HOME

Monday, January 30, 2012

အီရန် သိပ္ပံပညာရှင်သတ်မှု မသင်္ကာသူဖမ်း......!

အီရန် သိပ္ပံပညာရှင်သတ်မှု မသင်္ကာသူဖမ်း

(အေအက်ဖ်ပီ)
သန်းလွင် ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၅၄ ( ၂၇ ၊ ၁ - ၂ ၊ ၂ ၊ ၂၀၁၂)
တေရန်- အီရန်နိုင်ငံက လွန်ခဲ့သည့် သီတင်းပတ်က သိပ္ပံပညာရှင်တစ်ဦးအား သတ်ဖြတ်မှုအတွက် ဖမ်းဆီးမှုများ ပြုလုပ်ကာ အစ္စရေးနှင့် အမေရိကန်တို့ ကို ပြစ်တင်ခဲ့သည်ဟု ပါလီမန် ပြောရေးဆိုခွင့်ရှိသူ အလီလာရီဂျာနီက ဇန်န၀ါရီလ ၁၆ ရက်နေ့က ပြောသည်။

 
အကြမ်းမဖက်မှု နည်းဗျူဟာကိုသုံး၍ သေဆုံးမှုအတွက် လက်စားချေမည်ဟု သန္နိဋ္ဌာန်ချခဲ့သည်။

၎င်းက လူမည်မျှဖမ်းဆီးခဲ့သည်၊ သို့မဟုတ် မည်သည့်အခါက အဖမ်း အဆီးများပြုလုပ်သည်၊ သို့မဟုတ် သံသယဖြစ်သူများသည် မည်သူမည်ဝါ ဖြစ်ကြောင်း၊ သို့မဟုတ် မည်သည့်လူမျိုး ဖြစ်ကြောင်း အသေးစိတ်ထုတ်ပြန်ရန် သတ်မှတ်ခြင်းမပြုခဲ့ပေ။
"ကျွန်တော်တို့ဟာ သဲလွန်စတချို့ကို တွေ့ရှိခဲ့ပြီး ဖမ်းဆီးမှုတချို့ကို ပြုလုပ် ခဲ့တာပါ။ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေ ပါတယ်"ဟု လာရီ ဂျာနီက အီရန်၏ အာရာဗီဘာသာစကား အသံလွှင့်သူ အယ်လ်အာလမ်ကို ပြောသည်။
အီရန် အရာရှိမျိုးစုံက ဇန်န၀ါရီလ ၁၁ ရက်နေ့က အသတ်ခံရသော မိုစတာဖာ အာမာဒီရိုရှန်အတွက် အစ္စရေးနှင့် အမေရိကန်ကို အပြစ်တင်ခဲ့သည်။
ရိုရှန်သည် အီရန်၏ အဓိက ယူရေနီယံ ကြွယ်ဝသောစက်ရုံမှ အသက် ၃၂ နှစ် အရွယ်ရှိ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သည်။
မော်တော်ဆိုင်ကယ်ပေါ်မှ လူသတ် သမားများက ၎င်း၏ကားတွင် သံလိုက် ဗုံးတပ်ဆင်ပြီးနောက် အာမန်ဒီရိုရှန် သည် ၎င်း၏ ယာဉ်မောင်းနှင့်အတူ သေဆုံးသွားခဲ့သည်။

No comments:

Post a Comment