HOME

Wednesday, May 21, 2014

အီဂျစ်သမ္မတဗိုလ်ချုပ်ကြီးဟောင်းဖာတာစီစီက အကြမ်းဖက်နှိမ်နင်းရန် အမေရိကန်ထံ အကူအညီတောင်း

အီဂျစ်သမ္မ တဗိုလ်ချုပ်ကြီးဟောင်းဖာတာစီစီက အကြမ်းဖက်နှိမ်နင်းရန် အမေရိကန်ထံ အကူအညီတောင်း  










အီဂျစ်နိုင်ငံ၏ သမ္မတအဖြစ် အရွေးချယ်ခံ နိုင်ငံခေါင်းဆောင် ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးဟောင်း အဗ္ဗဒယ်ဖာတာအယ်စီစီ- Abdel Fattah al-Sisi  က အကြမ်းဖက် ဂျီဟတ်အယူအဆကို တိုက်ခိုက်ရာ၌ အမေရိကန်က အကူအညီပေးပါရန် တောင်းဆိုလိုက်သည်။

နောက်ဆုံးရွေးချယ်ပွဲသည် မေ ၂၆-၂၇ ၌ ပြုလုပ်မည်ဖြစ်သော်လည်း ရွေးချယ်ခံရရန် သေချာနေသည့် စီစီက နိုင်ငံတကာ သတင်း သမားများနှင့် ပထမဦးဆုံး တွေ့ဆုံမေးမြန်းခန်း၌ ပြောရာတွင် အမေရိ ကန်နိုင်ငံအနေနှင့် တစ်နှစ်လျှင် US$ ၁.၃ ဘီလီယံနှင့် ညီမျှသော ကူညီမှုပေးပါရန်နှင့် သို့မှသာ မွတ်စလင်ညီအစ်ကိုများအဖွဲ့ကို သုတ် သင်ရှင်းလင်းနိုင်မည်ဟု ဆိုသည်။
သမ္မတအိုဘားမားထံ မည်သည့်စကားများ ပြောကြားလိုပါသ နည်းဟု မေးမြန်းရာ ''ကျွန်တော်တို့အားလုံးက အကြမ်းဖက်မှုကို စစ်ပွဲ အနေနဲ့ ဆန့်ကျင်နေကြတာပါ'' ဟု ဖြေဆိုခဲ့သည်။
အကြမ်းဖက်မှုကို တိုက်ခိုက်ဖို့ အမေရိကန်တို့ရဲ့ အကူအညီ လိုပါတယ်။ အမေရိကန်နိုင်ငံက လက်နက်တွေရမှ အကြမ်းဖက်မှုတွေ ကို တိုက်ခိုက်နိုင်မှာပါ'' ဟုလည်း ပြောဆိုခဲ့၏။
သူ၏ အိမ်နီးချင်း လစ်ဗျားနိုင်ငံ၌ ကဒါဖီကို ဖြုတ်ချရန် အမေရိကန်နိုင်ငံက ကူညီခဲ့ပြီး ဖြစ်ပေါ်လာသော ပြဿနာအရပ်ရပ်သည် အီဂျစ်နိုင် ငံ ကို ခြိမ်းခြောက်လာခဲ့သည်။ ထိုနိုင်ငံမှ ဤနိုင်ငံသို့ ကူးစက် လာခဲ့သည်ဟု ဆိုသည်။
''အရှေ့အလယ်ပိုင်းအရပ်မှာ နောက်တစ်နိုင်ငံဟာ အာဖဂန်နစ္စတန်နိုင်ငံလိုမျိုး ဖြစ်လာလို့ မရပါဘူး။ နောက်တစ်ကြိမ် အာဖဂန် နိုင် ငံမျိုး အဖြစ်မခံနိုင်ပါဘူး''ဟု ရှင်းပြသည်။
အီဂျစ်နိုင်ငံနှင့် အစ္စလာမ်ဝါဒီများသည် ရှေးရှေးကတည်းက ရန်သူဟောင်းကြီးများ ဖြစ်သည်။ စစ်သွေးကြွများက ၁၉၈၁ ခုနှစ်တွင် သမ္မတ အန်နဝါဆဒတ်ကို လုပ်ကြံသတ်ဖြတ်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ၁၉၇၉ ခုနှစ်က အစ္စရေးတို့နှင့်  Lamp David တွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရယူ၍ဖြစ်၏။
ရာထူးမှ ကျဆင်းသွားရသည့် သမ္မတ ဟို့ခနီမူဘာရတ်လည်း လုပ်ကြံမှုအမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ရဖူးသည်။ ဂျီဟတ်ဝါဒီများ၏ လုပ်ကြံ မှု ဖြစ်သည်။
ကမ္ဘာပေါ်ရှိ အစွန်းရောက် စစ်သွေးကြွအများအပြားမှာ အီဂျစ် လူမျိုးများသာ ဖြစ်ကြသည်။
အယ်လ်ကိုင်ဒါခေါင်းဆောင် အေမန်အယ်ခေဝါဟာရီသည် အီဂျစ်နိုင်ငံသား ဖြစ်သည်။
အသက် ၅၅ နှစ်အရွယ် ဗိုလ်ချုပ်ကြီးဟောင်းက အနောက်ဘက်နိုင်ငံများကို တောင်းဆိုသည်မှာ ''အီဂျစ်နိုင်ငံနှင့် ပတ်သက်သည့် ပိတ်ဆို့အရေးယူ တင်းကြပ်ထားမှုများ လျှော့ချပေးရန်နှင့် စက်တင်ဘာ ၁၁ ရက် အမေရိကန်၌ တိုက်ခိုက်မှုသည် အယ်လ်ကိုင်ဒါ များ၏ လုပ်ရပ် သာဖြစ်ပြီး ထိုလူများအားလုံးသည် အာရပ်များသာ ဖြစ်သည်ဟု ရှင်းပြ၏။
Source : Reuters.com
မောင်သာရွှေ 

No comments:

Post a Comment