HOME

Saturday, May 31, 2014

အီဂျစ်နိုင်ငံ သမ္မတရွေးကောက်ပွဲ မဲဆန္ဒပေးကာလ တစ်ရက်ထပ်တိုး...!

အီဂျစ်နိုင်ငံ သမ္မတရွေးကောက်ပွဲ မဲဆန္ဒပေးကာလ တစ်ရက်ထပ်တိုး


အီဂျစ်သမ္မတရွေးပွဲတွင် အမျိုးသမီးတစ်ဦး မဲဆန္ဒပေးနေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီအီဂျစ်သမ္မတရွေးပွဲတွင် အမျိုးသမီးတစ်ဦး မဲဆန္ဒပေးနေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ
ကိုင်ရို - ယခင်နှစ် အစ္စလမ္မစ်သမ္မတ မိုဟာမက် မော်စီ ရာထူးမှဖြုတ်ချခံရပြီးနောက်
ပထမဆုံး ကျင်းပသည့် ရွေးကောက်ပွဲ၌ မဲဆန္ဒပေးသူနည်းသောကြောင့် အီဂျစ်နိုင်ငံ၏ သမ္မတ
ရွေးကောက်ပွဲ ကို မေ ၂၈ ရက်သို့ တတိယနေ့ တိုးချဲ့ခဲ့သည်။ မော်စီအားဖြုတ်ချခဲ့သည့် အငြိမ်း
စားဗိုလ်ချုပ် ကြီး အဗ္ဗဒယ်လ်အယ်လ်စီစီ အလွယ်တကူအနိုင်ရလိမ့်မည်ဟု မျှော်မှန်းပြီး သူ့အတွက် မဲဆွယ်ပွဲ၌လည်း ပြတ်သားသည့်ထောက်ခံမှုကို ပြသသည့်သဘောဖြင့် မဲဆန္ဒရှင်များစွာ မဲပေး
ကြလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။

မေလ ၂၆ ရက်နေ့ မဲရုံများ၌ မဲလာပေးသူ ဦးရေနည်းသဖြင့် စီစီကို အားပေးသူများနှင့်
စာနာထောက်ထားသည့် မီဒီယာတို့က အာပေါင် အာရင်းသန်သန်ဖြင့် ပြည်သူများ မဲပေးကြရန်
ဆော်ဩခဲ့ကြသည်။
အစ္စလမ္မစ်တို့သည် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် တိုက်တွန်း ထားကြသည်။ မဲပေးပွဲဒုတိယ
နေ့၌ မဲဆန္ဒရှင် ၅၃ သန်းအနက် ၃၇ ရာခိုင်နှုန်းခန့်သာ လာရောက်မဲပေးခဲ့ကြောင်း ရွေးကောက်ပွဲ
ကော်မရှင်အကြီးအကဲ အဗ္ဗဒယ်လ် အဇစ်ဆော်လ်မန်က ပြောသည်ကို တရားဝင် MENA သတင်း
ဌာနက အစီရင်ခံခဲ့သည်။
၂၀၁၂ ခုနှစ်က မော်စီအနိုင်ရခဲ့သည့် ရွေးကောက်ပွဲ၌ ၅၂ ရာခိုင်နငန်း မဲပေးမှုရှိခဲ့ရာ နှိုင်းယှဉ်လျှင်
အလွန်နည်းကြောင်း တွေ့ရသည်။ မေလ ၂၇ ရက်၌ မဲရုံများပိတ်ခဲ့ရပြီးနောက် မဲပေးချိန်ထပ်တိုး
ခြင်းကို စီစီ၏ အဓိကပြိုင်ဘက် ဖြစ်သူ လက်ဝဲယိမ်း ဟာမ်ဒင်းဆဗာဟီက မဲပေးကာလ ထပ်တိုး
ခြင်းသည် မဲပေးမှုအစီအစဉ်၏ ဂုဏ်သိက္ခာအပေါ် မေးခွန်းထုတ်စရာ ဖြစ်ကြောင်း ဝေဖန်ရှုတ်ချ
ပြောဆိုခဲ့သည်။
မေလ ၂၈ ရက်သို့ အချိန်ထပ်တိုးခြင်းသည် မဲပေးသူများ ထပ်မံထွက်ပေါ်လာရေးအတွက် အခွင့်
အလမ်းပေးလိုက်ခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲ အရာရှိတစ်ဦးကပြောသည်။ မဲပေးရန် စည်းရုံး
သူများ၏အပြောအရ မဲပေးခြင်းအချိန်ကာလ ထပ်တိုးရသည့် ရည်ရွယ်ချက် မှာ ညနေပိုင်း မဲပေး
သူများ ပြည့်နှက်နေသည့်အချိန်တွင် ဖြစ်ပေါ်လာသည့် အပူလှိုင်းကြောင့် ဖြစ်သည်ဟုဆိုသည်။
စီစီ၏ မဲဆွယ်အဖွဲ့ကလည်း အချိန်ထပ်တိုး ခြင်းအတွက် မကျေနပ်ကြောင်းကို တိုင်ချက် ဖွင့်ခဲ့
သည်။ မေလ ၂၆ ရက်က စီစီ မဲထည့်စဉ် လူအများ မဲပေးကြရန် ကိုယ်တိုင် မေတ္တာရပ်ခံခဲ့သည်။
ယှဉ်ပြိုင်သူ အတိုက်အခံများဘက်က ဤ ရွေးကောက်ပွဲသည် ဒေသတွင်း ဒီမိုကရေစီလိုလားသူ
များ ထကြွခဲ့ရာမှ ကတိပေးခဲ့သည့် လွတ်လပ်မှုများနျင့် တည်ငြိမ်မှု တစ်ခုခုရွေးချယ်ရန်ပင်ဖြစ်
ကြောင်း ပြောဆိုခဲ့သည်။

ဇူလိုင်လ ၃ ရက်၌ မော်စီကို စီစီကဖြုတ်ချခဲ့ရာ ငြိမ်းချမ်းစဉ်ကာလအတွင်း၏ မကြာသေးမီ အီဂျစ်
၏သမိုင်းတွင် အဆိုးရွားဆုံး သွေးထွက်သံယိုမှုဖြစ်ပွားခဲ့ရာ ဗိုလ်ချုပ်ကြီးဟောင်း စီစီက အကြမ်း
ဖက်မှုအား နျိမ်နင်းမည်ဖြစ်ကြောင်း သန္နိဋ္ဌာန်ချခဲ့သည်။

No comments:

Post a Comment