HOME

Sunday, October 8, 2023

ပါလက်စတိုင်း သေနတ်သမား ရာချီသေဆုံးပြီး ဒါဇင်ချီဖမ်းဆီးခံထားရ

 


ဂါဇာမှာ မထင်မှတ်ထားတဲ့ တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း စစ်သွေးကြွတွေဟာ အစ္စရေးကို စိမ့်ဝင် ထိုးဖောက်ခဲ့ပြီး အစ္စရေးက နေရာအချို့ကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ကြပါတယ်။

အခုတော့ အဲဒီထဲက ရာနဲ့ချီတဲ့ ပါလက်စတိုင်းသေနတ်သမားတွေ သေဆုံးပြီလို့ အစ္စရေး စစ်တပ်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက သတင်းဖော်ပြပါတယ်။

ဒါ့အပြင် ဒါဇင်နဲ့ချီတဲ့သေနတ်သမားတွေကိုလည်း အကျဥ်းသားအဖြစ် ဖမ်းထားတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

အစ္စရေးဟာ အစောပိုင်းတုန်းတော့ နေရာ ၈ ခုမှာ ပါလက်စတိုင်း ဟားမတ်စ် စိမ့်ဝင်မှုကို ဖြေရှင်းနေတယ်လို့ ပြောထားပါတယ်။

ဒီအတောအတွင်းမှာပဲ ဂါဇာ ကမ်းမြောင်နဲ့ အစ္စရေးတောင်ပိုင်းမှာ သေဆုံးတဲ့ ပါလက်စတိုင်းစစ်သွေးကြွ အယောက် ၄၀၀ ကျော်တယ်လို့ အစ္စရေးကာကွယ်ရေးတပ် IDF ပြောခွင့်ရ ဒန်နီယယ် ဟာဂါရီရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Times of Israel သတင်းဌာနက သတင်းဖော်ပြပါတယ်။

No comments:

Post a Comment