HOME

Friday, March 16, 2012

အစ္စရေး မော့ဆက်အီရန်ကို မတိုက်ရန်တိုက်တွန်း.....!

(အီရန်ကို မတိုက်ရန် အစ္စရေးထောက်လှမ်းရေး အကြီးအကဲဟောင်းက တိုက်တွန်း)

(အေအက်ဖ်ပီ)
သန်းလွင် ဘာသာပြန်သည်။
အတွဲ ၂၉ ၊ အမှတ် ၅၆၁ (၁၆ - ၂၂ ၊ ၃၊ ၂၀၁၂)


                            
ဝါရှင်တန် - အစ္စရေး မော့ဆက် ထောက်လှမ်းရေးအေဂျင်စီ အကြီးအကဲ ဟောင်းက အီရန်၏ နျူကလီးယား အဆောက်အအုံများကို တိုက်ခိုက်မှုမပြု လုပ်ရန် သတိပေးခဲ့သည်။ ၎င်းက လိုအပ်သည့်အခါတွင် အမေရိကန် သမ္မတ ဘာရက် အိုဘားမားက ၀င်ရောက် ကြားဝင်ရန် ယုံကြည်သည်ဟုဆိုသည်။

တနင်္ဂနွေနေ့တွင် အပြည့်အစုံ အသံ လွှင့်မည့် CBS ၏ မိနစ် ၆၀ ကြာ အစီ အစဉ်ဖြင့် အင်တာဗျူး၏ ကောက်နုတ် ချက်တွင် မီရာဒါဂန်က ၎င်းသည် သွေး မြောက်၍ ချိုကြွနေသူ သမ္မတမိုဟာမက် အာမာဒီနီဂျက် အပါအ၀င် အီရန်အစိုးရ သည် အလွန် ဆင်ခြင်တုံတရားရှိသူဖြစ် သည်ဟု ယုံကြည်ကြောင်း ပြောသည်။
"တိုက်ခိုက်မယ့်သူဟာ တခြား ချဉ်းကပ်မှုအားလုံးကို မစူးစမ်းမီ အီရန် အပေါ် တိုက်ခိုက်မှုဟာ မှန်ကန်တဲ့ လမ်းကြောင်းမဟုတ် ပါဘူး"ဟု ဒါဂန် က ပြောသည်။
"ဒါ့ပြင် သမ္မတအိုဘားမားက စစ်ရေး ရွေးချယ်မှုဟာ စားပွဲပေါ်မှာသာ ဖြစ်တယ်။ သူဟာ အီရန်ကို နျူကလီး ယားနိုင်ငံဖြစ်လာဖို့ ခွင့်မပြုပါဘူး။ ကျွန်တော့အတွေ့အကြုံအရ ကျွန်တော် အမေရိကန် သမ္မတကိုယုံကြည်တယ်" ဟု ၎င်းက ဆက်ပြောသည်။
အိုဘားမားအစိုးရသည် အီရန် အပေါ် ပြင်းထန်သည့် အရေးယူပိတ်ဆို့ ဆဲဖြစ်၍ ဗုံးကြဲတိုက်ခိုက်ရန် မသက် သာသည့်အဆုံး မကျင့်သုံးမီ သံတမန် ရေးရာကြိုးပမ်းမှုများကို အချိန်ပိုပေးရန် လိုအပ်သည်ဟု ဆိုသည်။
သို့သော် အစ္စရေးခေါင်းဆောင်များ က လက်ဦးမှုရယူတိုက်ခိုက်မှုမှန်သမျှ အချိန်ကုန်ပါသည်ဟု ပြောသည်။
ဝန်ကြီးချုပ် နေတန်ယာဟုက အီရန် အပေါ် အရေးယူပိတ်ဆို့မှုသည် အလုပ် မဖြစ်ဘဲ ၎င်းတို့ အချိန်အကြာ ကြီးမစောင့် နိုင်ပါဘူးဟု တနင်္လာနေ့ကပြောသည်။
အစ္စရေးထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးအဖြစ် ရှစ်နှစ်ကြာ အမှုထမ်းပြီးနောက် ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလက အနားယူခဲ့သည့် ဒါဂန် က တိုက်ခိုက်မှုသည် အီရန်၏နျူကလီး ယားရည်မှန်းချက်များကို ဟန့်တား ထိန်းချုပ်နိုင်ခြင်း မရှိသည့်အပြင် ဒေသ တွင်း အငြင်းပွားမှုများ လွှမ်းခြုံနိုင်သည် ဟု အကြိမ်ကြိမ်သတိပေးခဲ့သည်။
၎င်းက အီရန်တို့သည် အကျိုးဆက် များကို သဘောပေါက်ခဲ့သဖြင့် အဏုမြူ ဗုံးတစ်လုံး ထုတ်လုပ်မှုကို ရှေ့တိုးလုပ် ဆောင်မည်ဟု မယုံကြည် ကြောင်း မိနစ် ၆၀ ကြာအင်တာဗျူး တွင်ပြောသည်။
"သူတို့ဟာ သူတို့လုပ်ဆောင်ချက် တွေရဲ့ ဂယက်ရိုက်ခတ်မှုအားလုံး စဉ်းစားနေတယ်ဆိုတာ သံသယမရှိ ပါဘူး။ သူတို့အများကြီး ပေးဆပ်ရမှာ ပါ။ ဒါ့ပြင် ၎င်းက ဒီနေရာမှာ အီရန် တွေဟာ စီမံချက်အပေါ် အရမ်းသတိ ထားနေတာပါ"ဟု ဒါဂန်က ပြောသွား ခဲ့သည်။

No comments:

Post a Comment