HOME

Sunday, June 3, 2012

၂၀၂၀ တွင်US လေတပ်ကို အက်ဖ်-၃၅ တိုက်လေယာဉ်ဖြင့် အစားထိုးမည်

(အေအက်ဖ်ပီ) သောင်းညွန့် ဘာသာပြန်သည်။

အတွဲ ၂၉ ၊ အမှတ် ၅၇၁ (၁ - ၇ ၊ ၆ ၊ ၂၀၁၂)

အက်ဖ်၃၅တိုက်လေယာဉ်တစ်စင်း လေယာဉ်တင်သင်္ဘောကြီးပေါ်မှ ပြန်တက်လာစဉ်။
(ဓာတ်ပုံ - အေအက်ဖ်ပီ)
ဝါရှင်တန်- အမေရိကန် လေတပ်၊ ရေတပ်နှင့် မရိန်းတပ်ဖွဲ့မှ တိုက်လေ ယာဉ်အများစုတို့ကို ယခုဆယ်စု အကုန်လောက်တွင် အက်ဖ်-၃၅ အမျိုးအစား တိုက်လေယာဉ်ဖြင့် အစားထိုးသွားမည်ဟု ပင်တဂွန် စစ်ဌာနချုပ်က အစီအစဉ် များရှိနေသည်။
စက်တစ်လုံးတပ် ဤတိုက်လေယာဉ် သည် မျိုးဆက်ငါးဆက်မြောက် တိုက် လေယာဉ်ဖြစ်သည်။
အဆင့်မြင့် ဆော့ဖ်ဝဲများရှိပြီး ရန်သူနယ်မြေပေါ်တွင် ရေဒါကိုကျော်လွှား နိုင်ရန် ဖန်တီး ထားသည်။
အမေရိကန်အစီအစဉ်တွင် အက်ဖ်-၃၅ တိုက်လေယာဉ် ၂,၄၄၃ စင်းကို အမေရိကန်စစ်တပ်အတွက် လျာထား ပြီးနောက် အစင်းပေါင်းရာချီကို ဤ စီမံကိန်း၌ ရင်းနှီးမြှုပ်နှံမှုများပြုလုပ် ထားသည့် နိုင်ငံတကာမှ တွဲဖက် ထုတ်လုပ်သူ ရှစ်ဦးအပြင် ဂျပန်နှင့် အစ္စရေးနိုင်ငံတို့ကလည်း ဤ တိုက်လေ ယာဉ်အား ၀ယ်ယူဦးမည်ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှုတွင်ပါဝင်သည့် ရှစ် နိုင်ငံတို့မှာ ဩစတြေးလျ၊ ဗြိတိန်၊ကနေဒါ၊ ဒိန်းမတ်၊ အီတလီ၊ နယ်သာလန်၊ နော်ဝေ နှင့် တူရကီနိုင်ငံတို့ဖြစ်ကြသည်။
အမေရိကန်လေတပ်အတွက် အက်ဖ်-၃၅ အေ အမျိုးအစားဖြင့် အစားထိုးမည်ဖြစ်ပြီး ဒုတိယအမျိုး အစားဖြစ်သည့် အက်ဖ်-၃၅ စီ သည် လေယာဉ်တင် သင်္ဘောများတွင် အသုံး ပြုမည်ဖြစ်ပြီး တတိယအမျိုးအစား ဖြစ်သည့် အက်ဖ်-၃၅ ဘီသည် လေယာဉ် ပြေးလမ်းမလိုဘဲ ရဟတ်ယာဉ်များ ကဲ့သို့ ရပ်ထားသည့်နေရာမှ အပေါ်သို့ ချက်ချင်း ပျံတက်နိုင်မည်ဖြစ်သည်။
လေယာဉ်ပစ္စည်း အစိတ်အပိုင်း ၈၀ ရာခိုင်နှုန်းတို့ကို အမျိုးအစားသုံးမျိုး စလုံးတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး ယခင် လက်နက်အစီ အစဉ်များထက် ထုတ် လုပ်မှုကုန်ကျစရိတ်များ လျှော့ချရန် ရည်ရွယ်ထားသည်။
၂၀၀၁ ခုနှစ်က လေယာဉ်ထုတ်လုပ် သည့်ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် လော့ဟိဒ်မာတင်အား ကန်ထရိုက်ပေး ခဲ့ပြီးနောက်ပိုင်း ကုန်ကျစရိတ်မှာ နှစ်ဆ တက်ခဲ့ပြီး မူလက ဤတိုက်လေယာဉ် အား လေတပ်၌ တာဝန်ထမ်းဆောင်ရန် ရည်ရွယ်ခဲ့သော်လည်း ဤဆယ်စုနှစ် ကုန်မှ တာဝန်ထမ်းဆောင်နိုင်မည် ဖြစ်သည်။
ဤတိုက်လေယာဉ်သည် ဝေဟင်မှ ဝေဟင်သို့ ပစ်သည့် ဒုံးကျည်နှစ်စင်း ပစ်မှတ်ချိန်ကိုက်ဗုံး နှစ်လုံးနှင့် တောင်ပံ များအောက်၌ ဗုံးလေးလုံး၊ သို့မဟုတ် ဒုံးကျည်များ တပ်ဆင်ထားနိုင်သည်။
ဤတိုက်လေယာဉ်ကို ဝေဟင်၌ ဆီဖြည့်နိုင်မည်ဖြစ်ပြီး နိုင်ငံအတော် များများမှာလည်း အက်ဖ် - ၃၅ အစီအစဉ် အပေါ် စိတ်ဝင်စား လျက်ရှိကြသည်။
လော့ဟိဒ်မာတင်သည် စီမံကိန်း၏ အဓိကကန်ထရိုက် ဖြစ်သော်လည်း ဗြိတိန်နိုင်ငံမှ BAE Systems သည် လေယာဉ်၏နောက်ပိုင်း ကိုယ်ထည်ကို ထုတ်လုပ်မည်ဖြစ်သည်။

No comments:

Post a Comment