HOME

Monday, May 26, 2014

ဓာတုလက်နက် စုစုပေါင်း၏ ၅ ရာခိုင်နှုန်းသာ ဆီးရီးယားအစိုးရ ပေးအပ်..!

ဓာတုလက်နက် စုစုပေါင်း၏ ၅ ရာခိုင်နှုန်းသာ ဆီးရီးယားအစိုးရ ပေးအပ်

ဓာတုလက်နက် စုစုပေါင်း၏ ၅ ရာခိုင်နှုန်းသာ ဆီးရီးယားအစိုးရ ပေးအပ်ဆီးရီးယား အစိုးရ ပိုင်ဆိုင်ထားသော ဓာတုလက်နက် စုစုပေါင်း၏ ၅ ရာခိုင်နှုန်း ကိုသာ ဖျက်သိမ်းရန် အစိုးရအဖွဲ့က ပေးအပ်ထားပြီး လာမည့် ရက်သတ္တပတ်များ အတွင်း အဆိပ်အတောက် ပစ္စည်းအားလုံး လွှဲပြောင်း ပေးအပ်ရေး ရက်သတ်မှတ်ချက်ကို ပြည့်မီနိုင်မည် မဟုတ်ဟု ဓာတုလက်နက် ဖျက်သိမ်းရေး အဖွဲ့ဝင် တစ်ဦးက ပြောကြားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ဓာတုလက်နက် တန်ချိန်ပေါင်း ၁၃၀၀ ထိ ပိုင်ဆိုင်ထားသည်ဟု ဆီးရီးယား အစိုးရအဖွဲ့က ဓာတုလက်နက် ဖျက်သိမ်းရေးအဖွဲ့ (OPCW) ကို အကြောင်း ကြားထားသည့်အနက် ၄ ဒသမ ၁ ရာခိုင်နှုန်း ခန့်ကိုသာ ဖျက်ဆီးရန် ဆီးရီးယားလာတာ ကီးယားဆိပ်ကမ်းသို့ ပေးပို့ထားကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက ပြောကြားသွားသည်။ “အဲဒါက မလုံလောက်သေးပါဘူး။ ထပ်ပြီး ပို့ပေးမယ့် လက္ခဏာလည်း မရှိပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဆီးရီးယား ဓာတုလက်နက်များ ဖျက်သိမ်းရေးကို OPCW အဖွဲ့နှင့် ကုလသမဂ္ဂ ပူးပေါင်း မစ်ရှင်က ကြီးကြပ် ဆောင်ရွက်နေပြီး ဓာတုလက်နက်များ အားလုံး ဖျက်သိမ်းရေးအချိန် ရက်သတ္တပတ် ၆ - ၈ ပတ်ခန့်သာ ကျန်ရှိတော့သော်လည်း ဆီးရီးယား အစိုးရအဖွဲ့က လက်နက်များ ဖျက်သိမ်းရေးကို ထက်ထက်သန်သန် လုပ်ဆောင်ခြင်း မရှိသည့်အတွက် အခက်အခဲ ကြုံတွေ့နေရသည်။ အဆိုပါအရေးနှင့် ပတ်သက်၍ OPCW အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ကြာသပတေးနေ့တွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အထက်တန်း အရာရှိတစ်ဦးက Reuters သတင်းကို ပြောကြားသည်။ ဓာတုလက်နက် ဖျက်သိမ်းရေး တိုးတက်မှု မရှိခြင်း၊ စုစုပေါင်း လက်နက် ပမာဏ၏ ၅ ရာခိုင်နှုန်းထက် မကျော်သော ပမာဏကိုသာ ဖျက်သိမ်းနိုင်ခြင်း စသည့်အရေးများကို အဓိကထား ဆွေးနွေးသွားမည် ဖြစ်သည်။
ယင်းကဲ့သို့ ဓာတုလက်နက် ဖျက်သိမ်းရေး ရပ်တန့်မှုများ ပေါ်ပေါက်နေပါက ဆီးရီးယားနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ချမှတ်သွားမည်ဖြစ်ပြီး အဆိုပါ အရေးယူမှုကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဝင်များက အတည်ပြုပေးရမည် ဖြစ်သော်လည်း တရုတ်နှင့် ရုရှားနှစ်နိုင်ငံက ဆီးရီးယား သမ္မတအာဆတ်ကို အရေးယူရေး ငြင်းဆန်လျက်ရှိသည်။ ဆီးရီးယား အစိုးရအဖွဲ့က ဓာတုလက်နက် အသုံးပြုတိုက်ခိုက်ကြောင်း ပြီးခဲ့သည့် သြဂုတ်လအတွင်း သတင်းများ ထွက်ပေါ်လာပြီးနောက် အမေရိကန်နှင့် အနောက်တိုင်း မဟာမိတ်နိုင်ငံများက ဆီးရီးယားနိုင်ငံကို ဗုံးကြဲ တိုက်ခိုက်ရန် စီစဉ်ခဲ့သည်။
သို့သော်လည်း ဆီးရီးယားသမ္မတ အာဆတ်က ဓာတုလက်နက် ဖျက်သိမ်းရေး လုပ်ဆောင်ပေးမည်ဟု ကတိပြုခဲ့ခြင်းကြောင့် စစ်ရေးအရ အရေးယူမှု အစီအစဉ်ကို ရပ်တန့်ပေးခဲ့သည်။ ဓာတုလက်နက် ဖျက်သိမ်းရေးနှင့် ပတ်သက်ပြီး ဆီးရီးယားနိုင်ငံကို ဖိအားပေး ပြောကြားပေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ရုရှား နိုင်ငံခြားရေးဝန်ကြီး လက်ရော့ကို ဗုဒ္ဓဟူးနေ့တွင် တယ်လီဖုန်း ဆက်သွယ် ပြောကြားခဲ့သည်။ ဆီးရီးယား အစိုးရအဖွဲ့က ဓာတုလက်နက် ဖျက်သိမ်းရေးကို ရည်ရွယ်ချက်ရှိရှိ နှောင့်နှေးအောင် လုပ်ဆောင်ခြင်း သို့မဟုတ် ရာသီဥတု အခြေအနေ၊ လုံခြုံရေး အခြေအနေ၊ နည်းပညာ အခြေအနေများကြောင့် နှောင့်နှေးမှုများ ပေါ်ပေါက်နေခြင်း စသည့်အချက်ကို သေချာ အတည်ပြုသွားရန် လိုအပ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောကြားသည်။
ထို့အပြင် ဆီးရီးယား အစိုးရအဖွဲ့နှင့် အတိုက်အခံများက ဂျီနီဗာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပနေခြင်းကြောင့် ဆွေးနွေးပွဲ ထိခိုက်စေမည့် အပြုအမူများ လုပ်ဆောင်ရန် အနောက်နိုင်ငံများက တွန့်ဆုတ်နေကြကြောင်း အနောက်တိုင်း သံတမန်တစ်ဦးက ပြောကြားသည်။ ဆီးရီးယား ဓာတုလက်နက်များကို Cape Ray အမည်ရ အမေရိကန် ကုန်တင်သင်္ဘော တစ်စင်းပေါ်တွင် ဖျက်ဆီးမည် ဖြစ်ပြီး ထွက်ရှိလာသည့် ပစ္စည်းများကို ဗြိတိန်နှင့် ဂျာမနီ နိုင်ငံများရှိ စွန့်ပစ်ပစ္စည်း ပြန်လည် အသုံးပြုရေး စက်ရုံများသို့ ပေးပို့မည် ဖြစ်သည်။

No comments:

Post a Comment