HOME

Monday, April 10, 2023

ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း ပစ်ခတ်မှု အစ္စရေးအမျိုးသမီးနှစ်ဦးသေဆုံး-ဧပြီလ ၇ ရက် ညနေခင်းသတင်းများ

 ၇ ဧပြီ ၂၀၂၃

လက်ဘနွန်တောင်ပိုင်းနဲ့ ဂါဇာဒေသတွေကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့အပြီး နာရီပိုင်းအကြာမှာပဲ အစ္စရေးတို့ ထိန်းချုပ်ထားတဲ့ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းဒေသမှာ ကားတစ်စီး သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး အစ္စရေး အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း နောက်အစ္စရေးအမျိုးသမီးတစ်ဦးလည်း အကြီးအကျယ် ဒဏ်ရာရသွားခဲ့ပါတယ်။

အဲဒီကားကို သေနတ်နဲ့ ပစ်ခတ်ခဲ့သူတွေကို အစ္စရေးတပ်ဖွဲ့တွေက အပူတပြင်း လိုက်လံရှာဖွေနေပါတယ်။

ဟားမာ့စ်လက်နက်ကိုင်အဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ အစ္စရေးတို့က ပြောနေတဲ့ မနေ့ညက လေကြောင်းတိုက်ခိုက်မှုဟာ ၁၇ နှစ်တာကာလအတွင်း လက်ဘနွန်ကနေ ပစ်ခတ်ခဲ့သမျှထဲမှာ အကြီးဆုံးလို့ ဆိုရမယ့် ဒုံးကျည်တိုက်ခိုက်မှုကို တုံ့ပြန်လက်စားချေတဲ့အနေနဲ့ လုပ်ခဲ့တာဖြစ်ပါတယ်။

မနေ့က ဖြစ်ခဲ့တဲ့ အဲဒီဒုံးကျည်တိုက်ခိုက်မှုဟာ ဟားမာ့စ်နဲ့ ဆက်နွှယ်နေတဲ့ လက်နက်ကိုင်တွေရဲ့ လက်ချက်ဖြစ်တယ်လို့ အစ္စရေးတို့က စွပ်စွဲ ပြစ်တင်နေပါတယ်။

အင်အားကြီးမားတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ကတော့ ဒီတိုက်ခိုက်မှုမှာ တိုက်ရိုက်ပါဝင် ပတ်သက်တာမျိုး မရှိပါဘူး။ ဒါပေမဲ့လည်း အကဲခတ်တွေကတော့ လက်ဘနွန်တောင်ပိုင်းကနေ တိုက်ခိုက်မှုမှန်သမျှဟာ သူတို့အဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ မလုပ်နိုင်ဘူးလို့ ပြောနေပါတယ်။



No comments:

Post a Comment