HOME

Sunday, February 12, 2012

၂ဝ၁၂ အမေရိကန် သမ္မတ ရွေး ကောက်ပွဲ...!

၂၀၁၂ အမေရိကန် သမ္မတရွေးပွဲ အခင်းအကျင်း  

                                                 ၂ဝ၁၂ အမေရိကန် သမ္မတ ရွေး ကောက်ပွဲက လာမယ့် နိုဝင်ဘာလမှာ ကျင်းပမှာပါ။ ကိုးလကျော်ကျော် လောက်လိုသေးတယ်။ ဒါပေမယ့် သမ္မတ ရွေးကောက်ပွဲ မတိုင်မီ အမေရိကန် နိုင်ငံရေးပါတီကြီး နှစ်ခု အတွင်း သမ္မတလောင်းရွေးပွဲတွေ ကနဦးလုပ်ကြရတယ်။ ပါတီကြီး  နှစ်ခုအတွင်း သမ္မတလောင်းတွေ  ရွေးချယ်ပြီးတော့မှ ရီပတ်ဘလီကန်  ပါတီ သမ္မတလောင်းနဲ့ ဒီမိုကရက် တစ်ပါတီ သမ္မတလောင်း နှစ်ဦး သူနိုင်ငါနိုင် အကြိတ်အနယ် ယှဉ် ပြိုင်ကြရတယ်။ နိုင်သူက သမ္မတ အဖြစ် ရွေးကောက်တင်မြှောက်ခံရ တယ်..

သမ္မတလောင်းရွေးပွဲ ဒီနှစ် သမ္မတ ရွေးကောက်ပွဲ မှာ ဒီမိုကရက်တစ် ပါတီ ဘက်မှ  လက်ရှိသမ္မတ Barack Obama ကိုယ်တိုင် သမ္မတရာထူး ဒုတိယ သက်တမ်းအတွက် ဝင်ရောက်ယှဉ် ပြိုင်မယ်ဆိုတော့ ဒီမိုကရက်တွေ အနေနဲ့ သမ္မတလောင်း ရှာပုံတော် အထူးတလည် ဖွင့်နေစရာ မလိုတော့ ဘူးပေါ့။ ၂ဝဝ၈ ခုနှစ်က ဒီမိုက ရက်တစ်ပါတီ သမ္မတလောင်းပြိုင်ပွဲ  မှာ အိုဘားမားနဲ့ ဟီလာရီ ကလင် တန်တို့ အကြိတ်အနယ် ယှဉ်ပြိုင်  ခဲ့ကြရတာကို မှတ်မိနေကြဦးမှာပါ။
          အိုဘားမားက သမ္မတ ရွေး ကောက်ပွဲဝင်မယ်ဆိုတော့ ဒီမိုကရက် တစ်ပါတီအနေနဲ့ အိုဘားမားဘက်   က ရပ်တည်ထောက်ခံပေးပြီး မဲ ဆွယ်စည်းရုံးရေး လုပ်ရုံပဲရှိတယ်။ ဒါ ကြောင့် လောလောဆယ်မှာ ဒီမိုက ရက်တစ်ပါတီ စစ်မျက်နှာမှာ အေး ဆေးငြိမ်သက်လျက်ရှိတယ်။ ရီပတ် ဘလီကန်တို့ဘက်မှာတော့ ဘယ်သူ သမ္မတလောင်း ရွေးချယ်ခံရမလဲဆို တာစောင့်ကြည့်နေကြတယ်။ရီပတ်ဘလီကန်စစ်မျက်နှာ၂ဝ၁၂ခုနှစ်မှာရီပတ်ဘလီကန်ပါတီအနေနဲ့ အိုဘားမားနဲ့ယှဉ်ပြိုင် နိုင်ဖို့သမ္မတလောင်းတစ်ဦး ရွေးချယ် ကြရမယ်။ ဒါနဲ့စကားမစပ် ပြောရဦး မယ်။ တစ်ချိန်တစ်ခါက အမေရိကန် နိုင်ငံမှာ ပါတီတွေက သူတို့ရဲ့ သမ္မ တလောင်းကို ရွေးချယ်တဲ့နေရာမှာ  ''ဒီပုဂ္ဂိုလ်ကိုတော့ ပါတီကသမ္မတ လောင်းအဖြစ် ရွေးတယ်ဟဲ့''ဆိုပြီး တိုက်ရိုက်ရွေးချယ်ခဲ့ကြတယ်။ ဒီလို ပါတီက တိုက်ရိုက်ရွေးချယ်ထားတဲ့ ပုဂ္ဂိုလ်ရွေးကောက်ပွဲမှာ အနိုင်ရရှိရေး အတွက် ကျန်ပါတီဝင်တွေက မဲ ဆွယ်စည်းရုံးပေးကြရတယ်။
 ဒါပေမယ့် ဒီစနစ်ဟာ ပါတီ တွင်းမှာ မျက်နှာလိုက်မှု ပြဿနာ တွေ ပေါ်ထွက်လာခဲ့တာကြောင့် အခု တော့ဒီစနစ်ကို အသုံးမပြုကြတော့ ပါဘူး။ ဒီကနေ့ခေတ်မှာ သမ္မတ လောင်းအဖြစ် အရွေးချယ်ခံလိုကြသူ တွေဟာ ကနဦး ကိုယ့်စရိတ်နဲ့ကိုယ်  ပြည်သူများအကြားဆင်းပြီး မဲဆွယ် စည်းရုံးကကြရတယ်။ ဒီအတွက်လဲ သမ္မတလောင်း ဖြစ်လိုသူတွေဟာ ကိုယ်ပိုင် မဲဆွယ်စည်းရုံးရေး ကော် မတီတွေဖွဲ့စည်းထားကြရတယ်။
          ပါတီတွင်း သမ္မတလောင်း အဖြစ် အရွေးချယ်ခံရရေးအတွက် တစ်ဦးနဲ့တစ်ဦး ယှဉ်ပြိုင်ကြတဲ့ အခါ  သူတို့အတွက် ဘောလုံးပွဲဝေါဟာရနဲ့ ပြောရရင် ခြေစမ်းပွဲတွေ ပြည်နယ် အလိုက်ရှိတယ်။ ငါတော့ ဒီပြည်နယ်  မှာ နိုင်တယ်။ သူတော့ ဒီပြည်နယ် မှာ ရှုံးတယ် စသည်ဖြင့် ဂုဏ်ယူဝင့်ြ<ွကားတတ်ကြတယ်။
          ဒီနှစ်မှာ ရီပတ်ဘလီကန် သမ္မ တလောင်း ယှဉ်ပြိုင်ပွဲကို ဝင်ရောက် လာခဲ့ကြသူတွေဟာ ၂ဝ၁၁ ခုနှစ် နှစ် ဆန်းလောက်ကစပြီး တစ်ဦးကျ နှစ် ဦးကျ ဝင်ရောက်လာခဲ့ကြတယ်။ အစောပိုင်း ဝင်ရောက်လာသူ တစ်ဦး ဆိုရင် သမ္မတ အိုဘားမားဟာ အမေ ရိကန်နိုင်ငံမှာ မွေးဖွားခဲ့သူမဟုတ်ဘူး ဆိုပြီး အခိုင်အမာ စွပ်စွဲခဲ့တာကြောင့်  အိုဘားမားခမျာ မွေးစာရင်း ထုတ်ပြ ခဲ့ရရှာတယ်။
          သမ္မတလောင်း ပြိုင်ပွဲဝင်ခဲ့ကြ သူတွေ စုစုပေါင်း တစ်ဒါဇင်လောက် ရှိခဲ့ပေမယ့် စောစောဝင်လာသူအချို့ ဟာ စောစောစီးစီးပဲ တပ်ခေါက်ပြန် သွားခဲ့ကြတယ်။ သမ္မတလောင်း အတော်များများဟာ ၂ဝ၁၁ ခုနှစ်၊ မေနဲ့ ဇွန်လထဲမှာ ပြိုင်ကွင်းထဲ  ရောက်လာခဲ့ကြတယ်။ ရီပတ်ဘလီ ကန် သမ္မတလောင်း ပြိုင်ပွဲထဲ ဝင် ရောက်လာသူအချို့ရဲ့ အမည်ကို သူတို့ ဝင်ရောက်လာခဲ့တဲ့ နေ့စွဲနဲ့တကွ ယှဉ် တွဲဖော်ပြလိုက်ပါတယ်။
          သမ္မတလောင်း ဝင်ရောက်
          အမည်                    လာသည့်နေ့
          Newt Gingrich                   မေ      ၁၁
          Ron Paul                 မေ      ၁၅
          Herman Cain           မေ      ၂၁
          Tim Pawlenty                    မေ      ၂၃
          Mitt Romney           ဇွန်      ၂
          Rick Santorum        ဇွန်      ၆
          Jon Huntsman Jr.    ဇွန်      ၂၁
          Michele Bachmann   ဇွန်      ၂၇
          Rick Perry               ဇူလိုင်  ၁၆
          ဒီသမ္မတလောင်းစာရင်းမှာ ဖော် ပြထားသူအချို့ဟာ အကြောင်းအမျိုး မျိုးကြောင့် ပြိုင်ပွဲမှ ထွက်ခွာသွား ခဲ့ကြပြီးဖြစ်တယ်။ Herman Cain ဆိုရင် ဆင်းရဲသားဘဝက သူဌေးဖြစ် လာတဲ့ လူမည်းတစ်ဦးဖြစ်တယ်။ အပြောအဟော ကောင်းတဲ့အတွက် လူကြိုက်များတယ်။ ဒါပေမယ့် စည်းရုံးမဲဆွယ်မှု အခြေအနေကောင်း နေချိန်မှာ အမျိုးသမီးအချို့က Cain နဲ့ကြုံတွေ့ခဲ့ရတဲ့ ခပ်ပြာပြာဇာတ်လမ်း တွဲတွေကို ပစ်ပစ်ခါခါ ဖွင့်ချခဲ့တာ ကြောင့် ဒီဇင်ဘာလမှာ ပြိုင်ပွဲမှနုတ် ထွက်သွားခဲ့ရတယ်။
          ပြိုင်ကွင်းထဲ ရောက်လာခဲ့တဲ့  တစ်ဦးတည်းသော အမျိုးသမီးက Michele Bachmann ဖြစ်တယ်။ အစောပိုင်းမှာ ထောက်ခံသူ များပြား  ခဲ့ပေမယ့် နောက်ပိုင်းမှာ ကျဆင်းသွား ခဲ့တာကြောင့် ၂ဝ၁၂၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ ပြိုင်ကွင်းထဲက ထွက် သွားခဲ့ပြန်တယ်။
          Tim Pawlenty ကတော့ သြ ဂုတ်လ ၁၄ ရက်နေ့ကစပြီး အနား ယူသွားခဲ့ပြီဖြစ်တယ်။  နောက်ပိုင်းမှာ Jon Huntsman Jr. က ဇန်နဝါရီလ ၁၆ ရက်၊ Rick Perry က ဇန်နဝါ ရီလ ၁၉ ရက်နေ့မှာ ပြိုင်ကွင်းထဲမှ ထွက်သွားခဲ့ကြတယ်။ ဒီကြားထဲမှာ Perry ဟာ တစ်မူထူးခြားတယ်။ တက္ကဆပ်ပြည်နယ် အုပ်ချုပ်ရေးမှူး -Texas Governor ဖြစ်ပြီး တီးပါတီ- Tea Party  ဘက်တော်သားလဲဖြစ် တယ်။ ဘုရား တရားကို ထူးထူး ကဲကဲ ကြည်ညို  ကိုင်းရှိုင်းသူဖြစ်ပြီး ကမ္ဘာကြီး ပူနွေးလာတယ်ဆိုတာကို လုံးဝ မယုံကြည်တဲ့သူ။
          ဒီတော့ ရီပတ်ဘလီကန်သမ္မတ လောင်း ယှဉ်ပြိုင်သူ လေးဦးပဲ ကျန် တော့တယ်။ Mitt Romney, Newt Gingrich, Ron Paul နဲ့  Rick Santorum.  သူတို့ လေးဦးထဲမှာ Romney ဟာ ရှေ့က ပြေးနေပြီး Gingrich က နောက်မှ ကပ်လိုက် နေတယ်။ Paul ကတော့ တတိယ နေရာ။ Santorurm က နောက်ဆုံး မှာ။ တချို့ရဲ့ အမြင်မှာတော့ Santorun ဟာ ငွေကြေးအခက်အခဲ ကြောင့် မကြာမီ နုတ်ထွက်သွားလိမ့် မယ်လို့ တွက်ချက်ထားကြတယ်။
Ran Paul
 သူကတော့ ယနေ့ခေတ် အရင်း ရှင်စနစ်ကို ဘဝင်မကျ ဖြစ်နေသူ ဖြစ်တယ်။ ဒီစနစ်ကို ပိုပြီးကောင်း မွန် လွတ်လပ်တဲ့ အရင်းရှင်စနစ်နဲ့ အစားထိုးချင်တယ်။ အမေရိကန် ဗဟို ဘဏ်-Federal Reserve ရဲ့ မူဝါဒ  အလွဲအမှားကြောင့် ၂ဝဝ၈ ခုနှစ်က အမေရိကန် စီးပွားရေး ပျက်ကိန်း ဆိုက်ခဲ့တယ်။ ဒါကြောင့် အမေရိ ကန် ဗဟိုဘဏ်ကို ဖျက်သိမ်းပစ်ချင် တယ်။
          Ron Paul ဟာ သြစတြီးယား အသိုင်းအဝိုင်း-Austrian School က  ဘောဂဗေဒ ပညာရှင်တွေနဲ့ ဒဿန ပညာရှင်တွေရဲ့ အရေးအသားတွေကို သိပ်သဘောကျတယ်။ ရွှေစံချိန်  -Gold Standard ခေတ် ပြန်သွားလို သူဖြစ်တယ်။ ၁၉၇၁ ခုနှစ်၊ သြဂုတ် လ ၁၅ ရက်နေ့ အမေရိကန် သမ္မတ -Richard Nixon က အမေရိကန် ဒေါ်လာနဲ့ ရွှေချိတ်ဆက်ထားမှုကို  ဖြတ်တောက်ပစ်ခဲ့တဲ့နေ့မှာ သူဟာ  နိုင်ငံရေး နယ်ပယ်ထဲ ခြေစုံပစ် ဝင်ဖို့  ဆုံးဖြတ်ချက်ချခဲ့တယ်။
          Ron Paul ဟာ တက္ကဆပ်ပြည် နယ် လွှတ်တော်အမတ် တစ်ဦးဖြစ် တယ်။ ၁၉၇၆ ခုနှစ်မှာ လွှတ်တော် အမတ်စဖြစ်ခဲ့ပြီး သမ္မတလောင်း အဖြစ် ၁၉၈၈ ခုနှစ်မှာ တစ်ကြိမ်၊ ၂ဝဝ၈ ခုနှစ်မှာ တစ်ကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးတယ်။ အခုအကြိမ်က တော့ တတိယအကြိမ်မြောက် ယှဉ် ပြိုင်ခြင်းဖြစ်တယ်။ လွှတ်တော် အမတ် ဖြစ်ခဲ့တာလဲ ၁၂ ကြိမ်မြောက်  ရှိခဲ့ပါပြီ။ အသက် ၇၆ နှစ်ရှိတယ်။ မကြာမီ အသက် ၇၇ နှစ်ထဲ  ရောက် တော့မှာပါ။
          အမေရိကန် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာကို ရွှေနဲ့ ချိတ် ဆက်မှု ဖြတ်တောက်ခဲ့တဲ့အတွက် အမေရိကန် ဒေါ်လာဟာ ဘာမှ တန် ဖိုးမရှိတော့ဘဲ စက္ကူငွေ- Paper Money ဖြစ်သွားတယ်။ တန်ဖိုးရှိတဲ့ ငွေစက္ကူ စစ်စစ်မဟုတ်တော့ဘဲ ငွေ စက္ကူအတုသာဖြစ်တယ်။ အမေရိ ကန် ဗဟိုဘဏ် ဆိုတာကလဲ ငွေ စက္ကူအတုထုတ်လုပ်နေတဲ့ အဖွဲ့ အစည်းသာဖြစ်တယ်လို့ သူက ထောက်ပြတယ်။
          တကယ်တော့ Ron Paul ဟာ အရင်းရှင်စနစ်အဝိုင်းအဝန်းထဲကနေ ပြီး အရင်းရှင်စနစ်ကို အမြစ်မြေလှန်  တော်လှန်လိုသူဖြစ်တယ်။ လက်ရှိ အရင်းရှင်စနစ်ကို တစ်နည်း တစ်ဖုံ ပြောင်းလဲဖို့ လိုအပ်နေတဲ့အတွက် Paul ရဲ့ ဆွယ်တရားဟောမှုတွေဟာ လူငယ်အသိုင်းအဝန်းကို ဆွဲဆောင် နိုင်စွမ်းရှိတယ်။ အိုင်အိုဝါခြေစွမ်းပွဲ Iowa Caucus မှာ Paul  တစ်ယောက်  တတိယ ချိတ်ခဲ့တာဟာ အသက် ၃ဝ အောက်လူငယ်တွေအများအပြား သူ့ကို ထောက်ခံမဲ ပေးခဲ့ကြတဲ့ အတွက် ဖြစ်တယ်လို့ ဆိုတယ်။
          Ron Paul ဟာ ငွေကြေး ဖော ဖောသီသီ အသုံးပြုနိုင်သူ မဟုတ် တဲ့အတွက် သူ့ကို ကြိုက်နှစ်သက် သူတွေရဲ့ ထောက်ကူမှုနဲ့ ရှေ့ဆက် မဲဆွယ်စည်းရုံးနေသူဖြစ်တယ်။ သူဟာ  တီးပါတီရဲ့ ဂုရုကြီးဖြစ် တယ်။ Mitt  Romney က Paul ရဲ့ လူငယ်ပရိသတ်ကို ကြောက်တယ်။  တခြားအကြောင်းကြောင့်တော့ မဟုတ်ပါဘူး။ Paul ဟာ ပြိုင်ကွင်း ထဲမှာ ခပ်ကြာကြာ ရှိနေမယ်ဆိုရင်  လူငယ်လူထုဟာ သူ့ဆီရောက်လာ နိုင်မှာ မဟုတ်ဘူးလို့ တွက်တယ်။  ဝေဖန်သူတွေကတော့ သူ့ကို ကျောက် ခေတ်ဦးဆီက ပြန်ရောက်လာတဲ့ လူ သားတစ်ဦးဖြစ်တယ်လို့ထောက်ပြ တယ်။
Newt Gingrich
          Gingrich တစ်ယောက် ရီပတ် ဘလီကန် စကြဝဠာမှ ပျောက်ကွယ် သွားခဲ့ပြီလို့ အများက ထင်မြင်ယူဆ  နေကြချိန်မှာ ဗြုန်းစားကြီး ပေါ်ထွက် ခဲ့တဲ့အတွက် အံ့အားသင့်သွားကြ တယ်။ သူကတော့ သမ္မတလောင်း  ဝင်ပြိုင်ကြသူတွေထဲမှာ နိုင်ငံရေး အတွေးအမြင် အရှိဆုံးပုဂ္ဂိုလ်လို့ ဆိုနိုင် တယ်။ West Georgia College မှာ  ကောလိပ်ကျောင်းဆရာဘဝနဲ့ ပညာ ပို့ချသင်ကြားပြသခဲ့ဖူးတယ်။ ၁၉၇၁ ခုနှစ်မှာ သမိုင်းဘာသာရပ်နဲ့ ဒေါက် တာဘွဲ့ရခဲ့တယ်။ ဒါကြောင့် သူ့ကို  ပါမောက္ခကြီး လို့ လေးလေးစားစား ခေါ်ကြတယ်။
          ၁၉၇၉ ခုနှစ်မှာ လွှတ်တော် အမတ်ဖြစ်လာခဲ့တယ်။ ၁၉၉၄ ရီပတ် ဘလီကန်တွေ အင်အားတောင့်တင်း  ပြီး အောက်လွှတ်တော်ကို ထိန်းထား နိုင်တဲ့အချိန်မှာ Gingrich ဟာ အောက်လွှတ်တော် ဥက္ကဋ္ဌှSpeaker ဖြစ်လာခဲ့တယ်။ ဒါပေမယ့် ၁၉၉၈ ခုနှစ်မှာ ပြဿနာ တက်ခဲ့တာကြောင့်  လွှတ်တော်မှ နုတ်ထွက်သွားခဲ့ရ တယ်။
          Gingrich ဟာ သမ္မတလောင်း  ပြိုင်ကွင်းထဲကို ၂ဝ၁၁၊ မေလမှာ ဝင် ရောက်လာခဲ့ပြီး အစောပိုင်းကာလမှာ  ငွေရေး ကြေးရေး အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ ဇွန်လ ၉ ရက်က သူငှားရမ်းထားတဲ့ မဲဆွယ်စည်းရုံး ရေးအဖွဲ့ဝင်အားလုံး နုတ်ထွက်သွား ခဲ့တာကြောင့် နောက်ထပ် စည်းရုံး ရေးအဖွဲ့သစ်တစ်ခု ဖွဲ့စည်းခဲ့ရတယ်။ အစောပိုင်းက ပြိုင်ပွဲမှ နုတ်ထွက်ဖို့ စဉ်းစားခဲ့ပေမယ့် သူ့ရဲ့ တတိယဇနီး (သူ့အောက် အသက် ၂၃ နှစ်လောက်ငယ်တဲ့) Callista Bisek က နုတ်မထွက်ဖို့ တိုက်တွန်း ခဲ့တာကြောင့် ဆက်လက်မဲဆွယ် စည်းရုံးလုပ်ဆောင်နေတာဖြစ်တယ်။
          ဒါပေမယ့် Gingrich ဟာ ပညာ တတ်တစ်ဦးဖြစ်ပြီး ထက်မြက်သူ  လဲဖြစ်တဲ့အပြင် အပြောအဟောလဲ  ကောင်းတော့ တစ်စတစ်စလူကြိုက် များလာတယ်။ သူ့ရဲ့ မိန့်ခွန်းတစ်ခု မှာ အခုလို ပြောကြားခဲ့တယ်။
          ''ရိုက်- Wright ညီနောင်ဟာ  ပထမဆုံး သူတို့ တီထွင်ဖန်ဆင်း  ထားတဲ့ လေယာဉ်ကို စမ်းသပ် မောင်းနှင်တော့ သစ်သားအပိုတွေပါ  ယူလာခဲ့ကြတယ်။ ဘာကြောင့်လဲ  ဆိုတော့ လေယာဉ်ခဏခဏ ပျက်နိုင် တဲ့အတွက် ပြင်လို့ရအောင် ယူလာခဲ့  ကြတာဖြစ်တယ်။ွငညါမငခ့ အစိုးရ  ဖြစ်လာရင်လဲ ဒီနည်းအသုံးပြုရမှာပဲ။  ဆင်းရဲမွဲတေသူတွေကို ဘယ်လို အကူ အညီပေးမလဲ။ တို့လဲ မသိဘူး။ တို့ အနေနဲ့တော့ ရိုက်ညီနောင်လို အောင် မြင်တဲ့အထိ စမ်းသပ်... စမ်းသပ်... စမ်းသပ်... နေရမှာပဲ''လို့ ဆိုတယ်။
          Gingrich ကို ရီပတ်ဘလီကန်  တွေထဲက အမာခံကွန်ဆာဗေးတစ် တွေက သဘောကျကြတယ်။ သူရဲ့ နိုင်ငံခြားရေးဝါဒက သိပ်ပြီး မတင်း မာဘူး။ အမေရိကန်နိုင်ငံအနေနဲ့ တရုတ်ကို တုံ့ပြန်ဖို့ အချက်နှစ်ချက် တင်ပြတယ်။ တစ်ချက်က ပညာ ရေး၊ နောက်တစ်ချက်က အမေရိ ကန် ကာကွယ်ရေးကို အမြင့်ဆုံး အဆင့်မှာ ထားရှိရေး ဖြစ်တယ်။  တရုတ် နောက်မှာ မကျန်ရစ်ရအောင် အမေရိကန်နိုင်ငံအနေနဲ့ စာသင် ကျောင်းတွေ ကောလိပ်တွေမှာ သင်္ချာ နဲ့ သိပ္ပံပညာရပ်တွေအပေါ် အများ ကြီး ရင်းနှီးမြှုပ်နှံဖို့လိုကြောင်း ထောက် ပြတယ်။
          သူကလဲ ရီပတ်ဘလီကန် ပီပီ  အခွန်အကောက်တွေကို လျှော့ချ ရမယ်လို့ဆိုတယ်။ စီးပွားရေး ဦးမော့  လာအောင် စည်းကမ်းစည်းမျဉ်းတွေ  ကို တွန်းထုတ်ဖယ်ရှားပစ်ရမယ်။ ပြီး တော့ ကလေးတွေပါ အလုပ်လုပ်ကိုင် နိုင်အောင် ကလေးလုပ်သား ဥပဒေ တွေကို လျှော့ချရမယ်လို့ သူက ပြော ကြားခဲ့တယ်။

          အိုဘားမားအစိုးရအနေနဲ့ အစ္စရေးနိုင်ငံဘက်မှ အပြည့်အဝ ရပ် တည်မပေးတဲ့အတွက် ပြစ်တင်ဝေ ဖန်ခဲ့တယ်။ အီရန်ဟာ အစ္စရေးနိုင်ငံ သက်ရှင်ရပ်တည်ရေးကို ခြိမ်းခြောက်  လျက်ရှိတဲ့အတွက် အီရန်အပေါ် ပိတ် ပင်မှုတွေ တိုးတက်ပြုလုပ်သင့်ကြောင်း သူကထောက်ပြခဲ့တယ်။
Mitt Romney  
          Romney ကတော့ သမ္မတ လောင်းပြိုင်ပွဲ ကြိုးဝိုင်းထဲကို ဝင် ရောက်လာကြသူတွေကြားမှာ အချမ်း သာဆုံး ပုဂ္ဂိုလ်ဖြစ်တယ်။ စီးပွားရေး လောကထဲမှာ ၂၅ နှစ်လောက် ကျင် လည်ခဲ့ဖူးသူဖြစ်တယ်။ သူ့ရဲ့ ဥစ္စာဓန ပိုင်ဆိုင်မှုဟာ အမေရိကန် ဒေါ်လာ သန်း ၁၉ဝ နဲ့ သန်း ၂၅ဝ ကြားရှိ နိုင်တယ်လို့ ခန့်မှန်းထားကြတယ်။  အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဖြစ်ခဲ့တဲ့အတွက် သူဟာ အမေရိကန် စီးပွားရေးကို တိုးတက်ကောင်းမွန် လာအောင်ဆောင်ကြဉ်းပေးနိုင်တယ် လို့ အခိုင်အမာပြောခဲ့တယ်။
          သူဟာ မက်ဆာချူးဆက် ပြည် နယ်အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ဖြစ်တယ်။ တတ်နိုင်သလောက် အပြစ်အနာဆာကင်းအောင်နေထိုင်တတ်တယ်။သူရဲ့မိသားစုဘဝကလဲ  ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းတယ်။ သား ငါးယောက်ရှိတယ်။ ဘာသာ ရေး အရ သူဟာ Mormon ဂိုဏ်းဝင် ဖြစ်တဲ့အတွက် အခြားသော ခရစ်ယာန် ဂိုဏ်းသားများက သူ့ အပေါ် အထင်အမြင်လွဲမှားမှုတွေ ရှိ တယ်။ Romney ဟာ Mormon ဂိုဏ်းဝင်ပီပီ စည်းကမ်းကြီးတယ်။ အရက်မသောက်ဘူး။ ဆေးလိပ် မသောက်ဘူး။ လက်ဖက်ရည် ကော် ဖီတောင် သောက်တာ မဟုတ်ဘူး။ ပြီးတော့ တစ်လင်တစ်မယားစနစ်ကို လိုက်နာတယ်။
          ဒါပေမယ့်အမေရိကန် နိုင်ငံရေး လောကမှာက ဒီလို ကောင်းမွန်တဲ့  အချက်တွေဟာ အားသာချက် ဖြစ် မလာဘူး။ သူဟာ အပြောအဟော ကောင်းသူမဟုတ်တဲ့အပြင် ခံယူချက်  တွေကလဲ တစ်သမတ်တည်းမရှိဘူး။ အမျိုးမျိုး ပြောင်းလဲနေတယ်။ ဝါဒ သဘောတရား ရပ်တည်ချက် ပြတ် သားမှုမရှိတဲ့အတွက် ရီပတ်ဘလီကန်  အသိုင်းအဝိုင်းက သူ့ကို သိပ်ပြီး ယုံ ကြည်စိတ်ချမှု မရှိကြဘူး။ ဒါပေမယ့် ဒီကနေ့အထိ မဲဆွယ်စည်းရုံးရေးမှာ  အောင်မြင်လျက်ရှိတယ်။ အခုထိ ခြေ စမ်းပွဲတွေမှာ အများအားဖြင့် သူပဲ အနိုင်ရတယ်။ ဒါကြောင့် သူဟာ  ရီပတ်ဘလီကန် သမ္မတလောင်း ဖြစ် နိုင်တယ်လို့ အများက ခန့်မှန်းနေကြ တယ်။
          ဒါပေမယ့် မဲဆွယ်ပွဲတစ်ခုမှာ Rick Perry က Romney ကို လင်း တအရင်းရှင်-Vulture Capitalist  လို့ စွပ်စွဲခဲ့တယ်။ ဆိုလိုတာကတော့ ဒုက္ခ ရောက်နေကြတဲ့ အမေရိကန်ပြည်သူ  တွေအပေါ် ကိုယ်ကျိုးရှာ အမြတ် ထုတ်လိုတဲ့ အရင်းရှင်တစ်ဦးလို့ ဗြောင် ကျကျ စွပ်စွဲပြောဆိုခဲ့တာပါ။ Rickey Perry ဟာ ပြိုင်ကွင်းထဲက နုတ်ထွက် သွားတဲ့အခါ သူ့ရဲ့ပရိသတ်ကို သူ့ အစား Gingrich ကို မဲပေးကြဖို့ ဆော်သြတိုက်တွန်းသွားခဲ့ပါသေး တယ်။
နောက်ဆုံးပိတ် ဗိုလ်လုပွဲ အများအားဖြင့်တော့ ပါတီ သမ္မတလောင်း  အကြိုရွေးကောက် ပွဲ- Primary Election ဟာ ကာလ အားဖြင့် ခြောက်လလောက် အချိန် ယူရတတ်ပါတယ်။ ဒါပေမယ့် လော လောဆယ် ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်း ရွေးပွဲဟာဒီလောက်ထိ အချိန်ကြာမယ့်ပုံ မပေါ်ပါဘူး။ စောစောစီးစီး  ပြီးစီးသွားနိုင်ပါတယ်။ အမေရိကန်နိုင်ငံမှာက မဲဆွယ်စည်း ရုံးရေး ဖြစ်စဉ်မှာ ငွေများများသုံးစွဲ နိုင်သူက အနိုင်ရတတ်တယ်။ ဒီပေ တံနဲ့တိုင်းတာခဲ့ရင်တော့ Mitt Romney က ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်းဖြစ်လာနိုင်တယ်,ဒါပေမယ့် ဒီမိုကရက်တစ်ပါတီ  က အပြောအဟောမှာ ဧတဒဂ်ဘွဲ့ရ ထားတဲ့ ဘားရက်အိုဘားမားကို နိုင် ခြေရှိပါ့မလား။

                                                                           (မင်းရွှေမောင်)

No comments:

Post a Comment