HOME

Saturday, January 24, 2015

မက်ဒေါနား ၏ကွန်ပျူတာ ကိုတိုက်ခိုက် သည့်အစ္စရေး အမျိုးသား ဖမ်းဆီးခြင်း ခံရ...!

မက်ဒေါနား ၏ကွန်ပျူတာ ကိုတိုက်ခိုက် သည့်အစ္စရေး အမျိုးသား ဖမ်းဆီးခြင်း ခံရ
          Written by  ရိုက်တာ
    နယူးယော့ခ်။    ။အမေရိကန် အဆိုတော်  မက်ဒေါနား အပါ အဝင်ပေါ့ကြယ်  ပွင့်များ၏ ကွန်ပျူတာ များကို  တိုက်ခိုက် မှုနှင့် အွန်လိုင်းပေါ်တွင် မထုတ်လွှင့် ရသေးသည့် သီချင်း များရောင်း ချမှုဖြင့် သံသယ ရှိသူ အသက် ၃၉နှစ် အရွယ်ရှိ အစ္စရေး အမျိုးသားကို ဖမ်းဆီး ခဲ့သည်။
    Matdawnar
    အဆိုပါ အမျိုးသားကို အမည် မဖော်လို သူနိုင်ငံတကာ အနုပညာ ရှင်များ၏ သီချင်းများကို ခိုးယူ ခဲ့ခြင်းကြောင့် သံသယ ရှိမှုဖြင့် ဖမ်းဆီး ခဲ့သည် ဟုအစ္စရေး ရဲတပ်ဖွဲ့ ကပြော ကြားသည်။
    ယင်းအမှုကို စုံစမ်းနေသူ စုံစမ်းစစ်ဆေးရေးမှူးက သီချင်းများအခိုးခံရသည့် အနုပညာရှင်များတွင် မက်ဒေါနားလည်း ပါဝင် သည်ဟု အတည်ပြုပြော ခဲ့သည်။
    ဒီဇင်ဘာလက မက်ဒေါနား၏ Rebel Heartတေးသီချင်းအယ်လ်ဘမ်အသစ် မထွက်ရှိမီ လက်စမသတ် ရသေးသည့်တေး သီချင်း များပေါက်ကြား ခဲ့သည်ကို မက်ဒေါနားက အနုပညာ ဆိုင်ရာအကြမ်း ဖက်မှုအဖြစ် Instagram တွင်ဖော်ပြ ခဲ့သည်။
    သီချင်းများပေါက်ကြားမှုသည် အစ္စရေးအမျိုးသားတစ်ဦးနှင့် ဆက်စပ်မှုရှိနေသည်ဟူသော ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် မက်ဒေါနား၏ အဖွဲ့သည် သီချင်းပေါက်ကြားမှုကို အဖြေရှာရန် ပြီးခဲ့ သည့် သီတင်းပတ်များစွာက ယင်းအမျိုးသား၏ ကုမ္ပဏီကို ဆက်သွယ်ခဲ့သည်ဟု အစ္စရေးစုံစမ်းစစ်ဆေး ရေးမှူး အစ်ရှာဝစ်ဇ်မန်က ပြောကြားသည်။
    မက်ဒေါနားသည် အစ္စရေးမြို့သို့ အကြိမ်ပေါင်း များစွာ အလည်အပတ် သွားရောက်ခဲ့ပြီး တဲလ်အဗစ်မြို့တွင် ၂ဝ၁၂ ကမ္ဘာ လှည့်ဖျော်ဖြေပွဲကို ကျင်းပခဲ့သည်။
    ''စုံစမ်းစစ်ဆေးရေးမှူးက မက်ဒေါနားနေအိမ်နဲ့ စတူဒီယို အခန်းမှာရှိတဲ့ သူ့ရဲ့ကွန်ပျူတာကို အစ္စရေးနိုင်ငံရှိ ကွန်ပျူတာ တစ်လုံးက တိုက်ခိုက်ခဲ့ တာကိုတွေ့ ရှိခဲ့တယ်။ ကျွန်တော်တို့ ကွန်ပျူတာ ကိုခြေရာခံ ခဲ့တဲ့အခါ အဲဒီ အမျိုးသားက တိုက်ခိုက်မှုကို လုပ်ဆောင်နေ တာကို သိရှိခဲ့တယ်။
    လုံလောက်တဲ့ အထောက်အထားတွေ စုဆောင်းပြီးတဲ့နောက်မှာ ကျွန်တော်တို့ ရဲတပ်ဖွဲ့ကိုစေလွှတ်ခဲ့ပြီး ဇန်နဝါရီ ၂၁ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်'' ဟုဝစ်ဇ်မန် ကအေအက်ဖ်ပီ သတင်းဌာန ကိုပြောကြား ခဲ့သည်။
    အစ္စရေး ရှိ  မက်ဒေါ  နား၏ ကိုယ်စား လှယ်က  တိုင်ကြား  ခဲ့ပြီးနောက် အစ္စရေး  ဆိုက် ဘာတပ် ဖွဲ့က FBIနှင့် အတူ  စုံစမ်း  စစ်ဆေး  မှုများ  လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ ကပြော ကြားသည်။
    ''ဒီအမျိုးသားဟာ ဟက်ကာ တိုက်ခိုက်မှု၊ မူပိုင်ခွင့် ချိုးဖောက်မှု၊ လိမ်လည်မှု တို့အတွက် သံသယရှိသူ တစ်ဦးဖြစ် ပါတယ်။ စုံစမ်းစစ်ဆေးမှု များပြုလုပ်နေစဉ် အတွင်းမှာနိုင်ငံတကာ အနုပညာ ရှင်များရဲ့ ကွန်ပျူတာများ ကိုချိုးဖောက် ဝင်ရောက်မှု၊ လက်စမသတ် ရသေးတဲ့တေး သီချင်းများ ခိုးယူမှုနဲ့ အွန်လိုင်းရောင်း ချမှုတွေ အတွက် သံသယရှိသူ တစ်ဦးဖြစ်တာ ကိုတွေ့ ရှိခဲ့တယ်'' ဟုပြောရေးဆို ခွင့်ရှိသူက ပြောသည်။ လက်ရှိတွင် အဆိုပါ အမျိုးသားကို စွဲချက် တင်အမှု ဖွင့်အရေး ယူထားခြင်း မရှိသေးပေ။

    No comments:

    Post a Comment