HOME

Thursday, April 5, 2012

အစ္စရေးသို့ ဒေါ်လာ ၁၁၅ သန်း အမေရိကန် ကူညီခဲ့ .....!


Thursday 5th April 2012

အသစ် ထွက်ပေါ်လာသည့် စာရင်း တစ်ရပ်အရ အမေရိကန် ပြည်ထောင်စု အနေဖြင့် လွန်ခဲ့သည့် နှစ်များစွာ အတွင်း အစ္စရေးသို့ ဒေါ်လာ ၁၁၅ သန်းကျော် အကူအညီ ပေးခဲ့ကြောင်းနှင့် အစ္စရေး အနေဖြင့် အမေရိကန် နိုင်ငံ အပေါ်တွင် အကြီးအကျယ် မှီခိုခဲ့ရကြောင်း ဖော်ပြလိုက်ပြီ ဖြစ်သည်။


အဆိုပါ အစီရင်ခံစာကို အစ္စရေး ကွန်ဂရက် လွတ်တော် သုတေသန ဝန်ဆောင်မှု ဌာနမှ ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ အစ္စရေးတို့ အနေဖြင့် အခြားသော ဥရောပ နိုင်ငံ ၁၅ ခုထက် အမေရိကန် နိုင်ငံမှ အကူအညီ ပိုမို ရယူခဲ့ခြင်း
ဖြစ်ကာ လွန်ခဲ့သည့် ဒုတိယ ကမ္ဘာစစ် အတွင်းက ပျက်စီးခဲ့ရမှုတွင် ပြန်လည် နာလန် ထူလာရေး အတွက်
ယခုလို အကူအညီများ ရယူခဲ့ရခြင်း ဖြစ်သည်။

ယင်းအထဲမှ ဒေါ်လာ ၆၇ ဘီလီယံမှာ စစ်ရေးအရ အကူအညီ ပေးခြင်းဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ပါရှိ
သည်။
ထို့အပြင် ယင်းအစီရင်ခံစာတွင် ပါရှိသည့် နောက်ထပ် အံ့သြစရာ တစ်ခုမှာ အမေရိကန်တို့ အနေဖြင့် ယခုနှစ် တစ်ခုတည်းမှာပင် အစ္စရေးသို့ ဒေါ်လာ ၃.၁ ဘီလီယံ ကူညီပေးရန် လျာထားပြီး ယင်းမှာ အမေရိကန် စစ်အသုံး
စရိတ်၏ ငါးပုံတစ်ပုံလည်း ဖြစ်သည်။

အမေရိကန်တို့ အနေဖြင့် စီးပွားရေး ကျဆင်းသည့် ကာလ အတွင်းမှာပင် အစ္စရေး နိုင်ငံသို့ နှစ်စဉ် ကူညီ
သည့် ငွေဒေါ်လာ ၃ ဘီလီယံကို မပျက်မကွက် ပေးခဲ့ကာ ထိုစဉ်က အမေရိကန် ပြည်သူများ အပေါ် ဝန်ဆောင်မှု ပေးသည်များကို လျော့ချခဲ့သော်လည်း ယင်းထောက်ပံ့ ငွေကိုမူ လျော့ချခဲ့ခြင်း မရှိပေ။

source : presstv.ir
Copy from http://www.mrtv4.net.mm/

No comments:

Post a Comment