HOME

Saturday, March 29, 2014

အမေရိကန်သမ္မတနှင့် ဆော်ဒီဘုရင်တို့ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် တွေ့ဆုံ

အမေရိကန်သမ္မတနှင့် ဆော်ဒီဘုရင်တို့ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် တွေ့ဆုံ


အမေရိကန်သမ္မတ အိုဘားမားဟာ မတ်လ ၂၈ ရက်နေ့က ဆော်ဒီဘုရင် အက်ဒူလာနဲ့ တွေ့ဆုံပြီး မပြေမလည်ဖြစ်နေတဲ့ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ချောမွေ့စေဖို့ ကြိုးစားခဲ့ပါတယ်။ မြို့တော် ရီးယာက်မှာ တွေ့ဆုံခဲ့အပြီး အမေရိကန်အိမ်ဖြူတော်က နှစ်နိုင်ငံရဲ့ ခိုင်မာတဲ့ ဆက်ဆံရေးကို ကြိုဆိုခဲ့ပါတယ်။
ဆော်ဒီအာရေးဗီးယားနိုင်ငံဟာ ဆီးရီးယားသမ္မတအာဆက်ကို ဖြုတ်ချရေးမှာ အနောက်နိုင်ငံတွေ က လက်တွန့်နေတာတဲ့ အီရန်နဲ့ နျူးကလီယားဆွေးနွေးရေး လုပ်နေတာတွေအပေါ် ဆော်ဒီအာရေးဘီးယားက စိတ်ပျက်နေတာဖြစ်ပါတယ်။

အမေရိကန်သမ္မတ အိုဘားမားနဲ့ ဆော်ဒီဘုရင် အက်ဒူလာတို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - ရိုက်တာ)
အမေရိကန်သမ္မတ အိုဘားမားနဲ့ ဆော်ဒီဘုရင် အက်ဒူလာတို့ တွေ့ဆုံစဉ် (ဓာတ်ပုံ – ရိုက်တာ)
ခရီးစဉ်ဟာ သမ္မတ အိုဘားမားရဲ့ သမ္မတသက်တမ်းအတွင်း ပထမဆုံးခရီးစဉ်လည်းဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ အမေရိကန်လုံခြုံရေးအရာရှိချုပ် ဆူဇင်ရိုက်စ်တို့လည်း သမ္မတခရီးစဉ်မှာ ပါဝင်ခဲ့ပါတယ်။


နှစ်နာရီကြာ ဆွေးနွေးပွဲမှာ နှစ်နိုင်ငံရဲ့ မဟာဗျူဟာပိုင်းအရ ကွဲပြားတာသိပ်မရှိဘူးလို့ အမေရိကန်အရာရှိတွေက ပြောဆိုပြီး အီရန်နိုင်ငံနဲ့ နျူးကလီးယားဆွေးနွေးနေတာကိုလည်း ပေါ့ပေါ့တန်တန် သဘောမထားတဲ့အကြောင်း အိုဘားမားက ဆော်ဒီဘုရင်ကို ပြောဆိုခဲ့ပါတယ်။
အိမ်ဖြူတော်က ထုတ်ပြန်ချက်ထဲမှာတော့ နှစ်နိုင်ငံ အစွန်းရောက်အကြမ်းဖက်မှုကို ဆက်လက် တိုက်ပွဲဝင်သွားဖို့နဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် တွေ့ဆုံညှိနှိုင်းမှုတွေကို ဆက်လက် အားပေးသွားဖို့ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။
ဆော်ဒီအာရေးဘီးယားနိုင်ငံဟာ ဆီးရီးယားသမ္မတ အာဆက်ဖြုတ်ချရေးမှာ ဆီးရီးယား သူပုန်တွေကို အမေရိကန်က ပိုမိုထောက်ပံ့စေချင်ပေမယ့် အမေရိကန်က မြေပြင်မှ ဝေဟင်ပစ် ဒုံးတွေကို ထောက်ပံ့ဖို့ ခက်ခဲနေတာလည်း ဖြစ်ပါတယ်။

No comments:

Post a Comment