HOME

Saturday, January 24, 2015

လက်ဘနွန်စစ်တပ်နှင့် တိုက်ပွဲများအတွင်း သေနတ်သမားသုံးဦးသေဆုံး...!

 

ဆီးရီးယားနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော လက်ဘနွန်နိုင်ငံ အရှေ့ပိုင်း နယ် စပ်ဒေသ၌ လက်ဘနွန်စစ်သား များနှင့် လက်နက်ကိုင်အဖွဲ့တစ် ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွား ခဲ့ပြီး အနည်းဆုံးသေနတ်သမား သုံးဦးသေဆုံးခဲ့သည်ဟု လက် ဘနွန် လုံခြုံရေးသတင်းရင်းမြစ် တစ်ခုက ဆိုသည်။
လက်ဘနွန်အရှေ့ပိုင်း နယ် စပ်ဒေသမှာ ဆီးရီးယားပြည်တွင်း စစ်တွင် ပါဝင်တိုက်ခိုက်နေသည့် အစ္စလာမ်မစ် စစ်သွေးကြွများ၏ ပုံမှန်ကျူးကျော်ဝင်ရောက်မှုနှင့် ရင်ဆိုင်နေရသော ဒေသဖြစ် သည်။
 သေနတ်သမားများသည် လက်ဘနွန်အရှေ့ပိုင်း နယ်စပ် ဒေသအနီးရှိ ရက်စ်ဘာအယ် ဘက်ခ်ကျေးရွာအနီးမှ စစ်စခန်း တစ်ခုကို အပြင်းအထန်တိုက် ခိုက်ခဲ့ရာ လက်ဘနွန်စစ်သားငါး ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် နှစ် ဖက်အပြန်အလှန်ပစ်ခတ်မှုများရှိ ခဲ့ကြောင်း အဆိုပါသတင်းရင်းမြစ် က ဆိုသည်။
 ယင်းတိုက်ခိုက်သူများမှာ မည်သူ့အဖွဲ့မှဖြစ်ကြောင်း မရှင်း လင်းသေးသော်လည်း အယ်လ် ကိုင်ဒါအဖွဲ့ခွဲ တစ်ဖွဲ့ဖြစ်သော အယ်လ်နူဆာရာအဖွဲ့နှင့် အစ္စ လာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) အဖွဲ့ကဲ့သို့သော ဆီးရီးယားအ ခြေစိုက် ဂျီဟတ်အဖွဲ့များသည် လက်ဘနွန်နိုင်ငံဘက်သို့ ကျူး ကျော်ဝင်ရောက်၍ တိုက်ခိုက်မှု များ ပြုလုပ်လေ့ရှိသည်။
 ရက်စ်ဘာအယ်အက်ခ် ကျေးရွာအနီး၌ တိုက်ပွဲများဆက် လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း နှင့် လက်ဘနွန်စစ်တပ်သည် ယင်းလက်နက်ကိုင်အဖွဲ့ ပစ်မှတ်များ ကို လက်နက်ကြီးများနှင့် ပြန် လည်ပစ်ခတ်နေကြောင်း လက် ဘနွန်စစ်တပ်က ထုတ်ပြန်ကြေ ညာခဲ့သော်လည်း သေဆုံးသူဦး ရေ အတိအကျကိုမူ ဖော်ပြခဲ့ခြင်းမရှိပေ။

No comments:

Post a Comment