အီရန်အရေး ဆွေးနွေးဖို့ အမေရိကန်ဗိုလ်ချုပ်ကြီး အစ္စရေးရောက်
By ဗွီအိုအေ (မြန်မာဌာန)
အီရန်နိုင်ငံရဲ့ အငြင်းပွားဖွယ် နျူကလီးယားအစီအစဉ်ကို ဘယ်လိုတုံ့ပြန်မယ်ဆိုတာအပေါ် အမေရိကန်စစ်ဘက် ထိပ်တန်း တာဝန်ရှိသူတစ်ဦးနဲ့ အစ္စရေးခေါင်းဆောင်တွေ သောကြာနေ့က တံခါးပိတ်ဆွေးနွေးခဲ့ကြပါတယ်။ အီရန်နိုင်ငံဟာ အဲဒီ နျူကလီးယားအစီအစဉ်ကို အနုမြူဗုံးထုတ်လုပ်ဖို့ အသုံးပြုနေတယ်လို့ နှစ်နိုင်ငံစလုံးက စိုးရိမ်နေတာပါ။














