HOME

Sunday, April 1, 2012

ရုရှားနှင့်အမေရိကန်.....!

ရုရှားနိုင်ငံနှင့် ဒုံးခွင်းဒုံး အရေး ဆွေးနွေးရန် အမေရိကန် ပြည်ထောင်စု အသင့်ရှိ

Saturday 31st March 2012
အမေရိကန်အစိုးရဟာ ဒုံးခွင်းဒုံး အရေးကိစ္စနဲ့ပတ်သတ်ပြီး ရုရှားအစိုးရနဲ့ အတူတကွ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး
ဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိ တစ်ဦးရဲ့ ပြောကြားချက်အရသိရပါတယ်။ အဆိုပါအရေးကိစ္စနဲ့ ပတ်သတ်ပြီး နှစ်နိုင်ငံအကြား ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်သွားဖို့ အခွင့်အရေးရှိကြောင်း စစ်လက်နက် ထိန်းချုပ်ရေးနဲ့ နိုင်ငံတကာ လုံခြုံရေး ဒုတိယ၀န်ကြီး Rose Gottemoeller ကပြောကြားခဲ့တာ ဖြစ်ပါတယ်။


Rose Gottemoeller က ပြောကြားရာမှာ နှစ်နိုင်ငံအကြား ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း ဆောင်ရွက်မှုတွေဟာ နှစ်နိုင်ငံစလုံးအတွက် အကျိုးများစေမှာ ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုက ဦးဆောင်ပြီး ဥရောပမှာ လုပ်ဆောင်နေတဲ့ ဒုံးခွင်းဒုံးစနစ်ဟာ ရုရှားနိုင်ငံကို ပစ်မှတ်ထားတာ မဟုတ်တဲ့အတွက် အာမခံချက် တစ်စုံတစ်ရာပေးဖို့ မလိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

                            
ရုရှား အစိုးရကတော့ ရုရှားနိုင်ငံ နယ်စပ်အနီး ဒုံးခွင်းဒုံး စနစ်တွေ တပ်ဖြန့်ထားရှိတာကို ဆန့်ကျင်နေခဲ့ပြီး နေတိုးအဖွဲ့နဲ့ အမေရိကန် ပြည်ထောင်စုတို့ဆီက တရားဝင် အာမခံ ချက်ကို လိုလားလျက် ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန် ပြည်ထောင်စုဟာ နျူကလီးယား လက်နက် လျှော့ချရေးနဲ့ ပတ်သတ်ပြီးတော့လည်း ရုရှားနိုင်ငံနဲ့ေ ဆွးနွေးဖို့ အဆင်သင့် မဖြစ်သေးကြောင်းကိုလည်း ဂေါ့တီမိုလာက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment