HOME

Thursday, April 5, 2012

ဂျာမနီမှ အစ္စရေးသို့ ရောင်းမည့် ရေငုပ် သင်္ဘော.....!

နှုကလိယ လက်နက် သယ်ဆောင်နိုင်သည့် ရေငုပ် သင်္ဘောကို ဂျာမနီမှ အစ္စရေးသို့ ရောင်းမည်
              
ဂျာမနီ နိုင်ငံ အနေဖြင့် Dolphin အဆင့် ကီလိုမီတာ ၄၅၀၀ ခန့် အထိ ပစ်ခတ်နိုင်သည့် နှုကလိယ ထိပ်ဖူးတပ် ဒုံးကျည်ကို သယ်ဆောင်နိုင်သော......................................

ရေငုပ်သင်္ဘော  ၆ စင်းကို အစ္စရေး နိုင်ငံသို့ရောင်းချသွားမည် ဖြစ်ကြောင်း ကြေငြာခဲ့သည်။ ဂျာမနီ ကာကွယ်ရေး ဝန်ကြီး ဖြစ်သူ Thomas de Maiziere မှ ယခု ဆုံးဖြတ်ချက်ကို အင်္ဂါနေ့က ပြုလုပ်သည့် ပူးပေါင်း သတင်းစာ ရှင်းလင်းပွဲ အတွင်း အစ္စရေး ဘက်မှ ဝန်ကြီး ဖြစ်သူ နှင့်အတူ ကြေငြာခဲ့ခြင်းလည်း ဖြစ်သည်။

အလားတူပင် နောက်ထပ် လှေများကိုလည်း လွှဲပြောင်းပေးမည် ဖြစ်ကာ ဘဏ္ဍာရေး အရ အကူအညီများ ပြုမည် ဖြစ်ကြောင်းလည်း ပြောခဲ့ကာ ဂျာမနီ အနေဖြင့် ယင်း ရေငုပ်သင်္ဘောများ အတွက် ကုန်ကျမှု တစ်ချို့တစ်ဝက်ကိုလည်း ပေးဆောင်သွားမည် ဖြစ်သည်ဟု ပြောခဲ့သည်။ လွန်ခဲ့သည့် နိုဝင်ဘာလကလည်း ဂျာမနီ အစိုးရမှာ အစ္စရေးသို့ ဒေါ်လာ ၁၇၈ သန်း ပမာဏရှိသည့် ငွေများကို အစ္စရေးသို့ ထောက်ပံ့ခဲ့ကြောင်း အဆိုပါ ကိစ္စနှင့် နီးစပ်သူမှ ပြောခဲ့ကာ ယင်းမှာ အဆိုပါ ကုန်ကျစရိတ်များ အတွက် သုံးပုံတစ်ပုံ ပမာဏ ရှိကြောင်းလည်း သိရသည်။
source : presstv.ir


No comments:

Post a Comment