HOME

Monday, June 11, 2012

ကမ္ဘာ့ခဲယမ်းမီးကျောက် ကုန်သွယ်မှုသည် ...!

ကမ္ဘာ့ခဲယမ်းမီးကျောက်ရောင်းဝယ်မှု တစ်နှစ်လျှင် ဒေါ်လာ လေးဘီလျံဖြင့် ထိပ်ဆုံးသို့ ရောက်နေ
(အေအက်ဖ်ပီ) ၀င်းသော်တာ ဘာသာပြန်သည်။
အတွဲ ၂၉ ၊ အမှတ် ၅၇၂ (၈ - ၁၄ ၊ ၆ ၊ ၂၀၁၂)
နယူးယော့ခ် - ကမ္ဘာ့ခဲယမ်းမီးကျောက် ကုန်သွယ်မှုသည် ကမ္ဘာ့လက်နက် ကုန်သွယ်မှုထက် ပို၍မြန်ဆန်သောနှုန်းဖြင့် တိုးပွားလာ နေပြီး တစ်နှစ်လျှင် ဒေါ်လာ လေးဘီလျံဖိုး အရောင်းအ၀ယ် ရှိကာ ကုန်သွယ်မှုတွင် ထိပ်ဆုံးသို့ရောက် နေကြောင်း အောက်စ်ဖန် ကူညီ ထောက်ပံ့ရေးဌာနက မေလ ၃၀ ရက် နေ့တွင် ပြောကြားခဲ့သည်။






လက်နက်အရောင်းအ၀ယ်ဆိုင်ရာ သဘောတူစာချုပ်တစ်ရပ်နှင့် ပတ်သက် ပြီး နယူးယော့ခ်မြို့၌ ဆွေးနွေးပွဲ အသစ်တစ်ခု မစတင်မီ ထုတ်ပြန်ခဲ့ သော အောက်စ်ဖန်၏ အစီရင်ခံစာ တွင် တစ်နှစ်တစ်နှစ်လျှင် ကျည်ဆန် ၁၂ ဘီလျံ ထုတ်လုပ်သည်ဟု ခန့်မှန်းရ ကြောင်း ဖော်ပြထားသည်။
"ဒီပမာဏက ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသား၊ အမျိုးသမီး နဲ့ ကလေးတိုင်းနီးပါးလောက်ကို နှစ်ခါ ပြန်သတ်လို့ရအောင် လုံလောက် ပါတယ်" ဟု ထိုအစီရင်ခံစာ၌ ဖော်ပြ ထားသည်။
လက်နက်ငယ်များအတွက် ခဲယမ်း မီးကျောက်ရောင်းဝယ်မှုမှာ ဒေါ်လာ ၄ ဒသမ ၃ ဘီလျံဖိုးရှိပြီး သေနတ်များနှင့် အပေါ့စား လက်နက်များအတွက် ရောင်း ၀ယ်မှုမှာ ဒေါ်လာ ၂ ဒသမ ၆၈ ဘီလျံဖိုး ရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြ ထားသည်။
ဆွေးနွေးညှိနှိုင်းနေသော လက်နက် အရောင်းအ၀ယ်ဆိုင်ရာ သဘောတူ စာချုပ်အပါအ၀င် လက်နက်ခဲယမ်း ရောင်းဝယ်မှုကို ပိုမို ထိန်းချုပ်နိုင်ဖို့ တောင်းဆိုရန်အတွက် အောက်စ်ဖန်က ယင်းအစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
နောက်တစ်ကြိမ် ဆွေးနွေးပွဲ ကို ဇူလိုင်လတွင်ပြုလုပ်ရန် စီစဉ် ထားသည်။ နိုင်ငံအနည်းစုသာလျှင် ခဲယမ်းမီး ကျောက် တင်ပို့ရောင်း ၀ယ်မှုကို ထုတ် ပြန်ကြေညာကြောင်းနှင့် နိုင်ငံတစ်နိုင်ငံ နှင့်တစ်နိုင်ငံ အစိုးရဌာနအချင်းချင်း စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ရန် ခက်ခဲကြောင်း အောက်စ်ဖန်ကပြော ကြားခဲ့သည်။
ဆိုမာလီယာနှင့် အာဖဂန်နစ္စတန် တို့ကဲ့သို့ စစ်ဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရသော နိုင်ငံတို့သို့ တင်ပို့သော မှတ်တမ်းမှတ်ရာ မရှိသည့် ခဲယမ်းမီး ကျောက်များနှင့်ပတ်သက်၍ သတင်း အချက်အလက် ကြီးကြီးမားမား ကွာဟမှု အချို့ကို အောက်စ်ဖန်မှ သုတေသန ပြုသူတို့က ဖော်ထုတ်တွေ့ရှိခဲ့သည်။
၂၀၀၆ ခုနှစ်မှစ၍ လက်နက်တင်ပို့ ရောင်းချမှုကို အများပြည်သူသိအောင် ထုတ်ပြန်ကြေညာသည့် နိုင်ငံမှာ ၃၄ နိုင်ငံ သာရှိပြီး ဗြိတိန်၊ ပြင်သစ်နှင့် အမေ ရိကန်ပြည်ထောင်စုအပါအ၀င် ခဲယမ်း မီးကျောက်တင်ပို့ရောင်းချမှုကို ထုတ် ဖော်ပြောကြားသည့် နိုင်ငံမှာ ၂၈ နိုင်ငံ ရှိသည်။
"သေနတ်တွေက ကျည်ဆန်မရှိရင် အသုံးမ၀င်ပါဘူး။ ကျည်ဆန်တွေက သေနတ်တွေကို သေစေနိုင်တဲ့လက်နက် တွေအဖြစ်ကို ရောက်စေတာပါ" ဟု အောက်စ်ဖန် လက်နက်ထိန်းချုပ်ရေး စည်းရုံး လှုံ့ဆော်သည့် အဖွဲ့မှ ခေါင်းဆောင်ဖြစ်သူ အန်နာ မက်ဒို နယ်လ်က ပြောကြားခဲ့သည်။
"ဒီသဘောတူစာချုပ်မှာ ပါရှိတဲ့ ခဲယမ်းမီးကျောက် ရောင်းဝယ်မှုက တကယ့်ကို အဓိကကျပါတယ်။ ရှေ့ လျှောက်မှာလည်း ပိုမို ကောင်းမွန်တဲ့ ထိန်းချုပ်မှုတွေ လုပ်ဆောင်ဖို့ လိုအပ် ပါတယ်" ဟု မက်ဒိုနယ်လ်က ပြော ကြားခဲ့သည်။
"ခဲယမ်းမီးကျောက်တွေ ရောင်းဝယ် သယ်ဆောင်မှုကို ကမ္ဘာမှာ ထိန်းချုပ် ကန့်သတ်ထားတာ မရှိပါဘူး။ ဒီ ဘီလျံနဲ့ ချီတဲ့ ကျည်ဆန် တွေက ဘယ်နေရာကို ရောက်ရှိသွားလဲဆိုတာကို ခြေရာခံ စုံစမ်းဖို့အတွက် ကမ္ဘာမှာ အစီရင်ခံ တင်ပြတဲ့စနစ်လည်း မရှိပါဘူး။ ဒါကို ပြောင်းလဲပစ်ရမှာ ဖြစ်ပါတယ်" ဟု သူက ဆက်လက်ပြောကြားခဲ့သည်။
ခဲယမ်းမီးကျောက်ရောင်းချမှုကို စာချုပ် သစ်များဖြင့် ထိန်းချုပ်ရမည်ဟု အဆိုပါ အုပ်စုက ဆိုသည်။

No comments:

Post a Comment