HOME

Sunday, March 9, 2014

အီဂျစ်နိုင်ငံ၏ ပထမဆုံးအမျိုးသမီး ပါတီခေါင်းဆောင်က အီဂျစ် ဒီမိုကရေစီစနစ် ပျက်ပြားမည်ကိုစိုးရိမ်...!

အီဂျစ်နိုင်ငံ၏ ပထမဆုံးအမျိုးသမီး ပါတီခေါင်းဆောင်က အီဂျစ် ဒီမိုကရေစီစနစ် ပျက်ပြားမည်ကိုစိုးရိမ်


အီဂျစ်နိုင်ငံ၏ ပထမဆုံးအမျိုးသမီး ပါတီခေါင်းဆောင် ဟာလာရှူကရာလား။အီဂျစ်နိုင်ငံ၏ ပထမဆုံးအမျိုးသမီး ပါတီခေါင်းဆောင် ဟာလာရှူကရာလား။
ကိုင်ရို - စစ်အုပ်ချုပ်ရေးဘက်သို့ ပြန်လှည့် ခြင်းဖြင့် အီဂျစ်နိုင်ငံ၏ ဒီမိုကရေစီကို
ခြိမ်းခြောက် လာမည်ကို စိုးရိမ်ပူပန်မိကြောင်း အီဂျစ် နိုင်ငံ ရေးပါတီတစ်ခု၏ အမျိုးသမီးအကြီး
အကဲအဖြစ် ပထမဆုံး ရွေးချယ်ခံခဲ့ရသည့် ဟာလာ ရှူကရာလာက ပြောကြားခဲ့သည်။

လစ်ဘရယ် အယ်လ်ဒေါ့စ်တိုး (ဗီူသျအသကမ) ပါတီ၏ ခေါင်းဆောင်ဖြစ်လာသူ အီဂျစ်ကော့ပ်
တစ် ခရစ်ယာန်တစ်ဦးဖြစ်သည့် ဟာလာ ရှူကရာလာသည် ဒီမိုကရေစီစနစ် ကျင့်သုံးနေသော
အဖွဲ့များ၏ အရပ်သားခေါင်းဆောင်မှု ဖြစ်လာရေး ကြိုးစားရန် ပျက်ကွက်ခြင်းက စစ်တပ်
အတွက် အကျိုးအမြတ်ရရှိနေစေမည်ဖြစ်ပြီး တရားမ၀င်တော့သည့် မွတ်စလင်ညီ အစ်ကိုများ
အဖွဲ့ကို နေရာပြန်လည်ရလာအောင် အကူအညီပေးရာလည်း ရောက်နိုင်ကြောင်း အေအက်ဖ်ပီ
သို့ ပြောကြားခဲ့သည်။
စစ်ဦးစီးချုပ် ဖီးလ်မာရှယ် အက်ဘ်ဒဲလ်ဖတ်တား အယ်လ်စီစီက ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်
ပြီး သမ္မတဖြစ်လာဖွယ်ရှိခြင်းနှင့် ပတ်သက်၍ မေးမြန်းရာတွင် အသက် ၅၉ နှစ် အရွယ် ရှူကရာ
လာက "ဒီမိုကရေစီ နည်းလမ်း အရ ကျင်းပတဲ့ရွေးကောက်ပွဲမှာ စစ်ဘက်က ပါဝင်မှုနဲ့ပတ်သက်
ပြီး ကျွန်မတို့ကလည်း မေးခွန်းတွေမေးရမှာဖြစ်ပါတယ်" ဟု ပြန်လည် ဖြေကြားခဲ့သည်။
အီဂျစ်နိုင်ငံတွင် ပထမဆုံးအကြိမ် ဒီမိုကရေ စီနည်းအရ ရွေးကောက်တင်မြှောက်ခဲ့သော သမ္မတ
မိုဟာမက်မော်စီပြုတ်ကျပြီးနောက် စီစီ မှာ လူကြိုက်အများဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ၎င်းက
ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း တရားဝင် ကြေညာထားသော်လည်း ၎င်းကို
ထောက်ခံသူများက ၎င်းအနိုင်ရမည် သေချာကြောင်း ပြောကြားလျက်ရှိသည်။
ဗြိတိန်နိုင်ငံတွင် ပညာသင်ကြားခဲ့သော ရှူ ကရာလာကို ဒုတိယသမ္မတဟောင်းနှင့် အတိုက်အခံ
ခေါင်းဆောင်ဖြစ်သူ မိုဟာမက်အယ်လ် ဘာရာဒေး ၂၀၁၂ ခုနှစ်က တည်ထောင်ခဲ့သည့်
အယ်လ်ဒေါ့စ်တိုး ပါတီ၏ ခေါင်းဆောင်အဖြစ် ဖေဖော်ဝါရီလက ရွေးကောက်ခဲ့ခြင်းဖြစ်သည်။
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အယ်လ်ဘာရာ ဒေးက အဓိကရုဏ်းနျိမ်နင်းရေး တပ်ဖွဲ့ဝင်များ နှင့်
မော်စီထောက်ခံသူများကြား ပဋိပက္ခဖြစ်ပွား ပြီး လူရာပေါင်းများစွာ သေဆုံးခဲ့ပြီးနောက် ဩဂုတ်
လအတွင်း ရာထူးမှနုတ်ထွက်ခဲ့သည်။ ၁၉၇၀ ပြည့်နျင့် ၁၉၈၀ ပြည့်လွန်နှစ်များက ၎င်း၏ တက်
ကြွလှုပ်ရှား ဆောင်ရွက်မှုများ ကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရဖူးသော လူမှုဗေဒပညာရှင်တစ်ဦး
ဖြစ်သူ ရှူကရာလာသည် အမျိုးသမီးများ၏ အခွင့်အရေးအတွက် တိုက်ပွဲ ၀င်နေသော လူမှုအဖွဲ့
အစည်းများကို တည်ထောင် ရာ၌လည်း အကူအညီပေးလျက်ရှိသည်။ ၎င်းအား ပါတီခေါင်း
ဆောင်အဖြစ် ရွေး ကောက်တင်မြှောက်မှုကို အီဂျစ်နိုင်ငံ၏ အပြု သဘောဆောင်သည့် အပြောင်း
အလဲတစ်ရပ် အဖြစ် ကြိုဆိုလက်ခံကြသည်။
အရှေ့အလယ် ပိုင်း၌ အကြီးဆုံး ခရစ်ယာန်အသိုင်းအ၀ိုင်း တစ်ခုတည်ရှိရာ အီဂျစ်နိုင်ငံတွင်
အမျိုးသမီး များမှာ အများအားဖြင့် ခွဲခြားဆက်ဆံခံရခြင်း များရှိသည်။

(အေအက်ဖ်ပီ)

No comments:

Post a Comment