HOME

Tuesday, January 17, 2012

ဂါဇာမြို့မှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးပွဲတော် ...!

ကမ္ဘာတ၀ှမ်း ပြုလုပ်ကျင်းပသော ကျား၊ မ အခြေပြု အကြမ်းဖက်မှုများကိုဆန့်ကျင်သည့်၁၆ရက်တာ လှုပ်ရှားမှုအစိတ်အပိုင်းအနေဖြင့် ကုလသမဂ္ဂ အေဂျင်စီများနှင့်လူမှုလူ့အဖွဲ့အစည်းများသည် ဂါဇာကမ်းမြောင်ဒေသရှိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကိုဆန့်ကျင်တိုက်ဖျက်ရန်အတွက် ပွဲတော်တခုကိုဒီဇင်ဘာ၈ ရက်နေ့တွင်ဒုတိယအကြိမ်အဖြစ် ပြုလုပ်ခဲ့ပြီး ထိုပွဲတော်သို့လူပေါင်း၁ ထောင်ကျော်ပါဝင်တက်ရောက်ခဲ့ကြသည်။

          
ထိုပွဲတော်ကို ဂါဇာမြို့ရှိ Rashad Al-Shawwa ယဉ်ကျေးမှုဌာနတွင် ကျင်းပခဲ့ပြီး လှုပ်ရှားမှု၏ အဓိက သတင်းစကားမှာ "တိုက်ပွဲဝင်ကြစို့၊ တိတ်ဆိတ်မှုကို ဖြိုခွင်းကြစို့၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ရပ်တန့်ကြစို့" ဖြစ်သည်။


ထိုပွဲတော်တွင် ဂါဇာလူမျိုးများကိုလည်း အမျိုးသမီး လူ့အခွင့်အရေးအတွက် ပူးပေါင်းပါဝင်နိုင်ရင် အခွင့်အလမ်းများ ဖန်တီးပေးခဲ့သည်။

ယခုနှစ်တွင် ပြုလုပ်သည့် ပွဲတော်တွင် ပါလက်စတိုင်း ယဉ်ကျေးမှုအက (dabkeh) နှင့် ထိုနေ့အချိန်အခါကို ဂုဏ်ပြုအသိအမှတ်ပြုသည့်အနေဖြင့် တေးရေး  Aarab ရေးသားသည့် "Ana Mariam/ I am Mariam" သီချင်းအပါအ၀င် အခြား ဖျော်ဖြေရေးကဏ္ဍများကိုလည်း တင်ဆက်ပေးခဲ့သည်။

ထို့ပြင် အမေရိကန်နိုင်ငံ အိမ်တွင်းအကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာအဖွဲ့မှ ထုတ်ဝေသည့် "Monster in the Closet" ရုပ်ရှင်၊ rita Is-hak ၏ "The Body" ရုပ်ရှင်တို့ကိုလည်း ပြသခဲ့သည်။ ဖျော်ဖြေရေးအစီအစဉ်အားလုံးသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုသည် အများနှင့်သက်ဆိုင်သည့် ပြဿနာဖြစ်ကြောင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ကြောင်း ပရိသတ်များအား အသိပညာပေးရန် ရည်ရွယ်သည်။

ပါလက်စတိုင်းအုပ်ချုပ်သည့် နယ်မြေအတွင်းတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုသည် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေသည့် ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တခုအဖြစ် ကျန်ရစ်နေဆဲဖြစ်သည်။ Palestinian Central Bureau of Statistics (PCBS) မှ ပြုလုပ်သည့် ၂၀၁၁ ခုနှစ် ပါလက်စတိုင်းလူ့အဖွဲ့အစည်းတွင်း အကြမ်းဖက်မှုဆိုင်ရာ စစ်တမ်းတွင် ပါလက်စတိုင်းအမျိုးသမီး ၂၃.၅ ရာခိုင်နှုန်းသည် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ခံနေကြရသည်ဟု ဖော်ပြထားသည်။

ကုလသမဂ္ဂ အေဂျင်စီများကိုယ်စား အမှတ်တရစကားပြောခဲ့သော ဂါဇာကမ်းမြောင်ဒေသရှိ UNRWA ၏ Acting Deputy Director ဖြစ်သူ Ms. Cathy Howard မှ " လူတိုင်းအတွက် ငြိမ်းချမ်းသာယာ လုံခြုံအေးချမ်းတဲ့ ပတ်ဝန်းကျင်တခု ဖန်တီးဖို့အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်တဲ့ လူ့အဖွဲ့အစည်းတရပ်ဆိုတာ ကျမတို့အနေနဲ့ အခက်အခဲကြားက အောင်မြင်ပြီးမြောက်အောင် မဆုတ်မနစ် ကြိုးစား တည်ဆောက်ရမယ့် အရာတခုဖြစ်ပါတယ်။ ဒီကနေ့ပြုလုပ်တဲ့ပွဲဟာလည်း ဂါဇာကမ်းမြောင်ဒေသက အမျိုးသမီး၊ အမျိုးသားတွေအနေနဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် သူတို့ရဲ့ ထောက်ခံမှုအင်အားတွေကို ပြသနိုင်ဖို့ ပထမဆုံး ခြေလှမ်းတရပ်ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါသည်။

ထိုပွဲတော်ကို ဦးဆောင်ပြုလုပ်သည့် ကုလသမဂ္ဂ အေဂျင်စီများနှင့် လူမှုလူ့အဖွဲ့အစည်းများထဲတွင် UN Women အဖွဲ့၊ UNRWA အဖွဲ့ ၊ UNDP၊ လူ့အခွင့်အရေးကော်မရှင်ရုံး (OHCHR) နှင့် AMAL Coalition အဖွဲ့များလည်း ပါဝင်ခဲ့သည်။

No comments:

Post a Comment