HOME

Tuesday, February 25, 2014

ဘေရွတ်ဆင်ခြေဖုံး ဗုံးကွဲမှု နှစ်ဦးသေ ...!

ဘေရွတ်ဆင်ခြေဖုံး ဗုံးကွဲမှု နှစ်ဦးသေ 


ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးတွင် ဗုံးပေါက်ကွဲပြီးနောက် မြင်ကွင်း။ အေအက်ဖ်ပီ

ဘေရွတ် - လက်ဘနွန်နိုင်ငံ၏ မြို့တော် ဘေရွတ် တောင်ပိုင်းရှိ ဆင်ခြေဖုံးဒေသတစ်ခုတွင်
ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ပြီး လူနှစ်ဦးထက်မနည်း သေဆုံးကာ
ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးဆိုင်ရာ သတင်းရင်းမြစ်တစ်ခုက
အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

အီဂျစ်ယာယီအစိုးရ ရုတ်တရက် နုတ်ထွက် .....!

အီဂျစ်ယာယီအစိုးရ ရုတ်တရက် နုတ်ထွက် 


အီဂျစ် ဝန်ကြီးချုပ် Hazem el-Beblawi

by ဗွီအိုအေ (မြန်မာဌာန)

 အီဂျစ်နိုင်ငံမှာ ဝန်ကြီးအဖွဲ့ရာထူးက နုတ်ထွက်လိုက်တယ်လို့ Egypt ကြားဖြတ်ဝန်ကြီင်္းချုပ် Hazem el-Beblawi က ပြောပါတယ်။

Monday, February 10, 2014

ဂါဇာဒေသကို အစ္စရေးတို့က လေကြောင်း တိုက်ခိုက်......!

ဂါဇာဒေသကို အစ္စရေးတို့က လေကြောင်း တိုက်ခိုက်



 ဂါဇာဒေသကို အစ္စရေး လေကြောင်းမှ တိုက်ခိုက်


















ဂါဇာဒေသရှိ ပါလက်စတိုင်း စစ်သွေးကြွများက အစ္စရေး တောင်ပိုင်း ဒေသကို ဒုံးကျည်နှစ်စင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကို အစ္စရေးတို့က လေကြောင်း တိုက်ခိုက်မှုနှစ်ရပ် ပြုလုပ်ခြင်းဖြင့် လက်တုံ့ ပြန်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြ ထားသည်။ ပါလက်စတိုင်း စစ်သွေးကြွများ၏ ဒုံးကျည်များမှာ ကွင်းပြင်ကျယ်ကြီးများ အတွင်းသို့ ကျရောက်ခဲ့ပြီး ထိခိုက်ပျက်စီးမှု မရှိကြောင်း အစ္စရေး စစ်ဘက်က ထုတ်ပြန်သည်။

ဆီးရီးယားကအပစ်မရပ်တဲ့ဟုမ်းစ်မြို့ ကုလကူညီရေးခက်ခဲ ...!

ဆီးရီးယားကအပစ်မရပ်တဲ့ဟုမ်းစ်မြို့ ကုလကူညီရေးခက်ခဲ 


ဆီးရီးယား-အာရပ် ကြက်ခြေနီအဖွဲ့ဝင်တွေက စားစရာနဲ့ သောက်ရေတချို့ စစ်ဘေးဒုက္ခသည်တွေကို ဝေငှပေးနေစဉ်။ (ဖေဖော်ဝါရီလ ၇၊ ၂၀၁၄)

by ဗွီအိုအေ (မြန်မာဌာန)

ဆီးရီးယားနိုင်ငံမှာ အစိုးရတပ်တွေနဲ့ သူပုန်တွေတိုက်ပွဲဖြစ်နေတဲ့ Homs မြို့မှာ လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့ ၃ ရက်ကြာ အပစ်အခတ် ရပ်စဲပါမယ်လို့ ၂ ဘက်လုံးက သဘောတူထားပေမယ့် တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့အတွက် ကုလသမဂ္ဂရဲ့ အကူအညီပေးဖို့အားထုတ်မှုတွေ အဟန့်အတား ဖြစ်နေပါတယ်။

အမေရိကန် ရေပိုင်နက်အနီး အီရန် စစ်သင်္ဘောတွေ ချထား ...!

အမေရိကန် ရေပိုင်နက်အနီး အီရန် စစ်သင်္ဘောတွေ ချထား 




by ဗွီအိုအေ (မြန်မာဌာန)

ပါရှန်းပင်လယ်ကွေ့မှာ အမေရိကန်ရေတပ်သင်္ဘောတွေ ချထားတာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ရေပြင်ပိုင်နယ် နယ်စပ်တွေဆီ ချဉ်းကပ်ကြဖို့ အီရန်စစ်သင်္ဘောအများအပြားကို အမိန့်ပေးထားတယ်လို့ အီရန်ရေတပ် တပ်မှူးတစ်ဦးက ပြောလိုက်ပါတယ်။

Sunday, February 9, 2014

အီရန်-TV

Iranian TV Simulates Attack on Israel, US

In latest belligerent move, Iranian state television airs documentary showing
simulated missile attacks on Israel, US.

Tova Dvorin
Iranian state television ran a documentary showing simulated air attacks
 on Israel and the United States Friday, as revealed in an inflammatory clip uploaded to YouTube.






The clip shows Iranian drones and missiles carrying out simulated strikes on the American aircraft carrier USS Abraham Lincoln, striking American military targets in the Persian Gulf and downing US aircraft.
In a more graphic part of the documentary, drones and missiles are shown bombing Haifa, Ben-Gurion Airport, and the Dimona nuclear reactor.

Tuesday, February 4, 2014

ငြိမ်းချမ်းရေးရဖို့ အစ္စရေးလ် ဖိအားပေးခံမည်မဟုတ် ...!

ငြိမ်းချမ်းရေးရဖို့ အစ္စရေးလ် ဖိအားပေးခံမည်မဟုတ် 


အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu

by ဗွီအိုအေ (မြန်မာဌာန)

ပါလက်စတိုင်းတွေနဲ့ ငြိမ်းချမ်းရေးသဘောတူစာချုပ်ချုပ်နိုင်ဖို့အတွက် သူတို့ အနေနဲ့ အတင်းအကြပ် အနိုင်ကျင့်တာမျိုးကိုတော့ လက်ခံမှာမဟုတ်ဘူးလို့ အစ္စရေးလ်နိုင်ငံရဲ့ ထိပ်တန်းတာဝန်ရှိသူတွေက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကို သတိပေးလိုက်ပါတယ်။

ဝန်ကြီးကယ်ရီ အီရန်နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံ ..!

ဝန်ကြီးကယ်ရီ အီရန်နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံ 


အမေရိကန်နိုင်ငံခြးရေးဝန်ကြီး John Kerry (ယာ)၊ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif (ဝဲ)

by ဗွီအိုအေ (မြန်မာဌာန)

ဒီနေ့ တနင်္ဂနွေနေ့မှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif နဲ့ Munich လုံခြုံရေးညီလာခံပြင်ပ၊ ကျင်းပနေကျမဟုတ်တဲ့ သီးခြားဆွေးဆွေးပွဲတစ်ရပ် ကျင်းပပြီး တွေ့ဆုံဆွေးနွေးခဲ့ကြရာမှာ အငြင်းပွားစရာဖြစ်နေတဲ့ အီရန်-နျူကလီယားပြဿနာနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

Sunday, February 2, 2014

ယူရေနီယံ သန့်စင်ရေးသုတေသန စွန့်လွှတ်ရန် မပြင်ဆင်ရသေးကြောင့် အီရန် နိုင်ငံခြားရေးဝန်ကြီး ပြော ....!

ယူရေနီယံ သန့်စင်ရေးသုတေသန စွန့်လွှတ်ရန် မပြင်ဆင်ရသေးကြောင့် အီရန် နိုင်ငံခြားရေးဝန်ကြီး ပြော


အီရန်အစိုးရဟာ သူ့ရဲ့ ယူရေနီယံ သန့်စင်ရေး သုတေသနတွေကို စွန့်လွှတ်ဖို့ မပြင်ဆင်ရသေး ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး မိုဟာမဒ် ဂျာဗဲ့ဒ် ဇာရိဖ်က ဖေဖော်ဝါရီ ၁ ရက်နေ့က လူတွေ့ မေးမြန်းခန်းအတွင်း ပြောဆိုလိုက်ပါတယ်။
Zarif--621x414ဒီသုတေသနတွေဟာ အီရန်ရဲ့ နျူကလီးယား ဆိုင်ရာလှုပ်ရှားမှုတွေအပေါ် နိုင်ငံတကာက စိုးရိမ်မှုတွေကို ဖော်ပြတဲ့ နောက်ဆုံးသဘောတူညီချက်ရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ အီရန်ဟာ သူ့ရဲ့ အထိမခံနိုင်ဆုံး နျူကလီးယားစစ်ဆင်ရေးတွေကို ရပ်ဆိုင်းရေး နိုဝင်ဘာလအတွင်း ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနဲ့ ဆွေးနွေးရာမှာ ကနဦး သဘောတူညီမှုအဆင့်ထိ ရောက်ခဲ့ပြီး အပြန်အလှန်အနေနဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုကနေ သက်သာခွင့် တချို့ရခဲ့ပါတယ်။

Saturday, February 1, 2014

ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးမှု တိုးတက်မှုမရဘဲ ပြီးဆုံး ...!

ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးမှု တိုးတက်မှုမရဘဲ ပြီးဆုံး 


ကုလသမဂ္ဂ ကြားဝင်စေ့စပ်သူ Lakhdar Brahimi (ဇန်နဝါရီလ ၃၁၊ ၂၀၁၄)

by ဗွီအိုအေ (မြန်မာပိုင်း)

ဆီးရီးယားအစိုးရနဲ့ အတိုက်အခံတွေပါဝင်ဆွေးနွေးနေတဲ့ ပထမအကျော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ဒီကနေ့ သောကြာနေ့မှာ အဆုံးသတ်တော့ မှာဖြစ်ပေမယ့်၊ အဓိကကျတဲ့ ကိစ္စရပ်တွေမှာ တိုးတက်မှုတစုံတရာ မရခဲ့ကြပါဘူး။ ဂျနီဗာမြို့မှာ တပတ်ကြာဆွေးနွေးခဲ့ကြပြီး၊ ဒီကနေ့ ဆွေးနွေးပွဲနောက်ဆုံးနေ့မှာတော့ ရှေ့သီတင်းပတ်မှာ ထပ်ပြီး ဆွေးနွေးမယ်ဆိုတဲ့ ရလဒ်ပဲ ထွက်ပေါ် လာဖို့ ဖြစ်နိုင်ချေ ရှိတယ်လို့ မျှော်လင့်နေကြပါတယ်။ ကုလသမဂ္ဂ ကြားဝင်စေ့စပ်သူ Lakhdar Brahimi ကတော့ နောက် တကြိမ်ဆွေးနွေးတဲ့ အခါမှာ ဒီထက် အနှစ်သာရပိုပြည့်ဝတဲ့ ဆွေးနွေးမှုတွေ လုပ်နိုင်လိမ့်မယ် လို့ မျှော်လင့်ကြောင်း၊ အခုတကြိမ်ဆွေးနွေးပွဲဟာလည်း ၂ ဘက်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ အစပဲဖြစ်တယ်လို့ သူက မှတ်ချက်ပေးခဲ့ပါတယ်။