HOME

Saturday, March 29, 2014

အီဂျစ်နိုင်ငံမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတွေ ပဋိပက္ခဖြစ်ပွားမှုကြောင့် လူ ၅ ဦးသေဆုံး...!

အီဂျစ်နိုင်ငံမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတွေ ပဋိပက္ခဖြစ်ပွားမှုကြောင့် လူ ၅ ဦးသေဆုံး

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ မတ်လ ၂၈ ရက်နေ့က စစ်တပ်အကြီးအကဲဟောင်း အက်ဒယ် ဖက်တာ အယ်စီစီ သမ္မတအရွေးခံမှာကို မကျေနပ်တဲ့ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတွေ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ပါတယ်။
s1.reutersmedia.netသမ္မတဟောင်းမောစီကို ထောက်ခံသူတွေဟာ ကိုင်ရိုမြို့အပြင် အလက်ဇန်ဒယားမြို့နဲ့ တခြားမြို့ကြီးတွေမှာပါ လုံခြုံရေးတွေနဲ့ ပဋိပက္ခဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။ ကိုင်ရိုမြို့ သေဆုံးသူတွေထဲမှာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးသတင်းထောက်တဦးလည်း ပါဝင်ခဲ့ပါတယ်။

လုံခြုံရေးတွေနဲ့ ထိပ်တိုက်တွေ့မှုတွေကို သတင်းလိုက်ယူရင်း ခေါင်းမှာ သေနတ်ထိမှန်ခဲ့တာ ဖြစ်ပါတယ်။ အခြားလူ ၄ ဦးလည်း သေဆုံးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဆေးရုံဝန်ထမ်းတဦးက ပြောဆိုပြီး အနည်းဆုံးတဦးဟာ ကျည်ဆံအစစ်နဲ့ အပစ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန အရာရှိတဦးက လူသေဆုံးမှုတွေကို အတည်ပြုပြောကြားပြီး သေဆုံးမှုတွေအတွက် မွတ်စလင်ညီအကိုတော်များပါတီ ထောက်ခံသူတွေကို အပြစ်တင်ထားပါ တယ်။ အီဂျစ်နိုင်ငံမြို့ကြီးတွေမှာ မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ ရဲတွေကို ဒုံးကျည်တွေနဲ့ ပြန်လည်ပစ်ခတ်မှုတွေတောင် ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင်က သမ္မတမော်စီဆီကနေ အာဏာသိမ်းခဲ့တဲ့ စစ်ဦးချုပ်ဟောင်း စီစီဟာ မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ အီဂျစ်သမ္မတအရွေးခံဖို့ မတ်လ ၂၆ ရက်နေ့က အရပ်ဝတ်လဲ ခဲ့ပါတယ်။
အာဏာသိမ်းအပြီးမှာ ရာနဲ့ချီတဲ့ ကျောင်းသားတွေနဲ့ ဆန္ဒပြသူတွေကို ပစ်သတ်ခဲ့ပြီး ထောင်နဲ့ချီတဲ့ ဖမ်းဆီးမှုတွေလုပ်ခဲ့တဲ့ အီဂျစ်စစ်တပ်ဟာ မတ်လ ၂၄ ရက်နေ့က ညီအကိုတော်များပါတီ ထောက်ခံသူ ၅၀၀ ကျော်ကို သေဒဏ်ချခဲ့ပါတယ်။ စီစီဟာ အီဂျစ်နိုင်ငံ ဥပဒေပြန်လည်စိုးမိုးလာရေးအတွက် လိုအပ်နေတဲ့ ခိုင်မာပြတ်သားတဲ့ ခေါင်းဆောင်တဦးအဖြစ် အများက သတ်မှတ်ကြတာဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ရလောက်တဲ့ ပြိုင်ဖက်လည်း မရှိတာကြောင့် အီဂျစ်သမ္မတဖြစ်ဖို့ သေချာနေပေမယ့် အီဂျစ်နိုင်ငံမှာ မွတ်စလင်အုံကြွမှုတွေ၊ သမ္မတဟောင်း မူဘာရက်ခေတ်ကလို စစ်တပ်နဲ့ ငြိမ်ဝပ်ပိပြားအောင် အုပ်ချုပ်တဲ့ အာဏာရှင်ခေတ်ကို ပြန်ရောက်သွားမှာကို စိုးရိမ်သူများလည်း ရှိနေကြပါတယ်။

No comments:

Post a Comment