HOME

Wednesday, February 29, 2012

အီရန်ရှိ အမျိုးသမီး နင်ဂျာများမှာ လူသတ်သမားများ မဟုတ်ဟုဆို...!

အီရန်ရှိ အမျိုးသမီး နင်ဂျာများ

28 Feb, 2012
                                                                   
အနောက် နိုင်ငံများမှ မီဒီယာများ၏ စွပ်စွဲချက် တစ်ခုဖြစ်သော အီရန် နိုင်ငံမှ အမျိုးသမီး နင်ဂျာများမှာ လူသတ်သမားများ အဖြစ် ဖော်ပြ နေခြင်းမှာ မဟုတ်မှန်ဘဲ ၎င်းတို့မှာ သာမန် အားကစား သမားများနှင့် ကိုယ်ခံ ပညာရှင်များ သာဖြစ်ကြောင်း Press tv သတင်းတွင် ဖော်ပြ ခဲ့သည်။ လွန်ခဲ့သည့် လက Press tv သတင်းတွင်ဖော်ပြ ခဲ့သည့်
အီရန်နိုင်ငံမှအမျိုးသမီးများမှာနင်ဂျာပညာရပ်ဆိုင်ရာများလေ့ကျင့်သင်ကြားပေးမှုများကို ကမ္ဘာ အနှံ့ရှိ သတင်း မီဒီယာများက သတိပြု မိခဲ့ကြပြီး ယခုလို ဝေဖန်မှုများ ထွက်ပေါ် လာခဲ့ရခြင်း ဖြစ်သည်။

ယခုလို ဖြစ်ရပ် နှင့်ပတ်သက်ပြီး Reuters သတင်းတွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဖော်ပြခဲ့သည့် အချက်များ အရမူ ယင်းနင်ဂျာ များမှာ အစ္စလမ်မစ် သမ္မတ နိုင်ငံ၏ လျှို့ဝှက် လူသတ်သမားများ အဖြစ် ဖော်ပြခဲ့ခြင်း ဖြစ်သည်။ Ninjutsu အမည်ရ အဆိုပါ သင်တန်းကျောင်းကို စတင် ထူထောင်ခဲ့သူ ဖြစ်သည့် အီရန် နိုင်ငံမှ Sensei Akbar Faraji ကမူ ယင်းသို့သော ပြောကြားမှု များကို ရှုတ်ချကြောင်းနှင့် ယင်းသတင်းမှာ မဟုတ်မှန်ကြောင်း ပြောကြား ခဲ့သည်။

မိမိတို့မှာ အားကစားသမား သက်သက်သာ ဖြစ်ပြီး ကိုယ်ခံ ပညာကိုသာ စိတ်ဝင်စားကြောင်း မိမိတို့ အနေဖြင့် အားကစား လှုပ်ရှားရမှုကို အမှန်တကယ် စိတ်ဝင်စားပြီး မိမိတို့အပေါ် အပြစ်ဖို့သူ များပြောကြား ထားသည့် အချက်များမှာ မဟုတ်မှန်ကြောင်းနှင့် ယင်းသို့သော သူများအနေဖြင့် မိမိတို့ အကြောင်းကို အမှန်အတိုင်းသာ ပြောစေ လိုကြောင်း ကိုလည်း သူမမှ ပြောကြား သွားခဲ့သည်။


source : presstv.ir

No comments:

Post a Comment