HOME

Sunday, October 23, 2011

ပါလက်စတိုင်း နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်..!


(အေအက်ဖ်ပီ)
ကိုကိုနှင့် တင်စိန် ဘာသာပြန်သည်။
အတွဲ ၂၇ ၊ အမှတ် ၅၄၀ ( ၂၁ - ၂၇ ၊ ၁၀ ၊ ၂၀၁၁)

လွတ်မြောက်လာသော ပါလက်စတိုင်းအကျဉ်းသားများအား ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ မာမွတ်အက်ဘတ်စ်က ကြိုဆိုနှုတ်ဆက်စဉ်။
(ဓာတ်ပုံ-အေအက်ဖ်ပီ)
ရာဖာ (ပါလက်စတိုင်းနယ်မြေ)- ခံစားချက်များ လွှမ်းမိုးနေပြီး မျက်ရည် စက်လက်ဖြစ်နေသူ အတော်များများ ပါဝင်သည့် ပါလက်စတိုင်း လူထုကြီးသည် အစ္စရေးနိုင်ငံနှင့် အထင်ကရ ဖြစ်သော အကျဉ်းသား ဖလှယ်မှုအစီ အစဉ်အရ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းနှင့် ဂါဇာကမ်းမြောင်ဒေသတွင် အောက်တိုဘာလ ၁၈ ရက်နေ့က လွတ်မြောက်လာသော ရာချီရှိ ပါလက်စတိုင်း နိုင်ငံရေးအကျဉ်းသား များကို ကြိုဆိုခဲ့ကြသည်။
ဖမ်းဆီးခံထားရသည့် အစ္စရေး စစ်သည် ဂီးလက်ရှာလစ်နှင့် အကျဉ်း သားချင်းဖလှယ်မှုအရ လွတ်မြောက်လာသည့် ပါလက်စတိုင်း အကျဉ်းသား ၄၇၇ ဦးအနက် ပထမနှစ်သုတ်သည် အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်ပိုင်း နေမြင့်ချိန်တွင် ဂျော်ဒန်မြစ် အနောက်ဘက် ကမ်း အရှေ့ဂျေရုဆလင် နှင့် ဂါဇာဒေသသို့ ရောက်ရှိလာခဲ့သည်။
ဂါဇာဒေသတွင် ၎င်းတို့သည် ဟားမတ်စ်အဖွဲ့ပိုင် ကားများနှင့် ကြက်ခြေနီတပ်ဖွဲ့မှ ယာဉ်တစ်စီး၊ လိုက်ပါစောင့်ရှောက်သော ဘတ်စ်ကား ရှစ်စီးပါ ယာဉ်တန်းဖြင့် ဒါဖာတွင် အီဂျစ်နယ်စပ်ကိုဖြတ်ကာ ရောက်ရှိလာ ခဲ့သည်။
ပါလက်စတိုင်းနယ်မြေတွင် ဆွေမျိုးမိတ်သင်္ဂဟများနှင့် ဟားမတ်စ် လှုပ်ရှာမှုအဖွဲ့မှ အဆင့်မြင့်အဖွဲ့ဝင်များက ကြိုဆိုခဲ့ကြသည်။
ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း ရာမာလာမြို့အနီးတွင်မူ ၎င်းတို့၏ ဆွေမျိုးများကို လက်ခံကြိုဆိုရန် ရာချီ ရှိသော ပါလက်စတိုင်း မိသားစုများ သည် အိုဖာအကျဉ်းထောင်ရှေ့တွင် စုဝေးခဲ့ကြသည်။
သို့သော် အစ္စရေးတို့က အခြားနေရာတစ်နေရာသို့ အကျဉ်းသားများကို ပို့ပေးရန်ဆုံးဖြတ်ခဲ့သည်ဟုသာ ကြားသိရသည်။
ထိုသတင်းကြောင့် ဒေါသထွက်နေသော ပါလက်စတိုင်း လူထုကြီးက အစ္စရေးတပ်ဖွဲ့များကို ခဲများဖြင့် ပစ်ပေါက်ရာ အစ္စရေး တပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ် ၍ လူစုခွဲခဲ့သည်။
နောက်ဆုံးတွင် အနောက်ဘက် ကမ်းဒေသမှ အကျဉ်းသားများကို ပါလက်စတိုင်းနယ်မြေသို့ ပို့ပေးပြီး ရာမာလာမြို့နှင့် ပါလက်စတိုင်းသမ္မတ ရုံးရှိရာ မူကာတာမြို့များသို့ တိုက်ရိုက် ခေါ်ဆောင်လာခဲ့သည်။
ထို့နောက် ထောင်သောင်းချီရှိသော ပါလက်စတိုင်းလူထုကြီးသည် ဘတ်စ် ကားများဖြင့် ရောက်ရှိလာသည့် အကျဉ်း သားများကို ပါလက်စတိုင်းသူရဲကောင်း ရာဆာအာရာဖတ် အုတ်ဂူရှိရာ အဆောက်အအုံသို့ စုဝေးရောက်ရှိခဲ့ သည်။
ပါလက်စတိုင်းသမ္မတ မာမွတ်အက် ဘတ်စ်က မိန့်ခွန်းပြောကြားခဲ့သည်။
ကက်ဇီးယော့အကျဉ်းထောင်မှ လွတ်လာသော အကျဉ်းသားပထမ အသုတ်မှာ လက်ထိတ်နှင့် သံခြေချင်းများ ခတ်ထားသည် ကိုတွေ့ရသည်။
သို့သော် ထောင်အ၀တ်အစားများကို ရိုးရိုးအရပ်ဝတ်ဖြင့် လဲထားကြသည်။ အကျဉ်းသားများကို သယ်ဆောင်လာ သော မော်တော်ယာဉ်တန်းတစ် လျှောက် ရဲ ၁,၀၀၀ ခန့် စောင့်ကြပ် လာသည်။
အစ္စရေးနိုင်ငံရှိ အီဂျစ် ကောင်စစ်ရုံးမှ အရာရှိများက လွှတ်ပေး လိုက်သော အကျဉ်းသားများကို စစ်ဆေး ကြည့်ရှုပေးကြသည်။ ပါလက်စတိုင်း အစ္စလာမ်ဝါဒီ ဟားမတ်စ်အဖွဲ့နှင့် အစ္စရေးအစိုးရအကြား အကျဉ်းသား လဲလှယ်ရေးကို အီဂျစ်က ကြားဝင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
အစ္စရေးနှင့် ၎င်း၏ခါးသီးသောရန်သူ တော် ဟားမတ်စ်အဖွဲ့အကြား ယခုရရှိ ခဲ့သော သဘောတူညီမှုတွင် ဂျူးစစ်သည် အကျဉ်းသားတစ်ယောက်အတွက် ပါလက်စတိုင်း အကျဉ်းသား ရာပေါင်း များစွာနှင့် လဲလှယ်ခဲ့ရခြင်းဖြစ်သည်။
ယခုအစီအစဉ်အားလုံး ချောချောမွေ့ မွေ့ပြီးစီးခဲ့ပါက အဖမ်းဆီးခံ ဂျူးစစ်သား တစ်ယောက် အစ္စရေးသို့ အသက်ရှင် လျက် ပြန်လည်ရောက်ရှိခြင်းမှာ ၂၆ နှစ်အတွင်း ပထမဆုံးအကြိမ်ပင် ဖြစ် လိမ့်မည်ဟု သိရသည်။
အစ္စရေးတပ်ကြပ် ရှာလစ်လွတ် မြောက်ရေးအတွက် ပါလက်စတိုင်း အကျဉ်းသား ၁,၀၂၇ ဦး လွှတ်ပေးရန် သဘောတူခဲ့ရသည်။ ထိုအထဲမှ ရာပေါင်းများစွာမှာ အစ္စရေးများကို သတ်မှုဖြင့် ထောင်ဒဏ်တစ်သက်ကျခံ နေရသူများဖြစ်သည်။
၂၀၀၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ထိုအချိန်က အသက် ၁၉ နှစ်သာရှိ သော အစ္စရေးတပ်ကြပ်လေး ရှာလစ် သည် ဂါဇာ နယ်စပ်တစ်လျှောက် တာဝန်ထမ်းဆောင်နေစဉ် ဟားမတ်စ် စစ်သွးကြွအုပ်စုက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ရှာလစ် အဖမ်းခံရပြီး သုံးရက်အကြာတွင် ဂါဇာကို အစ္စရေး တို့က အကြီးအကျယ်ထိုးစစ်ဆင်တိုက် ခိုက်ခဲ့သည်။
ရှာလစ်လွတ်မြောက်ရေး အတွက် အစ္စရေးတို့၏တိုက်ခိုက်မှုသည် ငါးလကြာခဲ့ပြီး ပါလက်စတိုင်း ၄၀၀ ကျော် သေဆုံးခဲ့သည်။
ဂါဇာတွင် ထိန်းသိမ်းခံနေခဲ့ရသော အစ္စရေးစစ်သား ဂီးလက်ရှာလစ်ကို ဟားမတ်စ်တို့က လွှတ်ပေး လိုက်ပြီဖြစ်ရာ အီဂျစ်နိုင်ငံသို့ ၁၈ ရက်နေ့က ရောက်ရှိ လာသည် အစ္စရေး ဗိုလ်မှူးကြီးတစ်ဦးက သူ၏ ကျန်းမာရေးကို စစ်ဆေးပြီး နောက် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် အစ္စရေးသို့ လွှဲပြောင်းပေး လိုက်သည်။
အစ္စရေးစစ်သည် ဂီးလက်ရှာလစ် သည် ငါးနှစ်ကျော်ကြာ ဟားမတ်စ်တို့ ဖမ်းဆီးချုပ်နှောင်ထားခြင်း ခံရပြီးနောက် အောက်တိုဘာလ ၁၈ ရက်နေ့တွင် သူ၏မိသားစုနှင့် ပထမဆုံးအကြိမ် ပြန်လည်ဆုံစည်းခဲ့သည်ဟု အစ္စရေး ၀န်ကြီးချုပ်ရုံး ကြေညာချက်ကဆိုသည်။
ကာလတာရှည် စောင့်စားခဲ့ရသော ပြန်လည်ဆုံစည်းမှုမှာ ဂါဇာတွင် ရှာလစ် ကို လွှတ်ပေးခဲ့ပြီးမကြာမီပင် တဲလ်အဗစ်မြို့အနီး တဲလ်နော့ဖ် လေတပ်အခြေစိုက်စခန်း၌ ခေါ်ဆောင် ခဲ့သည်။
ဝန်ကြီးချုပ် ဘင်ဂျမင်နေတန် ယာဟု ကိုယ်တိုင်လွတ်မြောက်လာ သော စစ်သည်ကိုကြိုဆိုခဲ့ပြီး သူ့မိဘ နှစ်ဦးဖြစ်သည့် နိုအမ်နှင့် အဗီဗာတို့ထံ လွှဲပြောင်းအပ်နှံပြီး "ခင်ဗျားတို့ သားကလေးကို ခင်ဗျားတို့လက်ထဲ ကျွန်တော်ကိုယ်တိုင် ပြန်လည်အပ်နှံ လိုက်ပြီ"ဟု ပြောကြားခဲ့သည်။
ရှာလစ်လွတ်မြောက်ရေးအတွက် အစ္စရေးနှင့် ဟားမတ်စ်အကြား သဘော တူညီချက်ရအောင် ဂျာမနီနှင့် အီဂျစ် တို့က နှစ်ပေါင်း များစွာကြားဝင်ဆောင် ရွက်ပေးနေခဲ့ကြသည်။
ပထမအသုတ်လွှတ်ပေးမည့် ၄၇၇ ဦးထဲမှ ၂၉၇ ဦးကို ဂါဇာ၊ ၁၁၇ ဦးကို အနောက်ဘက်ကမ်း၊ ၁၅ ဦးကို အရှေ့ ဂျေရုဆလင်၊ အာရပ်-အစ္စရေးဂျူးလူမျိုး ခုနစ်ဦးကို အစ္စရေးရှိ သူတို့နေအိမ်၊ အမျိုးသမီးတစ်ဦးကို ဂျော်ဒန်သို့အသီး သီးပို့ပေးမည်ဖြစ်သည်။

No comments:

Post a Comment