HOME

Tuesday, February 25, 2014

ဘေရွတ်ဆင်ခြေဖုံး ဗုံးကွဲမှု နှစ်ဦးသေ ...!

ဘေရွတ်ဆင်ခြေဖုံး ဗုံးကွဲမှု နှစ်ဦးသေ 


ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးတွင် ဗုံးပေါက်ကွဲပြီးနောက် မြင်ကွင်း။ အေအက်ဖ်ပီ

ဘေရွတ် - လက်ဘနွန်နိုင်ငံ၏ မြို့တော် ဘေရွတ် တောင်ပိုင်းရှိ ဆင်ခြေဖုံးဒေသတစ်ခုတွင်
ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ပြီး လူနှစ်ဦးထက်မနည်း သေဆုံးကာ
ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးဆိုင်ရာ သတင်းရင်းမြစ်တစ်ခုက
အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုများမှာ အီရန်ယဉ်ကျေးမှု စင်တာကို ပစ်မှတ်ထားခဲ့ဖွယ်ရှိကြောင်းနှင့် ပေါက်ကွဲမှု
များမှာ ယဉ်ကျေးမှုစင်တာ အဆောက် အအုံနှင့်ကပ်နေသော စင်တာ၏ လုံခြုံရေး စစ်ဆေးရေး
ဂိတ်တစ်ခုနောက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အေအက်ဖ်ပီ ဓာတ်ပုံဆရာတစ်ဦး က အခင်း
ဖြစ်ပွားရာနေရာ၌ ပြောကြားခဲ့သည်။
တစ်ပြိုင်နက်ဖြစ်ပွားသော ဗုံးပေါက်ကွဲမှု နှစ်ခုအတွင်း လူနှစ်ဦးထက်မနည်း သေဆုံးခဲ့ သော်လည်း
ယင်းတိုက်ခိုက်မှုများမှာ ကားဗုံးခွဲ တိုက်ခိုက်မှုဖြစ်သည်၊ သို့မဟုတ် အသေခံဗုံးခွဲ တိုက်ခိုက်မှုဖြစ်
သည်ဆိုသည်ကိုမူ အတည်မပြု နိုင်ကြောင်း လုံခြုံရေးသတင်းရင်းမြစ်မှ သိရသည်။
သေဆုံးသူအရေအတွက်ကို လက်ဘနွန်နိုင်ငံ ၏ အမျိုးသားသတင်းအေဂျင်စီက အတည်ပြုခဲ့ပြီး
ထိုတိုက်ခိုက်မှုကြောင့် အခြား ၃၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ပေါက်ကွဲမှုများ
ကြောင့် အခင်းဖြစ်ပွားရာ နေရာတွင် မီးခိုးငွေ့များ လိပ်တက်နေပြီး နေရာတော်တော်များများ
ပျက်စီးသွားသည့်မြင်ကွင်း ကို လက်ဘနွန်ရုပ်မြင်သံကြား၌ ပြသခဲ့သည်။
အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များက ဒဏ်ရာ ရသူများကို အခင်းဖြစ်ပွားသည့်နေရာမှ ကယ်
ထုတ်ပေးခဲ့ပြီး နယ်ခံလူများကလည်း မီးသတ် ဘူးများ ယူဆောင်လာကြကာ မီးသတ်သမား
များနှင့်အတူ မီးငြှိမ်းသတ်ရာ၌ ကူညီခဲ့ကြသည်။ ဗုံးပေါက်ကွဲမှုများမှာ မြို့တော်ဘေရွတ်၏
Bar Hassan ခရိုင်ရှိ အီရန်ယဉ်ကျေးမှုစင်တာနားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအရာရှိ
တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
Bir Hassan ခရိုင်မှာ လက်ဘနွန် ရှီးယား လှုပ်ရှားမှုအဖွဲ့ဖြစ်သော ဟစ်ဇ်ဘိုလာအဖွဲ့၏အမာခံ
နယ်မြေများဖြင့် ၀န်းရံနေခြင်းကြောင့် ဗုံးဖောက်ခွဲမှုများ လုပ်ဆောင်ရန် အဓိက ပစ်မှတ်ထားခံရ
သည့် နေရာတစ်ခုဖြစ်သည်။
လက်ဘနွန်တွင် မကြာသေးမီလများအတွင်း က ကားဗုံးခွဲတိုက်ခိုက်မှုများ၊ အသေခံဗုံးခွဲ တိုက်ခိုက်
မှုများ အများအပြားဖြစ်ပွားခဲ့သည်။ ဆီးရီးယား၌ဖြစ်ပွားနေသော ဆူပူအုံကြွမှု များကို သမ္မတ
ဘာရှာအယ်လ် အာဆတ်ဘက်က ကူညီတိုက်ခိုက်ပေးရန် ဆီးရီးယားနိုင်ငံသို့ တိုက်ခိုက်ရေးသမား
များ စေလွှတ်ထားကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့က ဆိုသည်။
ပေါက်ကွဲမှုများမှာ အီရန် ယဉ်ကျေးမှုစင်တာ အနီး၌ဖြစ်ပွားသကဲ့သို့ အီရန်သတင်းဌာန IRNA ၏
ဘေရွတ်မြို့ရုံးများနှင့် အီရန်ရုပ်သံ IRIB တို့နှင့်လည်း နီးကပ်ကြောင်း အီရန်သတင်းဌာန IRNA
က ဖော်ပြခဲ့သည်။

No comments:

Post a Comment