HOME

Monday, February 10, 2014

ဂါဇာဒေသကို အစ္စရေးတို့က လေကြောင်း တိုက်ခိုက်......!

ဂါဇာဒေသကို အစ္စရေးတို့က လေကြောင်း တိုက်ခိုက်



 ဂါဇာဒေသကို အစ္စရေး လေကြောင်းမှ တိုက်ခိုက်


















ဂါဇာဒေသရှိ ပါလက်စတိုင်း စစ်သွေးကြွများက အစ္စရေး တောင်ပိုင်း ဒေသကို ဒုံးကျည်နှစ်စင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကို အစ္စရေးတို့က လေကြောင်း တိုက်ခိုက်မှုနှစ်ရပ် ပြုလုပ်ခြင်းဖြင့် လက်တုံ့ ပြန်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြ ထားသည်။ ပါလက်စတိုင်း စစ်သွေးကြွများ၏ ဒုံးကျည်များမှာ ကွင်းပြင်ကျယ်ကြီးများ အတွင်းသို့ ကျရောက်ခဲ့ပြီး ထိခိုက်ပျက်စီးမှု မရှိကြောင်း အစ္စရေး စစ်ဘက်က ထုတ်ပြန်သည်။


ယင်းကဲ့သို့သော တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့် အနေနှင့် လက်နက် ထုတ်လုပ်သည့် နေရာတစ်ခုနှင့် လက်နက် သိုလှောင်ရေး စခန်းတစ်ခုကို လေကြောင်းမှ တစ်ဆင့်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အစ္စရေးတို့၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ကျန်းမာရေး လုပ်သားများက ပြောကြားသွားသည်။
နယ်စပ်ဒေသ ခြံစည်းရိုးကို ပြန်လည် ပြုပြင်နေသည့် အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာန အရပ်သား ဝန်ထမ်းတစ်ဦးကို ဂါဇာဒေသရှိ လက်ဖြောင့်သမားတစ်ဦးက အင်္ဂါနေ့အတွင်း ပစ်သတ်လိုက်ရာမှတစ်ဆင့် ယခုကဲ့သို့သော နယ်စပ်ဖြတ်ကျော် အပြန်အလှန် ပစ်ခတ်မှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။






No comments:

Post a Comment