HOME

Sunday, October 8, 2023

အစ္စရေး ပါလက်စတိုင်း တိုက်ခိုက်မှုတွေ အတွင်းမှာ နှစ်ဖက် သေဆုံးသူ ၉၇၀ နီးပါးရှိလာ

 



အစ္စရေး ပါလက်စတိုင်း တိုက်ခိုက်မှုတွေ အတွင်းမှာ နှစ်ဖက်သေဆုံးသူ ၉၇၀ နီးပါးရှိလာပြီ လို့ နှစ်ဖက်ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ပါလက်စတိုင်း အစ္စလာမ်မစ် စစ်အုပ်စု ဟားမတ်စ်အဖွဲ့ရဲ့ ရုတ်တရက်တိုက်ခိုက်မှုခံရတဲ့ စနေနေ့က စပြီး တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၆၀၀ ကျော်ရှိလာပြီ ဖြစ်တယ်လို့ အစ္စရေးအစိုးရရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ ထုတ်ပြန်ထားပါတယ်။

လူပေါင်း ၁၀၀ ကျော် ပြန်ပေးဆွဲခံရပြီး ၂၀၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

ပါလက်စတိုင်းဘက်က တော့ ဂါဇာမှာ အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၃၁၃ ဦး သေဆုံးခဲ့တယ် ပါလက်စတိုင်း တာဝန်ရှိသူတွေ အစောပိုင်းက ပြောကြားခဲ့ပါတယ်။

ဒီကနေ့ နောက်ဆုံး ထပ်မံရရှိတဲ့ သတင်းအရ ပြီးခဲ့တဲ့ စနေနေ့က စတင်ခဲ့တဲ့ အစ္စရေးတို့ဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းဘက်မှာ သေဆုံးသူ ၃၇၀ ခန့်ထိရှိလာနေတယ်လို့ ပါလက်စတိုင်း တာဝန်ရှိသူတွေ ဘက်က ပြောပါတယ်။

ဒီတိုက်ခိုက်မှု အတွင်း ပါလက်စတိုင်းဘက်က လူပေါင်း ၂၂၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

No comments:

Post a Comment