ အလှူရှင်တွေက ဒေါ်လာ ၂ ဒဿမ ၄ ဘီလီယံ ကူညီဖို့ ကတိပြုခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။

Wednesday, January 15, 2014

အီဂျစ်ဖွဲ့စည်းပုံအသစ်အတွက် လူထုဆန္ဒခံယူပွဲကျင်းပ ...!

အီဂျစ်ဖွဲ့စည်းပုံအသစ်အတွက် လူထုဆန္ဒခံယူပွဲကျင်းပ 




by ဗွီအိုအေ (မြန်မာပိုင်း)

အီဂျစ်နိုင်ငံမှာ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေသစ် ဆန္ဒခံယူပွဲအတွက် ပြည်သူတွေ အင်္ဂါနေ့က တန်းစီ စောင့်စား မဲပေးခဲ့ကြပါတယ်။ ဒီဖွဲ့စည်းပုံသစ်ကို စစ်တပ် ကျောထောက်နောက်ခံ ပေးထားတဲ့ ကြားဖြတ်အစိုးရက ရေးဆွဲထားတာဖြစ်ပါတယ်။

Tuesday, January 14, 2014

အီရန်-နျူကန့်သတ်ရေးနဲ့ ပိတ်ဆို့အရေးယူမှု လျှော့ ချရေး မကြာခင်စမည် ....!

အီရန်-နျူကန့်သတ်ရေးနဲ့ ပိတ်ဆို့အရေးယူမှု လျှော့ ချရေး မကြာခင်စမည် 


အီရန်နိုင်ငံရဲ့ရေလေး နျူကလီယားလျှပ်စစ်စက်ရုံ။

by ဗွီအိုအေ (မြန်မာဌာန)

အီရန်ရဲ့ နျူကလီယားအစီစဉ် ကန့်သတ်ရေးနဲ့ အပြန်အလှန် ပိတ်ဆို့ အရေးယူတာတွေကို လျှော့ချရေး သဘောတူညီချက်တွေကို လာမယ့် ဇန်န၀ါရီလ (၂၀) ရက်နေ့မှာ စတင် အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။

Sunday, January 12, 2014

Ariel Sharon အတွက် ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ဝမ်းနည်းစကား ...!

Ariel Sharon အတွက် ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ဝမ်းနည်းစကား 


အစ္စရေးဝ်ကြီးချုပ်ဟောင်း Ariel Sharon Nitzanim ဂျူးအခြေချနေထိုင်သူ ထောင်ပေါင်းများစွာ နေထိုင်ဖို့ ရည်မှန်းထားတဲ့ ကမ်းမြောင်ဒေသကို ကြည့်နေစဉ်။ (မေ ၁၇၊ ၂၀၀၅)

by ဗွီအိုအေ (မြန်မာဌာန)

အစ္စရေးနိုင်ငံရဲ့ သမိုင်းမှာ Ariel Sharon ရဲ့ အရေးပါတဲ့အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံခေါင်းဆောင်အတော်များများက ချီးကျူးဂုဏ်ပြု ပြောဆိုခဲ့ကြသလို သူ့အပေါ် ဝေဖန်သူတွေကလည်း Mr.Sharon ပတ်သက်ပြီးတော့ ပြောဆိုခဲ့ကြပါတယ်။

အစ္စရေးလ် ၀န်ကြီးချုပ်ဟောင်း Ariel Sharon ကွယ်လွန် ...!

အစ္စရေးလ် ၀န်ကြီးချုပ်ဟောင်း Ariel Sharon ကွယ်လွန် 


အစ္စရေးဝန်ကြီးချုပ်ဟောင်း Ariel Sharon

by ဗွီအိုအေ (မြန်မာဌာန)

အစ္စရေးဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ မစ္စတာ အရီရယ် ရှာနွန် (Ariel Sharon) ဟာ လွန်ခဲ့တဲ့ ၈ နှစ်ကတည်းက လေဖြတ်တဲ့ ဝေဒနာကို ခံစားခဲ့ပြီး ဆင့်ပွား ဖြစ်ပွားလာတဲ့ တခြားရောဂါတွေကြောင့် အသက် ၈၅ နှစ် အရွယ်မှာ ကွယ်လွန် သွားပါတယ်။

Saturday, January 11, 2014

အီရန်နျူကလီးယား ဆွေးနွေးပွဲ ရလာဒ်ကောင်း နှင့် အဆုံးသတ် ....!

အီရန်နျူကလီးယား ဆွေးနွေးပွဲ ရလာဒ်ကောင်း နှင့် အဆုံးသတ် 

အီရန်နိုင်ငံက နျူကလီးယားစက်ရုံများ။


by ဗွီအိုအေ (မြန်မာပိုင်း)

အီရန်နိုင်ငံရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်လို့ ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေ နဲ့ ဆွေးနွေးမှုမှာ အရင်တုန်းက သဘောမတူခဲ့တဲ့ အချက်တွေ အားလုံးကို အဖြေရှာ ဆွေးနွေးနိုင်ခဲ့တယ်လို့ အီရန်နျူကလီးယား စေ့စပ် ညှိနှိုင်းရေး ဒုတိယအကြီးအကဲ Abbas Araqchi က ပြောလိုက်ပါ တယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ နိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့ အီရန်အစိုးရတို့ ဂျနီဗာမြို့မှာ နှစ်ရက်ကြာ ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် နှစ်ရက်အကြာ သောကြာနေ့မှာပဲ Abbas Araqchi က အီရန်အစိုးရရုပ်မြင်သံကြားကနေတဆင့် ပြောကြားသွားတာပါ။

Wednesday, January 8, 2014

အီဂျစ်သမ္မတဟောင်းကို ဒီနေ့ ရုံးထုတ်မည်...!

အီဂျစ်သမ္မတဟောင်းကို ဒီနေ့ ရုံးထုတ်မည်


အာဏာသိမ်းခံရတဲ့ အီဂျစ်သမ္မတဟောင်း မိုဟာမက်မော်စီကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ အတွင်း သမ္မတအိမ်တော်ရှေ့ လူထုစုရုံးပွဲအတွင်း ဆန္ဒပြသမားတွေ သေဆုံးခဲ့မှုအတွက် ဒီနေ့ တရားရုံးထုတ်မှာ ဖြစ်ပါတယ်။
သမ္မတဟောင်း မိုဟာမက်မော်စီနဲ့ အခြား မွတ်စလင်ညီအစ်ကိုတော်များပါတီ ခေါင်းဆောင် ၁၄ ဦးကို အကြမ်းဖက်မှုတွေနဲ့ မင်းမဲ့စရိုက်ဆန်ဆန် သတ်ဖြတ်မှုတွေအတွက် အီဂျစ်အစိုးရက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အီဂျစ်သမ္မတဟောင်း မော်စီ (ဓာတ်ပုံ - ရိုက်တာ)
အီဂျစ်သမ္မတဟောင်း မော်စီ (ဓာတ်ပုံ – ရိုက်တာ)

Friday, January 3, 2014

နိုင်ငံခြားရေး ဝန်ကြီးကယ်ရီ အစ္စရေး ထပ်မံရောက်ရှိ ...!

နိုင်ငံခြားရေး ဝန်ကြီးကယ်ရီ အစ္စရေး ထပ်မံရောက်ရှိ 


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် အစ္စရေးဝန်ကြီးချုပ် တွေ့ဆုံ၊ (ဇန်နဝါရီ ၂၊ ၂၀၁၄)

by ဗွီအိုအေ (မြန်မာပိုင်း)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ ဆွေးနွေးပွဲလုပ်ဖို့အတွက် အစ္စရေးနိုင်ငံကို ထပ်ပြီး သွားရောက်နေပါတယ်။ အဲဒီမှာတော့ အစ္စရေး ပါလက်စတိုင်း ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ လုပ်ဆောင်နေရာမှာ အဓိကဖြစ်နေတဲ့ အကြောင်းရပ်တွေအတွက် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အဆိုပြုချက်တွေ ပါဝင်သွားတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဌာနက ပြောပါတယ်။

ဘေရွတ် ဗုံးကွဲမှု လူ ၅ ဦးထက် မနည်း သေဆုံး ....!

ဘေရွတ် ဗုံးကွဲမှု လူ ၅ ဦးထက် မနည်း သေဆုံး 


ဘေရွတ်မြို့ ဗုံးပေါက်ကွဲမှုမြင်ကွင်း။ (ဇန်နဝါရီလ ၂၊ ၂၀၁၄)

by ဗွီအိုအေ (မြန်မာပိုင်း)

တောင်ပိုင်း ဘေရွတ်က လူခြေထူထပ်တဲ့ ရပ်ကွက်တစ်ခု မှာပေါက်ကွဲမှုဖြစ် တာကြောင့် လူ ငါးဦးထက် မနည်း သေဆုံးသွားပါတယ်။ အဲဒီဒေသဟာဆိုရင် ဟစ်ဇဘိုလာတွေရဲ့ အမာခံနယ်မြေဆိုပြီး လူတွေ သိထားကြတာပါ။