HOME

Tuesday, April 25, 2023

အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု

 


အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက သူ့ ၁၂ နှစ်တာ ရယူခဲ့တဲ့ ရာထူးတာဝန်က ဖယ်ရှားနိုင်မယ့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းလိုက်တဲ့ ကိစ္စကို ဝေဖန်ပြစ်တင်လိုက်ပါတယ်။

မစ္စတာ နေတန်ယာဟုက ပါလီမန်ထဲက လက်ယာစွန်း သမားတွေကိုလည်းအဲဒီ ညွန့်ပေါင်းအစိုးရ တက်မလာအောင် ပိတ်ဆို့ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့ အနှောင်းပိုင်းက အတိုက်အခံ ပါတီ ၈ ခုက ညွန့်ပေါင်းအစိုးရသစ် ဖွဲ့ဖို့အတွက် သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ အစ္စရေးရဲ့ နိုင်ငံရေး လောကက ပါတီစုံတွေ ပါတဲ့ အဖွဲ့ဟာ အစ္စရေး ပါလီမန်အတွင်းမှာ ထောက်ခံမှုတွေ ရဖို့ လိုနေပါတယ်။

အစ္စရေး ပါလီမန် Knesset အတွင်း မဲခွဲ ဆုံးဖြတ်ကြမယ့် ရက်ကိုတော့ မသတ်မှတ်ရသေးပါဘူး။ ဒါပေမယ့် လာမယ့် သီတင်းပတ် နောက်ဆုံးထားပြီး မဲခွဲမယ်လို့ ခန့်မှန်းနေကြပါတယ်။

နောက်ပြီး ညွန့်ပေါင်းအစိုးရထဲကနေ ခွဲထွက်တာတွေလည်း ရှိလာနိုင်သေးတယ်လို့ ဆိုကြပါတယ်။ ညွန့်ပေါင်း အစိုးရဖွဲ့ စည်းပြီးနောက်ပိုင်း သူ့ရဲ့ ပထမဆုံး မှတ်ချက်ထဲမှာ မစ္စတာ နေတန်ယာဟုက ပါလီမန်အမတ်တွေကို လက်ယာဘက်က မဲတွေနဲ့ တက်လာသူတွေက အတိုက်အခံတွေကို ဆန့်ကျင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

သူ့ရဲ့ တွစ်တာပေါ်မှာ မစ္စတာ နေတန်ယာဟုက အတိုက်အခံဘက်ကို လက်ဝဲသမားတွေနဲ့ အန္တရာယ်ပေးနိုင်သူတွေလို့လည်း ဝေဖန်ထားပါတယ်။ အရင်ကလည်း ဒီအဆိုပြုထားတဲ့ အစိုးရသစ်ဟာ အစ္စရေးနိုင်ငံနဲ့ ပြည်သူတွေကို ဒုက္ခပေးမယ့် ဒီရာစုနှစ်ရဲ့ အကြီးမားဆုံး အလိမ်အညာတွေဆိုပြီး ပြောခဲ့ပါသေးတယ်။





ဓာတ်ပုံ ပုံစာ,

နေတန်ယာဟုကို ဆန့်ကျင်သူတွေ လမ်းပေါ်ထွက် အောင်ပွဲခံကြ

လေ့လာသူတွေကတော့ ပြီးခဲ့တဲ့ မတ်လ ရွေးကောက်ပွဲမှာ လီကွတ်ဒ်ပါတီက မဲအများဆုံး ရခဲ့ပေမယ့် ညွန့်ပေါင်း အစိုးရဖွဲ့ဖို့ မစွမ်းဆောင်နိုင်ခဲ့တဲ့ မစ္စတာ နေတန်ယာဟုဟာ အတိုက်အခံတွေဘက်က လုံလောက်တဲ့ ထောက်ခံမှုမျိုး မရဖို့ လိုက်တားဆီးလိမ့်မယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ ညွန့်ပေါင်းအစိုးရ ဖွဲ့မယ့် သတင်းတွေ ထွက်လာခဲ့ပါတယ်။ Yesh Atid ပါတီရဲ့ ခေါင်းဆောင် Yair Lapid က သမ္မတ Reuven Rivlin ကို ဖုန်းဆက်ပြီး သူတို့ သဘောတူညီချက် ရခဲ့ပြီ ဖြစ်တယ်လို့ အသိပေးခဲ့ပါတယ်။

သူ အစ္စရေး နိုင်ငံသားတွေ အားလုံးကို အလုပ်အကျွေးပြုဖို့၊ အတိုက်အခံတွေကို လေးစားပြီး အစ္စရေး နိုင်ငံအနှံ့က လူမှု အသိုက်အမြုံတွေအကြား ညီညွတ်မှု ရဖို့ ချိတ်ဆက်နိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးစားသွားမယ့် အစိုးရကို ဖွဲ့စည်းသွားမှာ ဖြစ်တယ်လို့ ကတိပြုခဲ့ပါတယ်။

ဒါပေမယ့် Mr Lapid ဟာ ဝန်ကြီးချုပ်အဖြစ် ချက်ချင်း တာဝန်ထမ်းဆောင်ခွင့်ရမှာ မဟုတ်ပါဘူး။ အလှည့်ကျ အစီအစဥ်တရပ်အရ လက်ယာ Yamina ပါတီရဲ့ ခေါင်းဆောင် Naftali Bennett က ဝန်ကြီးချုပ်အဖြစ် ကနဦး တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။ ၂၀၂၃ သြဂုတ်လ ရောက်မှသာ Mr Lapid ကို တာဝန်လွှဲအပ်ပေးမှာ ဖြစ်ပါတယ်။


ဓာတ်ပုံ ရင်းမြစ်,YESH ATID HANDOUT

ဓာတ်ပုံ ပုံစာ,

Yamina ပါတီရဲ့ ခေါင်းဆောင် Naftali Bennett (ဘယ်) နဲ့ Yesh Atid ပါတီခေါင်းဆောင် Yair Lapid တို့ကို သဘောတူညီမှုရအပြီးတွေ့ရစဥ်

အခု ညွန့်ပေါင်းအစိုးရမှာ အစ္စရေး နိုင်ငံရေး လောကက လူပေါင်းစုံ ပါပေမဲ့ မစ္စတာ နေတန်ယာဟုကို ဖယ်ရှားဖို့က လွဲရင် ကျန်တဲ့ အရေးကိစ္စတွေမှာ အမြင် တူညီမှုတွေလည်း သိပ်အများကြီးတော့ မရှိပါဘူး။ ဆယ်စုနှစ်ပေါင်း များစွာ အတွင်း ပထမဆုံး အကြိမ်အဖြစ် Israeli Arab ပါတီလည်း ညွန်ပေါင်းအစိုးရထဲမှာ ပါလာမှာ ဖြစ်ပါတယ်။

အစ္စရေး မီဒီယာတွေမှာလည်း Mr Lapid၊ Mr Bennett နဲ့ Arab Islamist Raam ပါတီရဲ့ ခေါင်းဆောင် Mansour Abbas တို့ ဘယ်လိုမှ ဖြစ်မလာနိုင်ဘူးလို့ ထင်ထားခဲ့ကြတဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးနေကြတဲ့ ပုံကို ဖော်ပြထားကြပါတယ်။

ညွန့်ပေါင်းအဖွဲ့မှာ ဒီ ၃ ပါတီအပြင် နောက်ထပ် ၅ ပါတီလည်းပါဝင်ပါတယ်။ Benny Gantz ဦးဆောင်တဲ့ ဗဟိုသမားတွေရဲ့ Kahol Lavan ပါတီ၊ Avigdor Lieberman ဦးဆောင်တဲ့ ဗဟိုလက်ယာယိမ်းနဲ့ လက်ယာစွန်း အမျိုးသားရေး ဝါဒီတွေရဲ့ Israel Beiteinu ပါတီ၊ Merav Michaeli ဦးဆောင်တဲ့ ဆိုရှယ် ဒီမိုကရက်တွေရဲ့ Labor ပါတီ၊ Gideon Sa'ar ဦးဆောင်တဲ့ ဗဟို လက်ယာနဲ့ လက်ယာသမားတွရဲ့ New Hope ပါတီ နဲ့ Nitzan Horowitz ဦးဆောင်တဲ့ လက်ဝဲနဲ့ ဆိုရှယ် ဒီမိုကရက်တွေ ရဲ့ Meretz ပါတီတို့ ဖြစ်ကြပါတယ်။

တကယ်လို့သာ ညွန့်ပေါင်းအစိုးရ အဖွဲ့ဟာ အမတ် ၁၂၀ ရှိတဲ့ အနက် လုံလောက်တဲ့ ထောက်ခံမှု အများစုကို မရခဲ့ရင် အချိန်အားဖြင့် ၂ နှစ်အတွင်း ပဉ္စမ အကြိမ်မြောက် ရွေးကောက်ပွဲ တခုကျင်းပသွားရဖွယ်ရှိပါတယ်။ အခု ညွန့်ပေါင်းအဖွဲ့မှာ ပါဝင်ကြတဲ့ ၈ ပါတီဟာ အစိုးရ အဖြစ် ရပ်တည်နိုင်ဖို့ အမတ် ၆၁ နေရာရဲ့ ထောက်ခံမဲ ရရှိဖို့ လိုအပ်ပါတယ်။

Memorial Day: Israelis mourn fallen soldiers, terror victims

 Israelis commemorate the 24,213 fallen soldiers and 4,255 victims of terrorism



Bereaved families and political leaders headed to cemeteries across the country on Tuesday morning as Israel marks Memorial Day. 

Israelis commemorate the 24,213 fallen soldiers and 4,255 victims of terrorism. Memorial Day began on Monday evening with a one-minute siren. A second two-minute siren will sound at 11 a.m. on Tuesday, marking the beginning of mourning ceremonies at 52 cemeteries across the county.At 8:30 a.m. a military ceremony began at Mount Herzl in Jerusalem attended by Israel’s Defense Minister Yoav Gallant and Director-General Eyal Zamir. The names of the fallen soldiers will be read at the site throughout the day. Another ceremony at Mount Herzl will start at 1 p.m to commemorate civilian victims of terrorist attacks

.Earlier on Tuesday morning, speaking to army radio, Gallant praised the bereaved families but criticized their calls for government officials not to attend the ceremonies amid the judicial reform turmoil. 

“A reality where we decide to banish public representatives, for one reason or another, because politics have entered this sacred place, is unbearable,” the minister said.

Prime Minister Benjamin Netanyahu also called for unity in a video address to the bereaved families. He noted that Memorial Day “gives us all an important reminder that Israel's independence is not taken for granted.”“On this holy day we remember the sacrifice of the fallen, the terrible pain of the families, and no less than that - our being one people," he said. 

The head of the Shin Bet domestic security agency Ronan Bar spoke at the Memorial Day ceremony at the Shin Bet headquarters, noting that it takes place amid "very difficult disputes at home, the development of new threats from the outside, a sense of the convergence of arenas and the overcoming of challenges."

"And it requires us to be alert, to take initiative, to attack and to excel. In the service, the translation of the phrase 'in their death they ordered us to live' is 'in their death they passed the shift to us'," he saidNetanyahu along with President Isaac Herzog, Knesset Speaker Amir Ohana and Supreme Court President Esther Hayut will attend the main ceremony at Mount Herzl, which will be accompanied by an Air Force flyby. However, many ministers and lawmakers canceled their planned appearances, due to some bereaved families urging them to stay away from the cemeteries fearing political confrontations.

Six Israelis wounded in Jerusalem terror attack, one in serious condition

 'The wounded, who is about 80 years old, is in a serious and unstable condition. Anesthetized and ventilated in the intensive care unit'

One of the victims of yesterday’s terrorist attack in Jerusalem remains in serious and unstable condition, Shaare Zedek hospital said on Tuesday. 

On Monday afternoon a Palestinian rammed a car into a group of pedestrians next to Jerusalem's Mahane Yehuda Market, wounding six people. Four of them were wounded lightly or suffered from anxiety while an elderly man and a woman in her 30s sustained more serious injuries“The wounded woman, about 30 years old, is in a moderately stable condition,” the doctors added. 

The terrorist was identified as 39-year-old Khatem Najma, a father of five from the Beit Safafa neighborhood. He was shot and neutralized by Israeli forces.

The attack took place on Israel’s Memorial Day when the country commemorates fallen soldiers and victims of terror. Speaking at a memorial ceremony in Jerusalem, Prime Minister Benjamin Netanyahu said that “this terrorist attack, in this place, at this time, reminds us that the Land of Israel and the State of Israel are acquired through many trials and tribulations." 





Saturday, April 15, 2023

ယီမင်မှာ အကျဥ်းသားလဲလှယ်မှုစတင် - ဧပြီ ၁၄ရက် ညနေခင်း နိုင်ငံတကာသတင်းများ

 







                   ပြန်လည်လွတ်မြောက်လာတဲ့ အကျဉ်းသား မိသားစုတွေရဲ့ နွေးထွေး ပျော်ရွှင်မှု


ယီမင်နိုင်ငံမှာ ဟူသီသူပုန်တွေနဲ့ အကျဉ်းသား လဲလှယ်မှု စတင်နေပါပြီ။ဟူသီသူပုန်တွေကြား ငြိမ်းချမ်းရေး သဘောတူချက် ရဖို့ ဆော်ဒီအစိုးရ ကျောထောက်နောက်ခံပေးထားတဲ့ ယီမင်အစိုးရက မျှော်လင့်နေပါတယ်။ဟူသီ အကျဉ်းသား တရာကျော်က ယီမင်မြို့တော် ဆန်နာ့ကို လေယာဉ်နဲ့ ထွက်ခွာလာပြီး တချိန်တည်းမှာ ဟူသီလက်ထဲက အကျဉ်းသား ၃၅ ယောက်ကလည်း အစိုးရထိန်းချုပ်ရာ အေဒင်မြို့ကို ခရီးထွက်လာပါပြီ။အပြည်ပြည်ဆိုင်ရာကြက်ခြေနီ အဖွဲ့ကတော့ အကျဉ်းသား ၉၀၀ ဟာ ရာမာဒန် ကာလအတွင်း သူတို့မိသားစုနဲ့ ပြန်လည် ဆုံဆည်းနိုင်တော့မယ်လို့ ပြောပါတယ်။ဒီအချိန်မျိုးကို ကျွန်တော်တို့ စောင့်ဆိုင်းနေတာ ကြာပါပြီ ။ မကြာခင် မိနစ်ပိုင်းအတွင်း အေဒင်က ပထမဆုံးလေယာဉ်နဲ့ ရောက်လာမယ့် ကျွန်တော်တို့ရဲ့ ကလေးတွေကို ဘုရားသခင် ကျေးဇူးကြောင့် ကျွန်တော်တို့ တွေ့ရတော့မှာပါ ၊ ကျွန်တော့်သားက ၂၀၁၈ ကတည်းက ထောင်ကျနေတာလေ။ အခုဆို ၅ နှစ်ရှိပြီ သူ့ကို သတိရလွန်းလို့ တွေ့ချင်လှပါပြီ"လို့ အဗ္ပဒူလာ အယ်လ် ဟာဂျိုရီက ပြောသွားတာပါ။ဆော်ဒီကိုယ်စားလှယ်အဖွဲ့တဖွဲ့ကတော့ ဟူသီသူပုန်တွေနဲ့ ဆွေးနွေးပြီးနောက် ဆန်နာ့မြို့က ထွက်ခွာလာပြီ ဖြစ်ပါတယ်။ရှစ်နှစ်ကြာ ပြည်တွင်းစစ်ပွဲကို အဆုံးသတ်သွားစေနိုင်မယ့် သဘောတူညီချက်တရပ်ရဖို့ နောက်ထပ် ဆွေးနွေးမှုတွေ ထပ်လုပ်ဖို့ လိုနေသေးတယ်လို့ အဲဒီကိုယ်စားလှယ်အဖွဲ့က ပြောပါတယ်။

Monday, April 10, 2023

ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း ပစ်ခတ်မှု အစ္စရေးအမျိုးသမီးနှစ်ဦးသေဆုံး-ဧပြီလ ၇ ရက် ညနေခင်းသတင်းများ

 ၇ ဧပြီ ၂၀၂၃

လက်ဘနွန်တောင်ပိုင်းနဲ့ ဂါဇာဒေသတွေကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့အပြီး နာရီပိုင်းအကြာမှာပဲ အစ္စရေးတို့ ထိန်းချုပ်ထားတဲ့ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းဒေသမှာ ကားတစ်စီး သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး အစ္စရေး အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း နောက်အစ္စရေးအမျိုးသမီးတစ်ဦးလည်း အကြီးအကျယ် ဒဏ်ရာရသွားခဲ့ပါတယ်။

အဲဒီကားကို သေနတ်နဲ့ ပစ်ခတ်ခဲ့သူတွေကို အစ္စရေးတပ်ဖွဲ့တွေက အပူတပြင်း လိုက်လံရှာဖွေနေပါတယ်။

ဟားမာ့စ်လက်နက်ကိုင်အဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ အစ္စရေးတို့က ပြောနေတဲ့ မနေ့ညက လေကြောင်းတိုက်ခိုက်မှုဟာ ၁၇ နှစ်တာကာလအတွင်း လက်ဘနွန်ကနေ ပစ်ခတ်ခဲ့သမျှထဲမှာ အကြီးဆုံးလို့ ဆိုရမယ့် ဒုံးကျည်တိုက်ခိုက်မှုကို တုံ့ပြန်လက်စားချေတဲ့အနေနဲ့ လုပ်ခဲ့တာဖြစ်ပါတယ်။

မနေ့က ဖြစ်ခဲ့တဲ့ အဲဒီဒုံးကျည်တိုက်ခိုက်မှုဟာ ဟားမာ့စ်နဲ့ ဆက်နွှယ်နေတဲ့ လက်နက်ကိုင်တွေရဲ့ လက်ချက်ဖြစ်တယ်လို့ အစ္စရေးတို့က စွပ်စွဲ ပြစ်တင်နေပါတယ်။

အင်အားကြီးမားတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ကတော့ ဒီတိုက်ခိုက်မှုမှာ တိုက်ရိုက်ပါဝင် ပတ်သက်တာမျိုး မရှိပါဘူး။ ဒါပေမဲ့လည်း အကဲခတ်တွေကတော့ လက်ဘနွန်တောင်ပိုင်းကနေ တိုက်ခိုက်မှုမှန်သမျှဟာ သူတို့အဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ မလုပ်နိုင်ဘူးလို့ ပြောနေပါတယ်။