HOME

Monday, August 4, 2014

ဂါဇာထိုးစစ်ရပ်တန့်ရေး အမေရိကန်သမ္မတ အိမ်ဖြူတော်အပြင်ဘက်တွင် ဆန္ဒပြ...!

ဂါဇာထိုးစစ်ရပ်တန့်ရေး အမေရိကန်သမ္မတ အိမ်ဖြူတော်အပြင်ဘက်တွင် ဆန္ဒပြ


373834_White-House-protest-Israel

အစ္စရေး-ပါလက်စတိုင်းစစ်ပွဲကို ဆန့်ကျင်တဲ့ အကြီးဆုံးဆန္ဒပြပွဲတရပ်ကို ပြီးခဲ့တဲ့ သြဂုတ် ၂ ရက်နေ့က ၀ါရှင်တန်ဒီစီ အမေရိကန်သမ္မတအိမ်ဖြူတော်အပြင်ဘက်မှာ ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်က ဂါဇာမှာ ထိုးစစ်ဆင်နေတဲ့ အစ္စရေးနိုင်ငံကို လက်နက်အင်အား နဲ့ ငွေအင် အားထောက်ပံ့နေ မှုတွေကို ကန့်ကွက်ခဲ့ကြတာဖြစ်ပြီး ဂါဇာထိုးစစ်ကိုလည်း ချက်ချင်း ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ကြပါတယ်။
“လူမျိုးတုံးသတ်ဖြတ်မှုတွေကို ချက်ချင်းရပ်”၊ “ဂါဇာကို ဖွင့်ပေး” စတဲ့ ဆိုင်းဘုတ်တွေ၊ ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြတာဖြစ်ပါတယ်။
ဆန္ဒပြသူတဦးက “အမေရိကန်က ဒီစစ်ပွဲကို ရပ်ဖို့ကျတော့ မကြိုးစားပဲ၊ ငွေတွေ၊ လက်နက်တွေ ပုံအောပေးနေတယ်။ ပါလက်စတိုင်းတွေကို သတ်ဖြတ်နေတဲ့စစ်ပွဲကို ထောက်ခံ အားပေးနေတာပါ” လို့ ပြောဆိုပါတယ်။
ဆန္ဒပြသူ နောက်တဦးက “အခုဟာ လုံးဝတဖက်သတ်ကြီးပါ။ သူတို့ နားလည်ရမှာက အစ္စရေးဟာ တကမ္ဘာလုံးကို လိမ်လည်လှည့်ဖျားတဲ့နေရာမှာ အတော်ဆုံးပါ။ ဒီလိုကိစ္စမျိုးကတော့ နိုင်ငံရေးသမားတွေ အတော်ခြေတွက်ကြတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဆန္ဒပြသူတွေ ၀ါရှင်တန်ဒီစီမြို့လယ်ကို ချီတက်သွားချိန်မှာတော့ ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်သူ များပြားလာခဲ့ပါတယ်။
ဆန္ဒပြသူတဦးကတော့ အစ္စရေးအပေါ်ထားရှိတဲ့ အမေရိကန်ဆက်ဆံရေးကို ပြန်သုံးသပ် သင့်တယ်လို့ ဆိုပါတယ်။
“အမေရိကန်နဲ့ အစ္စရေးဆက်ဆံရေးက အတော်ရှုပ်ပါတယ်။ ဒီဆက်ဆံရေးကို အပြောင်းအလဲလုပ်ဖို့ ဒီအချိန်ဟာ အသင့်တော်ဆုံးပါ။ ကျနော်ပေးနေတဲ့ အခွန်ငွေတွေဟာ ဂါဇာမှာ လူ ၁၆၀၀ ကျော် အသတ်ခံရဖို့ ဖြစ်နေလို့ လာဆန္ဒပြတာပါ။ ကျနော်ပေးတဲ့ငွေနဲ့ အပြစ်မဲ့အရပ်သားတွေ၊ ကလေးတွေကို သတ်ဖြတ်နေတာအတွက် စိတ်မကောင်းဖြစ်ရပါတယ်။”
သြဂုတ် ၄ ရက် ဒီနေ့မှာတော့ လူသားချင်းအထောက်အပံ့တွေ ၀င်ရောက်နိုင်ဖို့ အကန့်အသတ်နဲ့ အပစ်အခတ်ရပ်စဲရး အစ္စရေးဘက်က စတင်ခဲ့ပါတယ်။
ထိုးစစ်အပေါ်မှာ နိုင်ငံတကာက ဆန့်ကျင်ကန့်ကွက်မှု အရှိန်မြှင့်လာချိန်မှာ အစ္စရေးဘက်က အခုလို စတင်ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။
သြဂုတ် ၄ ရက်နေ့အထိ ပါလက်စတိုင်းမှာ သေဆုံးသူ ၁၈၂၀ ဦးရှိခဲ့ပြီ ဖြစ်ပေမယ့် လိုအပ်နေတဲ့အချိန်အထိ ဂါဇာထိုးစစ်ကို ဆက်လုပ်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောဆိုထားပါတယ်။


No comments:

Post a Comment