HOME

Sunday, November 9, 2014

အစ္စရေးတွင် အာရပ်တဦးကို ရဲက ပစ်သတ်မှုကြောင့် လူထောင်ချီ ဆန္ဒပြ..!

အစ္စရေးတွင် အာရပ်တဦးကို ရဲက ပစ်သတ်မှုကြောင့် လူထောင်ချီ ဆန္ဒပြ

အစ္စရေးမှာ အာရတ်တဦးကို ရဲက သေနတ်နဲ့ ပစ်သတ်လိုက်တဲ့နောက်မှာ ထောင်နဲ့ ချီတဲ့ အာရတ်တွေ လမ်းပေါ်ထွက် ဆန္ဒပြကြပါတယ်။
ခါယာ အယ်ဒင်အယ်ဟမ်ဒင် ဆိုတဲ့ အာရတ်အမျိုးသားဟာ ရဲက ပစ်ခတ်လိုက်တဲ့အတွက် သေနတ် ဒဏ်ရာနဲ့ ဆေးရုံမှာ သေဆုံးသွားတယ်လို့ ရဲက ပြောပါတယ်။
ရဲက သူ့ ဆွေမျိုးတယောက်ကို ဖမ်းဖို့ ကြိုးစားတဲ့အချိန်မှာ သူက ရဲကို ၀င်တိုက်ခိုက်လို့ ရဲက သေနတ်နဲ့ ပစ်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။


Israeli Arab youths throw stones during clashes with Israeli police at the entrance to the town of Kfar Kanna


လူဦးရေ ၈ သန်းရှိတဲ့ အစ္စရေးမှာ ဂျူးတွေက အများစုဖြစ်ပြီး ငါးပုံတပုံကတော့ အာရတ်တွေနဲ့ မွတ်စလင်တွေ ဖြစ်ပါတယ်။
တလျှောက်လုံး ခွဲခြားဆက်ဆံခံရတာကို မကျေမနပ် ဖြစ်ပေမယ့် အကြမ်းဖက်တဲ့ အစဉ်အလာတော့ ဖြစ်တောင့် ဖြစ်ခဲ ဖြစ်ပါတယ်။
ဟမ်ဒင်နဲ့ ရဲအဖွဲ့ ထိပ်တိုက်တွေ့ပြီး နောက်ဆုံး ရဲကသေနတ်နဲ့ ပစ်ခဲ့တဲ့ပုံကို ရိုက်ကူးထားတဲ့ ဗွီဒီယိုကိုလည်း ဘိုကရာ ၀က်ဆိုက်မှာ တင်ထားပါတယ်။ ကားပေါ် ဆွဲတင်သွားတဲ့ပုံ၊ ဆေးရုံကို ပို့တဲ့ ပုံတွေအထိ  ပါဝင်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ တရားရေးဝန်ကြီးဌာန လက်အောက်ခံ ရဲစုံစမ်းရေးဌာနက စုံစမ်းနေတယ်လို့ ရဲဌာနပြောခွင့်ရ အမျိုးသမီး လူဘာ ဆမ်မရီက ပြောပါတယ်၊
အခု ဖြစ်နေတဲ့ အဓိကရုဏ်း အခြေအနေကိုလည်း သည်းခံမှာ မဟုတ်ဘဲ ဥပဒေအတိုင်း အရေးယူမယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နာတတ်ယာဟုက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
အစ္စရေးကို ဖျက်ဆီးဖို့ ကြွေးကြော်နေသူတွေကိုလည်း နိုင်ငံသား ဖြစ်ခွင့် ရုပ်သိမ်းဖို့အတွက် ပြည်ထဲရေးဝန်ကြီးကို ညွန်ကြားထားတယ်လို့ နာတန်ယာဟုက ပြောပါတယ်၊
အစ္စရေးက အာရတ်လွှတ်တော်အမတ် အာမက် တီဘီက အစိုးရလုံခြုံရေးတပ်ဖွဲ့တွေဟာ အာရတ် လူနည်းစုတွေကို ရန်သူလို သဘောထားနေတယ်။

No comments:

Post a Comment