HOME

Friday, February 17, 2012

နျူးကလီးယား လက်နက်သုံး စစ်ပွဲ ဒုတိယနိုင်ငံ အီရန် ဖြစ်လာမည်လော...!

         အီရန် ဒုံးကျည်စနစ်နှင့် အစ္စရေးလေတပ်
                                                 

                     (အီရန် သမ္မတ အာမာဒီနီဂျက)်

နျူကလီးယား စက်ရုံများ ကိစ္စ ကြောင့် အီရန်သည် ကမ္ဘာ့ အန္တ ရာယ်ရှိ နိုင်ငံများအား ထိန်းချုပ်ရာ လူဆိုးထိန်း စားပွဲဝိုင်း ‘ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ’ ၏ အထူးအ စည်း အဝေးသို့ မကြာမီ အချိန် ကာလအတွင်း မလွဲမသွေ ရောက် ရှိလာလိမ့်မည်ဟု မျှော်လင့်ရပါ သည်။ အကယ်၍ အမေရိကန်နှင့် အနောက် အုပ်စုတို့က အီရန် အပေါ် အရေးယူမှု အဆို တင်လာလျှင် ဗီတို အာဏာပိုင် မဲသုံးမည့် နိုင်ငံများက လည်း အသင့်။ ထို့ကြောင့် စားပွဲ ဝိုင်းပေါ်မှ ကြိုးစား အဖြေရှာမှုသည် အရာမရောက်နိုင်။ သူတို့ ဘာဆက်လုပ် ကြမည်နည်း။ ကမ္ဘာ့မြေပုံ ထဲက အစ္စရေးကို ဖယ်ပစ်ရမည်ဟု ခြိမ်းခြောက် ထားသည့် နိုင်ငံ အနေဖြင့် အီရန် လုပ်ရပ် အပေါ် အထူး စိုးရိမ် စိတ်ဝင် လာ နေပေပြီ။
အစ္စရေးတို့ စိုးရိမ်လာနေ

အီရန်၏ နျူကလီးယား စက်ရုံများ၊ ဓာတ်ပေါင်းဖိုများ၊ ဗဟိုခွာအား စက်များနှင့် ယူရေနီယံ သန့်စင် စက်ရုံများသည် အီရန်နိုင်ငံ အနှံ့အပြား ၌ ဖြန့်ကြက် တည်ရှိနေ သည်။ တောင် ကြား ဒေသများနှင့် သစ်တော ထူထပ် ရာဒေသ မြေအောက် လိုဏ်ခေါင်း ဘန်ကာများတွင် လျှို့ဝှက် တည် ဆောက်ထားကြခြင်း ဖြစ်သည်။ အီရန်နိုင်ငံ ၏ အနောက်မြောက်ပိုင်း မြို့ ကြီးများနှင့် တောင်ပိုင်း မြို့ကြီးများ အနီးတွင် ဖြန့်ကြက် တည်ရှိနေခြင်း ဖြစ်သည်။
ထိုကဲ့သို့ ပြန့်ကြဲ နေသည့် နျူကလီးယား ပစ်မှတ်များကို ဗုံးကြဲ တိုက်ခိုက်၍ ချေမှုန်းပစ်ရန်မှာ လွယ်ကူသော အလုပ်မဟုတ်ပေ။ အစ္စ ရေးတပ်မှူး တစ်ဦးက အီရန် ၏ နျူကလီးယား စီမံကိန်းကြီးမှာ အလွန်ပင် ကြီးကျယ်သည့် အတွက် အစ္စရေး တို့အနေဖြင့် အလွယ်တကူ တိုက်ခိုက် ချေမှုန်းနိုင်စွမ်း ရှိမည် မဟုတ် ဟု ဖွင့်ဟ မှန်းဆထား သည်။ အီရန်ကို တိုက်ခိုက်ခြင်း သည် ၄င်း တို့ အတွက် အကျိုးရှိ သော ဗျူဟာတစ်ခု ဖြစ်သင့် ကြောင်း၊ နျူကလီးယားဗုံး လုံးဝ မထုတ်လုပ်နိုင်သည် အထိ အီရန် ကို ချေမှုန်းပစ်ရန် လိုအပ်ကြောင်းကို လည်း တွက်ဆ ထားကြသည်။
အကယ်၍ ၄င်းတို့ တိုက်ခိုက် ပြီးနောက် သုံးလခန့် အတွင်းမှာပင် အီရန်တို့ နျူကလီးယား ဗုံးများကို ထုတ်လုပ်၍ ပြန်လည် တုံ့ပြန်မှု ကြိုး ပမ်းပါက  ယခင် ဗုံးကြဲတိုက် ခိုက် သေကျေ ပျက်စီး ဆုံးရှုံးမှုများမှာ အဓိပ္ပာယ် မရှိသော လုပ်ရပ်ဖြစ်မည် ဟုလည်း ဝေဖန်ထောက်ပြ ကြသည်။ ဤအချက်များကို အစ္စရေး ဝန်ကြီးချုပ် ဖြစ်သူ နေ တန်ယာဟု ၏ အစိုးရ အဖွဲ့သို့ ကာကွယ်ရေး တပ်မှူးကြီးက ကျိုးကြောင်းဆီ လျော်စွာဖြင့် တင်ပြ အစီရင်ခံထား ခြင်း ဖြစ်သည်။
အီရန် ဒုံးကျည်စနစ်နှင့် အစ္စရေးလေတပ်
၂ဝ၁၁ ခုနှစ်တွင် အမေရိကန် အစိုးရသည် အစ္စရေးနိုင်ငံအား ကာကွယ်ရေး အသုံးစရိတ် ဒေါ်လာ သုံးဘီလျံ ထောက်ပံ့ထားသည်။ မိမိ တို့၏ မဟာမိတ်နိုင်ငံအား အရှေ့ အလယ်ပိုင်း ဒေသတွင် စစ်အင် အား လွှမ်းမိုးတောင့် တင်းနေစေနိုင်ရန် အတွက် ထားရှိသော အမေရိကန် ၏ပေါ်လစီ ဖြစ်သည်။
အစ္စရေး လေတပ်တွင် စုဖွဲ့ထား သည့် F.15 အဆင့်မြင့် ဘက်စုံတိုက် လေယာဉ်များတွင် ဆီတိုင်ကီ အပိုများ တပ်ဆင်ထားသည့် အတွက် အီရန်နိုင်ငံ အထိ မရပ် မနား တောက်လျှောက် ပျံသန်း တိုက်ခိုက်နိုင်သည့် စွမ်းအား ရှိသည်။ အစ္စရေး၏ ထောက်လှမ်းရေး လေယာဉ် အီတန် ၇၃၇ သည် အလွန် မြင့်မားသည့် အီရန် ကောင်း ကင်ပေါ် မှနေ၍ နျူက လီးယား စက်ရုံများအား ထိန်းချုပ် ထားသည့် ကွန်ပျူတာ စနစ်များကို ပျက်စီးအောင် ‘ဆိုက်ဘာ ဟက်ကင်း’ စနစ်ဖြင့် တိုက်ခိုက်နိုင်သည့် အစွမ်း ရှိသည်။
အစ္စရေး လေယာဉ်များ ကို ယှဉ်ပြိုင် အန်တုနိုင်သည် အထိ အီရန် လေတပ်မှာ အင်အား တောင့်တင်းခြင်း မရှိပေ။
သို့သော် အီရန်တွင် အဆင့် မြင့်လှသော လေယာဉ်ပစ် ဒုံးကျည် စနစ်များရှိနေပြီး ၄င်းအက်စ် ၃ဝဝ ဒုံးကျည်များမှာ ရေဒါ လမ်းညွှန်မှုဖြင့် ပစ်မှတ်ကို မလွဲတမ်း ပစ်ခတ်နိုင်စွမ်း ရှိသည်ဟုလည်း သိရှိရသည်။ ထိုး ဖောက် ၀င်ရောက်လာသော အစ္စရေး လေယာဉ်များကို ဖျက်ဆီးပစ် နိုင်သည့် အဓိက ပစ်ခွင်းချေမှုန်းရေး ဒုံးကျည်မှာ အက်စ် ၃ဝဝ ဖြစ် သည်။
အီရန် အားပျော့သွားရေး အမေရိကန်တို့ ကြိုးပမ်းမှု
နျူကလီးယား အစီအစဉ်များ ရှေ့သို့တိုး၍ မလုပ်ဆောင်နိုင်ရန် အတွက် အမေရိကန်တို့က အီရန် ၏ ရေနံ ထုတ်လုပ်မှုကို နှောင့်နှေး စေပြီး ငွေကြေး ထိန်းချုပ်သည့် ဘဏ်များ ကို ပိတ်ဆို့ အရေးယူ လိုက်ကြသည်။ မကြာမီ ကလည်း ထပ်မံ၍ အီးယူ အဖွဲ့က အလားတူ စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်လာ ကြသည်။ အမေရိကန် အနေဖြင့်  အီရန် နျူကလီးယား စက်ရုံများက လက်နက် ထုတ်လုပ်လာနိုင်သည် ကို အထူးပင် စိုးရိမ်လာနေပေပြီ။
အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်သည် အီရန်နှင့် စစ်ဖြစ်လာ လျှင် အသင့် အနေအထား ရှိနေစေရန် ပြင်ဆင်မှု အနေအထား များကို တွေ့နေရသည်။ ထိုကိစ္စပေါ်ပေါက် လာလျှင် နေတိုးအဖွဲ့ဝင် တူရကီ နိုင်ငံသည် အသင့် အနေအထား ရှိနေ၏။ တူရကီတွင် အမေရိကန်တို့ ၏ ဘီ-၆၁ ဗုံးကြီးများ အများ အပြားထား ရှိသည် ဟု သိရှိရသည်။
၂ဝဝ၅ ခုနှစ်ကပင် စီအိုင်အေ ထောက်လှမ်းရေး ညွှန်ကြားရေးမှူး သည် တူရကီနိုင်ငံသို့ ရောက်ရှိပြီး အကယ်၍ အမေရိကန်က အီရန်၏ နျူကလီးယား စက်ရုံ ပစ်မှတ် များကို တိုက်ခိုက်ရန် လိုအပ်လျှင် တူရကီ က နိုင်ငံရေး စစ်ရေး အရ ထောက်ခံ မှုပေးရန်အတွက် ကြိုတင် အသိပေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ဖူးသည်။ ထို့ ပြင် အမေရိကန် ၏ မဟာမိတ်နိုင်ငံ ကြီး များကိုလည်း တပ်လှန့် အသိ ပေးထားပြီး ဖြစ်သည်။
အီရန်တို့၏ ပြင်ဆင်မှု
အမေရိကန် တို့က စီးပွားရေး ပိတ်ဆို့မှုကို ပြုလုပ်ခဲ့ပြီး မကြာမီပင် အီရန်တို့သည် စစ်ရေး လေ့ကျင့်မှုကြီးကို ဟော်မုဇ် ရေလက်ကြား၌ အကြီးအကျယ် အင် အားပြ၍ ပြုလုပ်ခဲ့သည်။ ထို့ပြင် အနောက်နိုင်ငံများ သို့ ရေနံတင် သင်္ဘောကြီးများ အဓိက ဖြတ်သန်းသွားကြရာ ရေလက်ကြားကို ပိတ်ပစ်ပြီး လောင် စာဆီ တိုက်ပွဲ ပြုလုပ်မည်ဟု စိန် ခေါ်လိုက်သည်။ အတွေ့အကြုံ ရှိလှသော အစ္စရေး လေတပ်နှင့် အမေ ရိကန်တို့၏ စစ်အင်အားကို သင်ခန်း စာယူ၍ ၄င်းတို့၏ နျူကလီးယား စက်ရုံများ ကို တစ်နေရာ တည်းတွင် မထားရှိဘဲ စတုရန်း ကီလိုမီတာ  ၁ ဒသမ ၃ သန်းမျှရှိသော ဧရိယာ အတွင်း ဖြန့်ကြက် တည်ဆောက် ထားသည်။ အချို့ စက်ရုံများ ကို လျှို့ဝှက် လိုဏ်ခေါင်းများ အတွင်း တည်ဆောက်ထားသည်။
အီရန်နျူကလီးယား စက်ရုံများ ကို တိုက်ခိုက်ရန်မှာ အစ္စရေးတို့ အီရတ် ဓာတ်ပေါင်းဖိုကို လျှပ်တစ် ပြက်အတွင်း တိုက်ခိုက် ဖျက်ဆီးခဲ့ သလို လုံးဝမရနိုင်ပေ။ သတင်း ပတ် ပေါင်းများစွာ အချိန်ယူ ရမည် ဖြစ် သောကြောင့် အမေရိကန် တို့ကသာ ၄င်းအစီအစဉ်ကို ပြုလုပ်နိုင်မည်ဟု လေ့လာ သုံးသပ်သူများက မှန်းဆ ထားကြသည်။
အီရန် အပေါ် အရေးယူရေး ကိစ္စ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ တက်လာလျှင်လည်း ရုရှားနှင့် တရုတ်တို့က ဗီတို အာဏာသုံး၍ ပယ်ချနိုင်ခြင်းသည် အီရန် အနေဖြင့် အားတက်စရာ တစ်ခု ဖြစ်လာသည်။ ထို့ပြင် ပါရှန်ပင်လယ်ကွေ့ ဒေသတွင် အဆုံးအဖြတ် တစ်စုံတစ်ရာ အတိမ်းအစောင်း ရှိခဲ့ပါက စစ်မီးကြီး အကြီး အ ကျယ်လောင်နိုင်ပြီး အချိန် မရွေးထ၍ ပေါက်ကွဲ သွားနိုင်မည်ဟု လည်း ရုရှားတို့က သတိပေးနေ သည်။
မကြာမီရက်ကပင် အီရန်တို့ နောက်ထပ် စစ်ရေး လေ့ကျင့်မှုကို ဟော်မုဇ် ရေလက်ကြား၌ ပြုလုပ်နေ ကြသည်။ အကယ်၍ အမေရိကန် တို့၏ အီရန်အပေါ် မလှုပ်နိုင်အောင် အရေးယူ ပိတ်ဆို့မှုများကို တင်းကျပ်စွာ ပြုလုပ်လာပြီး ထွက်ပေါက် မရှိသော အီရန်ကလည်း ရေနံသယ် ယူပို့ဆောင်ရာ လမ်းကြောင်း ဟော် မုဇ်ရေ လက်ကြားကို ပိတ်ပစ်လိုက် မည်ဆိုလျှင် ရေနံ ဈေးနှုန်းများ ထိုး တက် သွားမည်မှာ မလွဲပေ။
အမေရိကန်တို့ ဘာဆက်လုပ် လာမည်လဲ။ အစ္စရေးကို မြေပုံထဲမှ ဖျောက်ဖျက် ပစ်ရမည်ဟု ကြိမ်းဝါး ထားသော ယခုလက်ရှိ အီရန်သမ္မတ အပေါ် အစ္စရေးတို့ မည် သို့ ပြင်ဆင် လာမည်လဲ။ အရှေ့အလယ်ပိုင်း ဒေသ စစ်မီးကြီး မကြာမီတောက် လာမည်ဟု ခန့်မှန်းနေကြသည်။
စစ်မီးတောက် လာလျှင် သာမန်လက်နက်များကို မသုံးဘဲ အဏု မြူနျူကလီးယား လက်နက်ကို အမြန် ထုတ်လုပ်၍ တိုက်ခိုက်နိုင်သော ‘အီရန်’ (သို့မဟုတ်) ဒုတိယ ကမ္ဘာ စစ်က နျူကလီးယား ဗုံးကို ပထမဆုံး အသုံးပြုသူ အမေရိကန် နောက် ဒုတိယလူ ဖြစ်လာနိုင်မည်လား။ စိုးရိမ်စရာ ပင်ဖြစ်သည်။
ကိုလင်းမာန်အောင်

No comments:

Post a Comment